“Vogue Japan ” အတွက် ညှို့အားပြင်းဓါတ်ပုံတွေ ရိုက်ကူးပေးခဲ့တဲ့ Nicki Minaj

Nicki Minaj ကတော့ နာမည်ကြီးအမေရိကန်ရက်ပ်အဆိုတော် တစ်ယောက်ပါ။သူမကတော့ အဆိုတော်၊တေးရေး၊ မင်းသမီး မော်ဒယ် တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။နာမည်ရင်းကတော့ Onika Tanya Maraj ဖြစ်ပြီး Nicki Minaj လို့ လူသိများပါတယ်။အဆိုကောင်း Performance ကောင်းတဲ့ သူမဟာ အမိုက်စား အချိုးအစား ကြောင့် လည်း နာမည်ကြီးပါတယ်။Nicki Minaj  ကတော့ “Vogue Japan ” အတွက် အမိုက်စားဓါတ်ပုံတွေ ရိုက်ကူး ပေးခဲ့ ပါတယ်။

pinterest
pinterest

Nicki Minaj ကတော့သူမရဲ့ အမိုက်စားပုံတွေကို ဒီဇင်ဘာ (၂၀) ရက်နေ့က ထုတ်ပြ ခဲ့ပါတယ်။သူမရဲ့ အမိုက်စား ပုံ တွေကိုတော့ (၂၀၁၉) ဖေဖော်ဝါရီလထုတ် Vogue Japan မဂ္ဂဇင်းမှာ တွေ့ရမှာပါ။အသက် (၃၆)နှစ်ရှိနေပြီဖြစ် တဲ့ Nicki Minaj ကတော့ သူမရဲ့ ဓါတ်ပုံရိုက်ကွင်းက ပုံတွေကို IG မှာ ဆက်တိုက်တင်ပေးနေပါတယ်။ပုံတစ်ပုံ မှာတော့ သူမက အဖြူရောင်အပေါ်ထပ်၊အ၀ါရောင်လက်သည်းနီနဲ့ အပြတ်လန်းနေတဲ့ ပုံကို တင်ထားပါတယ်။အနီရောင် ကုတ် အကျီင်္ကို တော့ ၀တ်မထားပဲ တစ်ဝက်တစ်ပျက်ချွတ်ထားပါတယ်။

READ
Busan ASEAN Film Week မှာ "မီ" ပြသခွင့်ရလို့ ခင်ပွန်းအတွက် ဂုဏ်ယူနေတဲ့ သုသု

နောက်ထပ်ပုံတွေ မှာတော့အစိမ်းရောင် mini dress  ကို ၀တ်ဆင်ထားပြီး သူမရဲ့ ဘေးမှာလည်း အမျိုးသား၊အမျိုး သမီး တွေခြံရံထားပါတယ်။နောက်ဆုံးတင်ထားတဲ့ Post တွေမှာတော့ Keithly Anderson ဆိုတဲ့ အမျိုးသား မော်ဒယ် နဲ့ အတူရိုက်ကူးထားတာပါ။အမျိုးသားမော်ဒယ်ကတော့ အပေါ်ပိုင်းဗလာကျင်းထားပါတယ်။နှစ်ယောက် ပေါင်း ပြီး Sexy ကျကျ ပုံတွေ ရိုက်ကူးခဲ့တာပါ။

Source billboard.

SHARE