သားလေးရဲ့ပုံကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့တဲ့ Nicki Minaj

Instagram- @nickiminaj

ကမ္ဘာကျော် ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Nicki Minaj နဲ့ ခင်ပွန်း Kenneth Petty တို့ ဇနီးမောင်နှံကတော့ စိတ်ညစ်စရာ များလွန်းတဲ့ (၂၀၂၀)ခုနှစ်အတွင်းမှာ ရှားရှားပါးပါး ပျော်စရာ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Barbie (@nickiminaj)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကပဲ ကလေးလေးကို မွေးဖွားခဲ့ပါတယ်။ သားယောက်ျားလေးပါတဲ့။ မွေးကတည်းက အခုအချိန်ထိ Nicki တစ်ယောက် သားလေးရဲ့ပုံကို ခြေထောက်လေးကလွဲရင် ဘာမှ မတင်နေခဲ့တာ အားလုံးလည်းသိမှာပါပဲ။ ဒါ့အပြင် မိခင်တစ်ယောက် ဖြစ်ခွင့်ရလို့ ဂုဏ်ယူမဆုံး ဖြစ်နေတဲ့ အကြောင်းကိုလည်း Nicki ဟာ ကလေးမွေးပြီး နောက်ပိုင်း လုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ ၀မ်းသားအားရနဲ့ ဖြေကြားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Barbie (@nickiminaj)


အခုတော့ သားလေးရဲ့ပုံကို ၃ လကျော်အကြာမှာပဲ ပထမဆုံးအကြိမ်အနေနဲ့ ပရိသတ်သတ်ကြီးကို ထုတ်ပြခဲ့ပါတယ်။ သားလေးကို ချစ်စနိုးနဲ့ Papa Bear လို့ ခေါ်နေတာပါတဲ့လေ။ ကလေးလေးကတော့ ဆံပင်ကောက်ကောက်၊ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းနေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Barbie (@nickiminaj)

ကလေးလေးက သေချာကြည့်မယ်ဆိုရင် Nicki ထက် သူ့အမျိုးသားနဲ့ ပိုပြီးတူနေသလိုတောင် ဖြစ်နေခဲ့ပါတယ်။ ပုံလေးနဲ့တကွ Nicki ကနေပြီး သူ့ကို ကလေးလေးရဲ့မေမေဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်ပြီး ပရိတ်သတ်ကြီးကိုလည်း ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ နောက်ပြီးတော့ သူ့ရဲ့ အတက်အကျတွေအားလုံးမှာ နားလည်မှုရှိရှိနဲ့ ဝိုင်းပြီး support ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်လို့ ရေးထားပါသေးတယ်။

READ
ထရမ့်ပိုင်ဆိုင်တဲ့ နန်းတော်တမျှ ခမ်းနားတဲ့ အဆောက်အအုံကြီးများ

ဒါလေးကတော့ Twitter က ဗီဒီယိုလေးပါ။

 

penny

SHARE