ရုပ်ရှင်ဇာတ်ကောင် Nicolas Cage နေရာမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ့် Nicolas Cage

instagram/insta.cage

Lionsgate ဟာ HBO Max ၊ Paramount စတဲ့ ဖျော်ဖြေရေးကုမ္ပဏီကြီးတွေကို အလဲထိုးပြီး The Unbearable Weight of Massive Talent ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ၄င်းရုပ်ရှင်ဇာတ်ကားထဲမှာတော့ ၀ါရင့်ရုပ်ရှင်မင်းသားကြီး  Nicolas Cage ကို ပါဝင်သရုပ်ဆောင်ခိုင်းဖို့ လျာထားပြီး ၄င်းဟာ ရုပ်ရှင်ထဲက ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ဇာတ်ကောင် Nicolas Cage နေရာမှာ ကိုယ်တိုင် သရုပ်ဆောင်ရမှာဖြစ်ကြောင်း hollywoodreporter အရ သိရပါတယ်။

The Unbearable Weight of Massive Talent ရဲ့ ရုပ်ရှင်ဇာတ်လမ်းကိုတော့ Tom Gormican နဲ့ Kevin Etten တို့က ဇာတ်ညွှန်းရေးဆွဲထားကြပါတယ်။ Nicolas Cage ဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အချိန်လည်း ဖြစ်တဲ့အတွက် အခုရိုက်ကူးမယ့် ရုပ်ရှင်ထဲပါဝင်ဖို့ တော်တော်လေးစိတ်ပါဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Cage ဟာ (၁၉၉၀) ခုနှစ်များဆီက စတားတစ်ဦးဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းတော့ ခပ်ချာချာဇာတ်ကားတွေပဲ ရိုက်ကူးလာရတာ များနေပြီဆိုပြီး သူ့ကိုယ်သူလည်း အားမလိုအားမရ ဖြစ်နေခဲ့တာ ကြာနေပါပြီ။

READ
ည(၁၂)နာရီအတိမှာ ရင်ခုန်အောင် လုပ်သွားတဲ့သူကို သိချင်နေတဲ့ နွယ်နွယ်ထွန်း

Cage ရဲ့ ဇာတ်ကောင်ကတော့ သူဟာ အကြွေးတွေတောင်ပုံယာပုံ ဖြစ်နေတဲ့အချိန်မှာ မက္ကစီကန်ဘီလျံနာတစ်ယောက်ရဲ့ မွေးနေ့ပွဲကို သွားဖြစ်ခဲ့ပါတယ်။ ၄င်း ဘီလျံနာဟာ Cage ရဲ့ပရိသတ်တစ်ယောက် ဖြစ်နေခဲ့ပြီး Cage ကို သူ တိတ်တဆိတ် အလုပ်,လုပ်နေတဲ့ အလုပ်အကြောင်းကို ပြောပြခဲ့ပါတယ်။

Cage ဟာ ၄င်းဘီလျံနာနဲ့ အတော်ကြီး ခင်မင်ရင်းနှီးသွားပြီးတဲ့နောက် CIA က Cage ကို ၄င်းဘီလျံနာဟာ မူးယစ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ထိုသူဟာ မက္ကစီကန်ု သမ္မတလောင်းရဲ့ သမီးကိုလည်း ပြန်ပေးဆွဲထားကြောင်း CIA က ရှင်းပြခဲ့ပြီး Cage ကို အမေရိကန်အစိုးရက အထူးအေးဂျင့်အဖြစ်နဲ့ အလုပ်အပ်ခဲ့ပါတယ်။ နောက်ပိုင်း မူးယစ်ဘီလျံနာဟာ Cage ရဲ့ သမီးဖြစ်သူနဲ့ ဇနီးဟောင်းကို Cage ဆီ ခေါ်လာပြီးတဲ့နောက် သူတို့တစ်မိသားစုလုံး အသက်အန္တရာယ်ရှိနေပြီကို သိရတဲ့အခါ Cage အနေနဲ့ ဘယ်လိုစွန့်စားမှုတွေ ပြုလုပ်မလဲဆိုတာ ကြည့်ရမယ့် စိတ်ဝင်စားဖွယ် ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။

The Unbearable Weight of Massive Talent ဟာ Cage ရဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Leaving Las Vegas ၊ Face-off နဲ့ Gone in 60 Seconds စတဲ့ ရုပ်ရှင်တွေထဲက ဇာတ်ကွက်တွေနဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ Cage အနေနဲ့ကတော့ ယခုရုပ်ရှင်ဟာ ရလဒ်ကောင်းသွားခဲ့ရင် သူ့ရဲ့ အနုပညာကြေးဟာ အများကြီး တန်ဖိုးပြန်မြှင့်လာမှာကို သိတဲ့အတွက် ရိုက်ကူးဖို့ အထူးစိတ်အားထက်သန်နေကြောင်းလည်း သိရပါတယ်။

READ
ဆီနီဂေါမှာမြေတွေဝယ်ပြီး ဒီဂျစ်တယ်ငွေကြေးသုံးစနစ်နဲ့ မြို့တည်ထောင်မယ့် ရက်ပါ Akon

လင်းလင်း (ShweMom)

SHARE