အိပ်ငိုက်တဲ့အချိန်ပ်ါမူတည်ပြီး တင်စားခေါ်ဝေါ်တတ်ကြတဲ့ နာမည် ၆ မျိုးအကြောင်း

WAYHOME studio/shutterstock

လူတစ်ယောက်နဲ့တစ်ယောက်နဲ့ဟာ အကျင့်စရိုက်တို့၊ စိတ်နေစိတ်ထားတို့ မတူကြသလိုမျိုးပဲ အိပ်တဲ့အချိန်အခါတွေလည်း ကွာခြားတတ်ကြပါတယ်။ တချို့တွေက ညဖက်စောစောအိပ်ပြီး မနက်ဆိုရင် တကူးတကအားယူထနေစရာမလိုဘဲ ခပ်စောစောနိုးနေတတ်တာတို့၊ တချို့ကျတော့လည်း ညဖက်ဘယ်လောက်ပဲ စောအိပ်အိပ် မနက်ဆို နေ့ခင်းပိုင်းမရောက်တရောက်လောက်မှ နိုးလေ့ရှိတာမျိုး၊ အိပ်ငိုက်တတ်တာမျိုးတို့ပေါ့။ Arcady Putilov ဆိုတဲ့ ပညာရှင်တစ်ယောက်ကတော့ အမျိုးအစား ၆ မျိုးကို ခွဲခြားပေးထားတယ်ဆိုပြီး Personality and Individual Differences ဆိုတဲ့ ဂျာနယ်မှာ လူပေါင်း ၁၃၀၅ ယောက်တို့ကို စမ်းသပ်ဖော်ပြထားတယ်ဆိုပြီး Insider မှာ ဖော်ပြထားပါတယ်။ Arcady Putilov ကတော့ ဒီအမျိုးအစားတွေကို chronotype လို့ သုံးနှုန်းတားတာပါ။

ဒီလိုမတူညီတဲ့ အိပ်ငိုက်ပုံအချိန်အခါနဲ့လိုက်ပြီး လူတွေကို ခေါ်ဝေါ်တတ်တဲ့ နာမည်လေးတွေရှိတတ်ပါတယ်။ အဲဒီ ၆ မျိုးကို ဖော်ပြပေးသွားမျာမလို့ ကိုယ်ကဘယ်နာမည်နဲ့ကိုက်ညီနေလဲဆိုတာ တစ်ချက်လောက် တိုက်ကြည့်လိုက်ကြပါဦးနော်။

READ
ဆက်ဆံရာမှာ ကိုယ့်စိတ်ကို အဆိပ်သင့်စေနိုင်တဲ့ သူတွေဆိုတာ ဒီလိုလူမျိုးတွေပါတဲ့

Morning Lark

အိပ်ပြီးပြန်ထတဲ့အချိန် မနက် ၉ နာရီလောက်ကနေ ၁၁ လောက်အထိ တက်တက်ကြွကြွရှိနေတတ်ပေမယ့်လို့ နေ့လည်နေ့ခင်းတွေမှာ အိပ်ချင်စိတ်တဖြည်းဖြည်းဖြစ်ပေါ်ကာ ညနေရောက်လေ ပိုပင်ပမ်းလေပဲလို့ ခံစားရသူလေးတွေပါ။

pasja1000/pixabay

Afternoone

အိပ်ယာထခါစမနက်ခင်းရော မှောင်ရီတရောအချိန်တွေမှာပါ အိပ်ချင်နေတတ်ပေမယ့် နေ့လည် ၁၁ နာရီနဲ့ ညနေ ၅ နာရီအတွင်းမှာတော့ တက်ကြွတဲ့ကြက်ဖလေးတွေဖြစ်နေတတ်ကြပါတယ်တဲ့။

Pexels/pixabay

Napper

Napper လေးတွေကတော့ မနက်ခင်းတစ်ခင်းလုံးပုံမှန်ဖြစ်ပေမယ့်လို့ နေ့လည် ၁၁ နာရီလောက်ကနေ ၃ နာရီလောက်အထိကတော့ ထမင်းလုံးစီချိန်ဆိုတဲ့အတိုင်း ငိုက်မြည်းတတ်ကြပါတယ်။ ဒါပေမဲ့ ၃ နာရီကျော်လောက်ကနေစပြီး ည ၁၀ နာရီလောက်အထိကို ဒုတိယံမိပြန်လည်တက်တက်ကြွကြွဖြစ်လာကာ တစ်နေ့တာကို ကုန်ဆုံးတတ်ကြပါတယ်။

g3gg0/pixabay

Night Owl

ညဇီးကွက်လေးတွေကတော့ သိကြတဲ့အတိုင်း တစ်နေ့လုံးပင်ပမ်းနွမ်းနယ်ပြီး လေးလေးပင်ပင်နဲ့အိပ်ချင်စိတ်ဖြစ်နေတတ်ပေမယ့်လို့ ညရောက်လာလေ တက်ကြွလေဖြစ်ပြီး မနက် ၂ နာရီပတ်ဝန်းကျင်လောက်မှ အိပ်ပျော်တတ်ကြပါတယ်။

READ
လူတိုင်းသိထားသင့်တဲ့ ခရီးသွားရင်းငွေဝင်နေစေမယ့် ရိုးရှင်းတဲ့အလုပ်အကိုင် (၈) ခု
skeeze/pixabay

Swifts

အကယ်၍ သင်သာ Swifts အမျိုးအစားထဲပါမယ်ဆိုရင်တော့ တော်တော်လေး ကံကောင်းတဲ့လူပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးအစားတွေဟာ မျက်စိနှစ်လုံးပွင့်တာနဲ့ အိပ်ချင်တယ်၊ ပင်ပမ်းတယ်၊ လေးလံထို်င်းမှိုင်းတယ်ရယ်လို့ မရှိတော့ဘဲ အိပ်ရင်လည်း တစ်ချိုးတည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်ကြသူလေးတွေပါ။

ilyessuti/pixabay

Woodcocks

သေချာပါတယ်၊ ဒါဟာ ကျွန်တော်ပါဝင်နေတဲ့အုပ်စုပါပဲ။ ဘာကြောင့်လဲဆိုတော့ woodcocks လေးတွေဟာ အိပ်ရေးဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စ အမြဲတစေကို အိပ်ချင်ချည်းနေကြပါတယ်တဲ့။ ကဲသင်ရော ဘယ်အုပ်စုထဲပါလဲဆိုတာ တစ်ချက်လောက် မျှဝေပေးသွားပါဦးနော်။

skeeze/pixabay

Penny

SHARE