ဟောလိဝုဒ်ကို အလည်လာဖို့တောင် ဖိတ်ခေါ်ခံနေရတဲ့ နိုင်ဂျီးရီးယားနိုင်ငံက လူငယ်(၃)ဦး

[email protected]

Nigeria နိုင်ငံက ကလေးတစ်အုပ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံပြီး ရိုက်ထားရတဲ့ ဇာတ်ကားရဲ့ Trailer ကို အိမ်မှာရှိတဲ့ ပစ္စည်းပေါင်းမြောက်မြားစွာနဲ့ ပြုလုပ်ပြီး တစ်ထပ်တည်း လိုက်လံရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အခု ဆိုရှယ်မီဒီယာပေါ်မှာ တော်တောမလေးကို ခေတ်စားနေပါတယ်။ အခုလည်း  Nigeria ကလေးတွေကို Hollywood သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်း CNN  သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ikorodu bois လို့ အမည်ရတဲ့ ကလေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၇.၁.၂၀၂၀)တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုကတော့ Russo Brothers ညီနောင်နှစ်ယောက် ထုတ်လုပ်ဖန်တီးထားပြီး  Netflix မှာ ပြသခဲ့တဲ့ “Extraction” လို့အမည်ရတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Russo Brothers ဆိုတာကလည်း Marvel Studio က ထုတ်လုပ်တဲ့ Captain America : Civil War ၊ Avengers: Infinity War ၊ Avengers: End Game  တို့လို ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာညီနောင်ပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း ကလေးတွေသရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ “Extraction” ဇာတ်ကား Trailer ကတော့ တော်တော်လေးကို လက်ရာမြောက်ပါတယ်။ အိမ်ထဲမှာ ရှိအရာတွေနဲ့ပဲ အဆင်ပြေသလို ရိုက်ကူးခဲ့ပေမယ့် တီထွင်စဉ်းစားဥာဏ်ရှိပြီး သရုပ်ဆောင်တော်တဲ့ ကလေးတွေကတော့ တစ်ကယ့်ကို ချီးကျူးစရာပါပဲ။ ဒါ့ကြောင့်လည်း Russo Brothers တွေကိုယ်တိုင်က အဆိုပါဗီဒီယိုကို သူတို့ရဲ့ Twitter အကောင့်မှ share ခဲ့ပြီး အဆိုပါဇာတ်ကားကို Extraction 2 အနေနဲ့ ရိုက်ကူးဖြစ်ခဲ့ပါက ဇာတ်လမ်း promotion ပွဲကျရင် အဆိုပါကလေးတွေကို ဖိတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
"အနာဂတ်ရဲ့သားကောင်းရတနာ"လို့ ဒေါ်နယ်ထရမ့်ချီးကျူးလိုက်တဲ့မြက်ရိတ်သမားလေး
[email protected]

“ဒီလိုနာမည်ကြီးဒါရိုက်တာတွေဆီက အသိအမှတ်အပြုခံရတော့ ကျွန်တော်တို့ အကုန်လုံး ပျော်ပါတယ်။ တော်တော်ကြိုးစားချင်စိတ်လည်း ဖြစ်စေပါတယ်။ ကျွန်တော်တို့ တစ်သက်လုံးစောင့်မျှော်နေရတဲ့ စကားက ဒီလိုဝါရင့်သမ္ဘာရင့် ဒါရိုက်တာတွေဆီက အားပေးစကားပါပဲ။ Russso Brothers ကိုလည်း တစ်ကယ်ကို လေးစားသလို ကျေးဇူးလဲတင်ပါတယ်” လို့ အဆိုပါ ikorodu bois အဖွဲ့ရဲ့ အသက်အကြီးအဆုံးဖြစ်တဲ့ (၁၅) နှစ်အရွယ် Muiz က ဖွင့်ဟခဲ့ပါတယ်။

Pyi Hein Kyaw

SHARE