ဂျပန်နိုင်ငံက နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိတဲ့ နတ်ဆိုးပွဲတော်

Twiter/Keiichiro Yasugi

ဂျပန်နိုင်ငံဆိုတာ ဟိုးအရင်ကတည်းက ပုံပြင်တွေ၊မျိုးဆက်တစ်ခုပြီး တစ်ခုသယ်ဆောင်လာတဲ့ ယုံတမ်းစကားတွေ၊ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုပါ။ ဂျပန်နိုင်ငံရဲ့ ဒဏ္ဌာရီထဲမှာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေ မျိုးစုံရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ကျိုတိုမြို့ဧရိယာဝန်းကျင်မှာ ဝိညာဉ်လောကနဲ့ သက်ရှိလောကကို ချိတ်ဆက်ပေးနိုင်တယ်လို့ ယုံကြည်မှုနဲ့ မိစ္ဆာပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

 

ကျိုတိုမြို့ရဲ့ မြောက်ဘက်ပိုင်းမှာ ရှိတဲ့ Taishogun Shopping လမ်းမှာ “မိစ္ဆာ(၁၀၀)ရဲ့ ညချီတက်ပွဲ”လို့ ခေါ်ဝေါ်ကျတဲ့ Hyakki Yagyo ပွဲတော်ကို နှစ်တစ်နှစ်ရဲ့ အောက်တိုလ တတိယအပတ်တိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ အဲဒီပွဲတော်ကျင်းပရာနေ့ဟာ ရိုးရာပုံပြင်တွေထဲက လာတဲ့ မိစ္ဆာတွေဟာ အဲဒီနေ့မှာ ချုပ်နှောင်ထားရာက လွှတ်မြောက်လာတဲ့ နေ့တစ်နေ့လည်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

 

အဆိုပါ ပွဲကို ကျင်းပရာမှာ လူတွေဟာ မိစ္ဆာ၊ သရဲပုံစံတွေ ဝတ်ဆင်ပြီးလမ်းထဲမှာ စီတန်းလှည့်လည်ကြပါတယ်။ အဲဒီလမ်းထဲက လူတွေကတော့ တကယ့် မိစ္ဆာ၊သရဲတွေ ကပ်ညှိလာမှာ စိုးတာကြောင့် ဒီလို ပွဲကျင်းပတာကို မကြိုက်လှပါဘူး။

 

— Keiichiro Yasugi / 矢杉佳一郎 (@KeiichiroYASUGI) October 23, 2019

READ
အိမ်ပိုင်ရှင်တွေ မဖယ်ပေးလို့ လမ်းကို ကွေ့ပတ်ဖောက်ခဲ့ရတဲ့ တရုတ်အစိုးရ

ဒီနှစ်မှာတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့  မိစ္ဆာ၁၀၀ရဲ့ ညချီတက်ပွဲကို Saga အနုပညာကောလိပ်ကျောင်းက ကျောင်းသားတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာပုံစံတွေကို ဝတ်စားဆင်ယဉ်ပြီးမှ ဆင်နွဲခဲ့ကြပါတယ်။

YYK

SHARE