လောင်းကစားကြောင့် ဘဝပျက်ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ နာမည်ကြီးဘောလုံးသမားဟောင်း

[email protected] bendtner

လောင်းကစားဆိုတာ လူတွေအတွက် တစ်ကယ့်ကို မကောင်းတဲ့အရာတစ်ခုပါပဲ။ မကောင်းဘူးဆိုတာ သိပေမယ့်လည်း အဲဒီမကောင်းတာကိုပဲ လုပ်ချင်နေတာ လူတွေရဲ့ မကောင်းတဲ့ စိတ်ဓာတ်ပါပဲ။ လောင်းကစားဟာ ကိုယ်နိုင်နေတဲ့အချိန်မှာ ပျော်နေရပေမယ့် ကိုယ်ရှုံးတဲ့အချိန်မျိုးဆိုရင် မရှုနိုင်မကယ်နိုင်တွေ ဖြစ်တတ်ပါတယ်။ လူတစ်ယောက် လောင်းကစားလုပ်တဲ့အချိန် နိုင်နေရင် သိပ်မသိသာပေမယ့် ကိုယ်ရှုံးတဲ့အချိန် ဒါမှမဟုတ် ကိုယ့်အိတ်ထဲကနေ ပိုက်ဆံထွက်တေ့မယ်ဆိုရင် အရမ်းသိသာပါတယ်။ အခုပြောပြချင်တာကတော့ တစ်ချိန်တုန်းက လောင်းကစားကြောင့် ဘဝပါပျက်သွားခဲ့ရတဲ့ နာမည်ကြီး ဘောလုံးသမားတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးသမားကတော့ တစ်ချိန်က အာဆင်နယ်အသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူးဟောင်း Nicklas Bendtner ပဲ ဖြစ်ကြောင်း Thesun.co.uk  သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Nicklas ဟာ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းမှာလည်း ကစားဖူးခဲ့သလို အီတလီ စီးရီးအေရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းမှာလည်း တိုက်စစ်မှူးတစ်ယောက်အဖြစ် ပါဝင်ကစားခဲ့ဖူးတဲ့ နာမည်ကြီးဘောလုံးသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုနာမည်ကြီးဘောလုံးသမားတစ်ယောက်ရဲ့ ဘဝဟာ တစ်ချိန်ချိန်မှာ လောင်းကားကြောင့် ဘဝပျက်သွားမယ်လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က Nicklas ဟာ နွေရာသီအချိန် မနက် ၃ နာရီလောက်ကြီးအထိ ကာစီနိုဝိုင်းတစ်ခုမှာ တောက်လျှောက်သောက်စားမူးယစ်နေခဲ့ပါတယ်။ ဒီလိုမူးနေတဲ့အချိန်မှာ Nicklas တစ်ယောက်ဟာ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ Casino ဝိုင်းမှာ လောင်းကစားလုပ်ဖို့ပါပဲ။

READ
Billboard မှာ ကိုယ့်တိုင် ကြော်ငြာထည့်ပြီး လက်တွဲဖော်ရှာခဲ့တဲ့ အမျိုးသား

 

 

View this post on Instagram

 

COLD BLOODED 🔥 @adidasfootball #heretocreate #nemeziz

A post shared by Nicklas Bendtner (@bendtner) on

ဒီလိုနဲ့ သူ့ရဲ့ ဘဏ်ကဒ်ထဲမှာ ပိုက်ဆံ သိပ်မရှိတာတောင်မှ credit card ကို အသုံးပြုပြီး လောင်းကစားပြုလုပ်ခဲ့ပါတယ်။ Nicolas တစ်ယောက်ဟာ ၁ နာရီခွဲလောက် လောင်းကစားပြုလုပ်ခဲ့ပြီး အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာတော့ သူဟာ ပေါင် ၄၀၀,၀၀၀ လောက်ရှုံးနေပြီပဲ ဖြစ်ပါတယ်။ ပေါင် ၄ သိန်းဆိုတာ နည်းတာမဟုတ်ပါဘူး။ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင်တောင် သိန်း၇၀၀၀ နီးပါးတန်ဖိုးရှိပါတယ်။

READ
အလုပ်ကူပေးရင် ဘီယာနဲ့ချစ်ကြည်နူးခွင့်တွေပြန်ရမယ့် ခင်ပွန်းအတွက်ဆုပေးစနစ်

 

 

View this post on Instagram

 

⚪️🔵♥️

A post shared by Nicklas Bendtner (@bendtner) on

“ကျွန်တော့်ဘဝမှာ ဒီအချိန်အထိ နောင်တရနေတာ အဲဒီညက အဖြစ်အပျက်တွေပါပဲ။ လူဆိုတာ မကောင်းတာလုပ်ပြီးမှ တစ်ကယ်နောင်တရတဲ့ အမျိုးပါ။ အဲဒီညက ကျွန်တော်သာ အဲဒီ ကာစီနိုကို မရောက်ခဲ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးက ဒီနေ့အထိ ရှိပါသေးတယ်။ ဒါပေမယ့် ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပါပြီ။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်အကြွေးတွေနဲ့ ပတ်ချာလည်နေခဲ့ပြီး နောက်ဆုံး ကျွန်တော့်ဘဝဟာ တော်တော်လေးကို ပျက်သွားခဲ့ရတာပါ”လို့ Nicklas က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE