လက်မှတ်တွေ ရောင်းမကုန်ဖြစ်နေရှာတဲ့ Nicki Minaj

ရက်ပ်ပါအဆိုတော်မလေး Nicki Minaj ကတော့ သူမရဲ့  22-Date Tour ရဲ့ လက်မှတ်တွေကို အကုန်ေ ရာင်းရရေး အတွက် ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။သူမရဲ့ Tour ကိုတော့ (၂၀၁၉) ဖေဖော်ဝါရီ ကျရင် ဂျာမနီ နိုင်ငံ Munich မြို့မှာ ကျင်းပပြုလုပ်မှာပါ။လက်မှတ်အရောင်းသွက်အောင်လို့ အရောင်းမြှင့်တင်တဲ့ အနေနဲ့ Nicki Minaj  တစ်ယောက် MTV’s EMA ပွဲကို တက်ရောက်ခဲ့ပေမယ့် လည်း လက်မှတ်တွေက အခုထိ ရောင်းမကုန်ဖြစ် နေတုန်းပါ။

pinterest
pinterest

သူမရဲ့ ဖျော်ဖြေပွဲ Tour အကြောင်းကိုတော့ ဇွန်လတည်းက ကြေညာခဲ့တာပါ။ဒါပေမယ့်လည်း အခု ထိ single date  လက်မှတ်တွေ တောင်မှ အကုန်ကုန်အောင်ရောင်းမထွက်သေးပါဘူး။MTV European Music Awards  မှာ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် အမိုက်စား Performance တွေနဲ့ တင်ဆက် ဖျော်ဖြေခဲ့ပေမယ့်ပြီး လက်မှတ်တွေ ရောင်းထွက်အောင်ဆွဲဆောင်ခဲ့ပေမယ့် လည်း အချည်းအနှီးပါ။ အတွင်းလူတစ်ယောက်ရဲ့ အပြော အရ ဆိုရင်တော့ Nicki က ဒီဂီတလောမှာနာမည်ကြီးတစ်ယောက်ပါ..ဒါပေမယ့်လည်း သူမရဲ့ ဂီတထက် သူမရဲ့ အြေ ပာအဆိုနဲ့ အပြုအမူလုပ်ရပ်တွေကြောင့် ပိုပြီးလူသိများခဲ့တာပါ လို့ ပြောခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ Cardi B နဲ့ ရန်ပွဲကြောင့် လူတွေက သူမကို ချဉ်သွားပြီး ဒါကလည်း လက်မှတ်ရောင်းမထွက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင် နေတယ်လို့ သိရပါတယ်။

READ
ပုရိသတွေ ရွေးချယ်ထားတဲ့ " Flat " ဖြစ်နေပေမယ့်Sexy ကျနေတဲ့ ဆယ်လီများ
pinterest
pinterest

အခုချိန်ထိကို လက်မှတ်ထောင်ပေါင်းများစွာ ရောင်းမထွက်သေးပဲ ကျန်နေစဲပါ။Nicki Minaj  ကတော့ သူမရဲ့ အမေ ရိကန် Tour Date ကိုတော့ သူမရဲ့ အယ်ဘမ် အသင့်မဖြစ်သေးလို့ ဒီနှစ်အစောပိုင်းသို့  ရွှေ့ဆိုင်းလိုက်ပါပြီ။ လက် မှတ်တွေ ရောင်းမထွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Nicki ရဲ့ ကိုယ်စားလှယ်ကို မေးတဲ့ အခါ မှာတော့ ဘာကိုမှ တုံ့ပြန် ပြော ဆိုခြင်းမရှိသေးပါဘူး။မကြာခင်မှာကျင်းပမယ့် သူမရဲ့ Tour ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Queen အယ်ဘမ် အပြီး သူမရဲ့ ပထမဆုံး UK Tour ပါ။queen album ကတော့ သူမရဲ့ (၄)ခုမြောက် တစ်ကိုယ်တော် အယ်ဘမ် ပါ။EMAs ပွဲမှာ Little Mix အဖွဲ့နဲ့ တွဲပြီး Women Like Me ကို တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။Europe Music Awards ပွဲမှာတော့ Nicki Minaj က “Best Hip Hop” နဲ့  “Best Look,” ဆု တို့ကို ရခဲ့ပါတယ်။

READ
ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ မထက်
pinterest
pinterest

Source Dailymail

SHARE