Living Memes ဖြစ်နေတဲ့ ကောင်မလေး Nicole TV ရဲ့ အကြောင်း

Facebook- Nicole Tv

အထူးသဖြင့် Facebook မှာပေါ့။ သူမရဲ့ နာမည်၊ သူမဟာ ဘယ်သူလဲဆိုတာ မသိကြပေမယ့်လို့ သူမရဲ့ ပုံတွေကိုတော့ အားလုံး ရင်းနှီးထားလောက်ကြမှာပါ။ ဒီတော့ သက်ရှိထင်ရှား meme အဖြစ် တည်ရှိနေတဲ့ သူမဟာ ဘယ်သူလဲဆိုတာ ရှာဖွေကြည့်လိုက်ရအောင်လား။

Posted by Nicole Tv on Monday, November 25, 2019

သူမရဲ့နာမည်ကတော့ Kayla Nicole Jones ပါတဲ့။ ဒါပေမဲ့ သူမကို Nicole Tv လို့ပဲ လူသိများခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Nicole Tv ဟာ သူမရဲ့ YouTube Channel ရဲ့ နာမည်ပါ။ Nicole ဟာ YouTube မှာ subscribers ပေါင်း ၄.၂ သန်းလောက် ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဒီအပြင် Facebook မှာလည်း follower ပေါင်း သောင်းနဲ့ချီကို ရှိနေခဲ့တာပါ။

 

YouTube channel ကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ထားပေမယ့်လို့ ပထမဆုံးသော ဗီဒီယိုဖြစ်တဲ့ “When someone has an ugly baby” ကိုတော့ ၂၀၁၅ ခုနှစ်မှ တင်ခဲ့တာပဲဖြစပ်ါတယ်။ Nicole ရဲ့ အအောင်မြင်ဆုံးသော ဗီဒီယိုကို ပြပါဆိုရင်တော့ ၂၀၁၅ ခုနှစ် မေလ တုန်းက တင်ခဲ့တဲ့ “How to be on FLEEK” ဆိုတဲ့ ဗီဒီယိုပါပဲ။

Posted by Nicole Tv on Thursday, September 26, 2019

သူမဟာ ဗီဒီယိုတွေထဲမှာ ဟာသဆန်ဆန်ပြုမူပုံတွေကြောင့် ကျော်ကြားပြီးတော့ တခြားသော make up tutorials တွေ၊ ပုံဆွဲပြတာတွေနဲ့လည်း အောင်မြင်နေပါသေးတယ်။

READ
နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူတွေအများကြီးရှိနေပြီဖြစ်တဲ့ မိုးဟေကိုရဲ့အကယ်ဒမီပွဲတက်ဗီဒီယို

သူမဟာ Alabama ရဲ့ Montgomery ဇာတိဖြစ်ပြီးတော့ Vestavia Hills ကို ပြောင်းရွှေ့နေထိုင်ခဲ့တပါတယ်။ အသက်ကတော့ ၂၀၀၁ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် ၁၉ နှစ်သာရှိပါသေးတယ်။ မကြာသေးခင်ကမှ ရက်ပ်ပါတစ်ဦးနဲ့ အချစ်ရေးအဆုံးသတ်သွားခဲ့ကာ အခုအချိန်မှာတော့ စင်ဂယ်အဖြစ် ရှိနေပါသေးတယ်။

penny

SHARE