X Factor ပွဲမှာ ဖျော်ဖြေတာ sexy ဖြစ်လွန်းတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Nicole Scherzinger

YouTube/XFactor

X Factor ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ Nicole Scherzinger ကတော့ သူမရဲ့အဖွဲ့ဖြစ်တဲ့ Pussycat dollsအဖွဲနဲ့အတူ X Factorမှာ ဖျော်ဖြေတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တချို့ကတော့ Nicoleရဲ့ ဖျော်ဖြေမှုဟာ ဒီအစီအစဉ်နဲ့ မလိုက်ဖက်ဖူးလို့ခံစားရကြောင်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။ Nicoleအနေနဲ့လည်း သူမရဲ့အဖွဲ့နဲ့အတူဖျော်ဖြေမှုတွေ မလုပ်တာဆ

သူတို့အဖွဲ့ဟာ သီချင်းဖျော်ဖြေနေတဲ့အချိန်အတောအတွင်း ဇာပါးပါးလေးတွေနဲ့ သားရေအင်္ကျီကို အပေါ်ပိုင်းတစ်ဝက်သာဝတ်ဆင်ခဲ့ပါတယ်။ သီချင်းရဲ့ အဆုံးသတ်ခါနီးမှာလည်း ရေထဲမှာ ကိုယ်တစ်ပိုင်းစိမ်ပြီး ကနေတဲ့ပုံစံနဲ့ အဆုံးသတ်သွားပါတယ်။

အချို့ပရိသတ်တွေကတော့ သူတို့အဖွဲ့အတူတူပြန်ဖျော်ဖြေတာကို ကြိုက်နှစ်သက်သလို အချို့ကလည်း ဒီပုံစံနဲ့ဖျော်ဖြေသွားတာ အရမ်းစိတ်ပျက်ဖို့ကောင်းပြီး ကလေးတွေကြည့်ရှု့ဖို့တောင် လုံးဝမသင့်တော်ကြောင်း အပြင်းအထန်ရှုံချခဲ့ပါတယ်။ 

ပရိတ်သတ်တစ်ယောက်ကလည်း ” လွန်ခဲ့တဲ့ ဒီဇင်ဘာ၁ရက်နေ့ညမှာ လန်ဒန်မြောက်ပိုင်းမှာ ပေါက်ကွဲသံတစ်ခုကြားလိုက်သလိုပဲ။ကျွန်တော်အထင်တော့ Pussycat dollsတွေရဲ့ ဖျော်ဖြေမှုအကြမ်းစားတွေကြောင့် ကမ္ဘာမြေကြီးရဲ့ တုံ့ပြန်မှုတွေလားမသိဘူးဗျာ”လို့ သူရဲ့ အကောင့်မှာ Nicole Scherzinger တို့ အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ပတ်သတ်ပြီး နောက်ပြောင်ရေးသားခဲ့တာဖြစ်ပါတယ်။

 

Nicole Scherzinger တို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေကို အချို့က အဖော်အချွတ်မယ်တွေနဲ့တူတယ်လို့ ဝေဖန်နေကြပြီး အချို့ကတော့ သူတို့အကုန်လုံးဟာ အရွယ်ရောက်ပြီးသား မိန်းကလေးတွေဖြစ်တာကြောင့် သူတို့ကြိုက်တာ သူတို့ဝတ်နိုင်ကြောင်း Nicole ဘက်မှာ ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ 

 

READ
သြစတျေးလျားမှာ အမိုက်စား ဓါတ်ပုံတွေ ရိုက်ခဲ့တဲ့ ချမ်းချမ်း

Pyi Hein Kyaw

SHARE