Follower (၂) သန်းကျော်နဲ့ Influencer ၊ ဒေါ်လာသန်း (၃၀၀)ကျော် လိမ်လည်မှုနဲ့ အဖမ်းခံရ

Instagram- @hushpappi

“Don’t judge book by its cover” ဆိုသလိုမျိုးပဲ လူတစ်ယောက်ကို သူ့ရဲ့အပေါ်ယံပုံစံကြည့်ပြီးတော့ ဘယ်လိုမှ ဆုံးဖြတ်လို့မရပါဘူး။ ဒါကို နိုက်ဂျီးယားမှ social influencer တစ်ဦးက သက်သေသွားပြခဲ့ပါတယ်။

Hushpuppi ဆိုတဲ့နာမည်နဲ့ social influencer အဖြစ် ရပ်တည်နေခဲ့တဲ့ Mr. Abbas ဟာ သူ့ရဲ့ Instagram မှာ ကိုယ်ပိုင် ဂျက်လေယာဉ်တွေ၊ ဇိမ်ခံခရီးစဉ်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ လူနေမှုဘဝအဖြစ် လူတိုင်းကို မြင်စေနေခဲ့ပါတယ်။ ဒီလို ပုံစံတွေကို ပြသပြီး Abbas အနေနဲ့ ပရိတ်သတ်တွေဆီကနေ ငွေကြေးလိမ်လည်မှုတွေပြုလုပ်ခဲ့ပါတယ်။

Instagram- @hushpappi

သူအခုလိုချမ်းသာတာတွေဟာ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံလို့ဖြစ်တယ်လို့ လူတွေကို ပြောပြခဲ့ပြီး သူ့လိုမျိုး ဝင်ငွေကောင်းချင်ရင် အဲဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပါဆိုပြီး website မှာ ကြေငြာခဲ့ပါတယ်။

READ
မကောင်းဆိုးဝါးဝိဉာဉ် သောင်းချီရှိတယ်လို့ ယူဆရတဲ့ အီတလီ-နက်ပ်လက်စ်မြို့က သင်္ချိုင်းကြီး

ဒါပေမဲ့ တကယ်တမ်းတော့ အဲဒီ website တွေဟာ ကုမ္ကဏီအတုအယောင်တွေဖြစ်နေပြီ အားလုံးကို Abbas မှ ဖန်တီးထားခဲ့တာပါ။ လူတွေက သူ့ကိုယုံက်ြည်ပြီး ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံတွေလည်းလွှဲလိုက်ရော အဲဒီပိုက်ဆံတွေဟာ Abbas ရဲ့ဘဏ်အကောင့်ထဲကိုပဲရောက်သွားပါတော့တယ်။ သူလိမ်လည်တဲ့ တိုင်းပြည်တွေကတော့ ဥရောပတစ်ဝှက်ကလူတွေ ပိုများလို့နေတာပါ။

Instagram- @hushpappi
Instagram- @hushpappi

နောက်ပိုင်း လိမ်လည်မှုတွေ ပိုပိုများလာခဲ့ပြီးနောက် ဒေါ်လာ သန်း ၃၅၀ တောင်ရှိသွားခဲ့ပြီး Abbas ကို တိုင်တဲ့သူတွေအပြင် နိုက်ဂျီးရီးယားသက်ဆိုင်ရာတွေကတောင် သတိထားမိလာကာ နောက်ဆုံးမှာတော့ ဝရမ်းထုတ်ပြီး ဖမ်းဆီးရတဲ့အဖြစ်ထိ ရောက်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဒူဘိုင်းမှာ အပမ်းဖြေနေတဲ့ Abbas ကို ခြေရာခံခဲ့မိတဲ့အတွက် ဒူဘိုင်းအစိုးရနဲ့ပူးပေါင်းကာ ဖမ်းဆီးခဲ့ပါတော့တယ်။ ဖမ်းဆီးမိတဲ့အခါ လက်ထဲမှာလည်း ဒေါ်လာ သန်း ၃၀ လောက်ကိုပါ ရှာတေခွဲခဲ့ပါတယ်တဲ့။

Instagram- @hushpappi

Penny

SHARE