လက်ထပ်ပြီး (၄)ရက်အကြာမှာပဲ ဇနီးအသစ်စက်စက်နဲ့ ကွာရှင်းလိုက်တဲ့ နီကိုးလပ်စ် ကေ့ခ်ျ

မင်းသားကြီး နီကိုးလပ်စ်ကေ့ခ်ျဟာ သူရဲ့အသက်ထက်အများကြီးငယ်တဲ့ ဇနီးသစ် မိတ်ကပ်ဖန်တီးရှင် အီရီကာနဲ့ ကွာရှင်းလိုက်တယ်လို့ သိရပါတယ်။

အသက် (၅၅) နှစ်ရွယ် နာမည်ကြီး မင်းသားကြီးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၇.၃.၂၀၁၉)က လတ်(စ်) ဗီးဂတ်စ်မြို့ Clark ကောင်တီ တရားရုံးမှာ ရေးထိုးခဲ့တဲ့ လက်ထပ်ထိမ်းမြားခြင်း စာချုက်ကို ဖျက်သိမ်းဖို့ သွားရောက်ခဲ့ပါတယ်။။ သူတို့ လက်ထပ်ပြီးတာ ၄ ရက်ပဲ ရှိပါသေးတယ်။

backgrid

ကေ့ခ်ျဘက်ကလည်း လက်ထပ်စာချုပ် ဖျက်သိမ်းဖို့ အဆင်မပြေရင် ကွာရှင်းပေးဖို့ တောင်းဆိုထားကြောင်း တရားရုံးရဲ့ မှတ်တမ်းများက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့(၂၃.၃.၂၀၁၉)ကမှ တရားဝင် လတ်မှတ်ထိုးပြီး မင်္ဂလာပွဲကို  အကျဉ်းချုံး ကျင်းပခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က ပြီးခဲ့နှစ် ဧပြီလကတည်းက တွဲခဲ့ကြတာဖြစ်ပြီး တစ်နှစ်နီးပါ အကြာမှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။

READ
အရုပ်မလေးတစ်ရုပ်အလား ချစ်စရာကောင်းလွန်းနေတဲ့ နွယ်နွယ်ထွန်း

ကြားသိရသလောက်တော့ အရင်ရည်းစား၊ လက်ရှိဇနီးမယား အီရီကာဟာ မူးယစ်ဆေး သုံးစွဲသူတစ်ဦးပါ။ လက်ထပ်တဲ့နေ့မှာတော့ ကေ့ခ်ျကော အီရီကာပါ ပုံမှန်အနေအထား မဟုတ်ပဲ မူးနေကျပြီး အီရီကာက သူ့ဆီက ငွေတွေကို ယူဖို့ကြံနေတယ်လို့ တရားရုံမှာလည်း တစ်ချိန်လုံးအော်ဟစ်နေခဲ့တယ်လို့ သိရတယ်။

twitter

ကေ့ခ်ျက အရင် အိမ်ထောင် ၃ ဆက်ပြုဖူးသူဖြစ်ပါတယ်။ ပထမဆုံး အိမ်ထောင် ပက်ထရစ်ရှာနဲ့ ၁၉၉၅ ကနေ ၂၀၀၁ ခုနှစ်က အထိ၊ လီဆာမာရီ ပရက်စ်လေနဲ့ ၂၀၀၂ ကနေ ၂၀၀၄ ခုနှစ်အထိ၊ သုံးယောက်မြောက်ဖြစ်တဲ့ အဲလစ် ကင်မ်နဲ့ ၂၀၀၄ ကနေ ၂၀၁၆ ခုနှစ်အထိ ပေါင်းသင်းခဲ့ဖူးပါတယ်။

အဲလစ် ကင်မ်နဲ့ (၁၃) နှစ်အရွယ် ကယ် အယ်လ် လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိတယ်၊ နောက် ရည်းစားဟောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး ခရစ်တီနာ ဖူလ်တန်နဲ့လည်း သားတစ်ယောက်ရဖူးပြီး အသက် (၂၈) နှစ်အရွယ်တောင် ရောက်နေပြီလို့ သိရပါတယ်။

READ
သားမက်လောင်း Nick Jonas အပေါ် Priyanka Chopra မေမေရဲ့ အမြင်

 

Ref: ETOnline

Matthew (ShweMOM)
SHARE