Nike ကနေ ထုတ်လုပ်လိုက်တဲ့ ဖုန်းနဲ့ထိန်းချုပ်နိုင်မယ့် Adapt BB စမတ်ဖိနပ်

Nike က အသစ်ထုတ်လုပ်လိုက်တဲ့ ဖိနပ်ကတော့ ဖိနပ်ကြိုးကိုလည်း အလိုအလျောက် အတင်းအလျှော့ ပြုလုပ်ပေးနိုင်ပြီး နည်းပညာနဲ့ ထိန်းချုပ်နိုင်မယ့် ဘတ်စကတ်ဘော ဖိနပ် ဖြစ်ပါတယ်။ ဖိနပ်ရဲ့ နာမည်ကိုတော့ Adapt BB လို့ ပေးထားပါတယ်။

Nike

ပထမဆုံးအနေနဲ့ ဖိနပ်တစ်ဘက်စီရဲ့ ဘေးမှာ ခလုတ် ၂ ခုစီပါပါတယ်။ ဒါကို နှိပ်ပြီး ဖိနပ်ရဲ့ ဖိအားကို လိုသလို အတင်းအလျှော့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အဝေးထိန်းစနစ် အနေနဲ့ဆို ဖုန်းထဲမှာ app တစ်မျိုးကို ထည့်ပြီး ဖိနပ်ကို ထိန်းချုပ်နိုင်ပါတယ်။ ဖုန်းနဲ့ ဖိနပ်ကိုတော့ Bluetooth သုံးကာ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး ထို့နောက် app ကနေမှတစ်ဆင့် ဖိနပ်က LED မီးတွေရဲ့ အရောင်ကို ပြောင်းနိုင်သလို၊ ဘက်ထရီအားကိုလည်း စစ်နိုင်ပါတယ်။ အတင်းအလျှော့လည်း ပြုလုပ်နိုင်ပါတယ်။

READ
သင်မသိလောက်သေးတဲ့ Facebook ရဲ့ ဒုတိယ News Feed (Desktopမှာပါရပါပြီ)
Nike

ဘက်ထရီကုန်သွားရင်လည်း ဖိနပ်ချွတ်လို့ မရမှာတော့ ပူစရာမလိုပါဘူး။ ဖိနပ်က အလိုအလျောက် ဖြေလျှော့ပေးသွားမှာပါ။ ဘက်ထရီအားသွင်းဖို့ အတွက်ကတော့ Qi ဆိုတဲ့ ကြိုးမဲ့အားသွင်းပြားပေါ် ဖိနပ်ကို တင်ပေးလိုက်ရုံပါပဲ။ အားအပြည့်သွင်းဖို့ဆို ၃ နာရီလောက် အချိန်ယူရပါတယ်။ ဖိနပ်ကို ဝတ်ဆင်ရမယ့် အနေအထားနဲ့ ပတ်သက်လို့လည်း လူတစ်ဦးချင်းစီအလိုက် ကိုယ်နဲ့ အကိုက်ဆုံး setting ကို app နဲ့ ချိန်ထားလို့ ရပါတယ်။

Nike
techcrunch

ဘတ်စကတ်ဘောဖိနပ် ဖြစ်တာနဲ့အညီ ကစားသမားတွေရဲ့ လေ့ကျင့်ခန်းချိန်တွေ၊ တကယ့်ပွဲချိန်တွေအလိုက် ဖိနပ်ကြိုးအတင်းအလျှော့အပါအဝင် လိုချင်တဲ့ ဖိနပ်အနေအထားကို လိုက်ညှိပေးနိုင်မှာပါ။ ပြောစရာဆိုရင် ကိုယ့်ဖိနပ်ကြိုးတောင် ကိုယ်ချည်လို့ မရဘူးလားဆိုပြီး ဖြစ်နိုင်ပါတယ်။ တကယ်တော့ Nike က ဒီ FitAdapt နည်းပညာကို တီထွင်ရတဲ့ ရည်ရွယ်ချက်က ဖိနပ်ကြိုးချည်ဖို့ တစ်ခုတည်းမဟုတ်ဘဲ ဘတ်စကတ်ဘော ကစားသမားတစ်ဦးချင်းစီအတွက် သက်တောင့်သက်သာ အဖြစ်စေဆုံး ဖိနပ်တွေကို ထုတ်လုပ်ပေးဖို့ ဖြစ်ပါတယ်။

READ
Roborace ပြိုင်ပွဲမှာ မောင်းသူမဲ့ ပြိုင်ကား နှစ်စီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့
engadget

ဖိနပ်ကို ထိန်းချုပ်ပေးမယ့် app က နောက်ပိုင်းမှာ update တွေလည်း ထွက်ဦးမှာ ဖြစ်တဲ့အတွက် ဖိနပ်တစ်ခါဝယ်ပြီးရုံနဲ့ ဒိတ်အောက်သွားမယ့် ဖိနပ်မျိုးလည်း မဟုတ်ဘဲ အမြဲဆန်းသစ်နေမှာပါ။ ဈေးနှုန်းကလည်း အမေရိကန် ဒေါ်လာ ၃၅၀ ဖြစ်တဲ့အတွက် စမတ်ဖိနပ် စီးချင်သူတိုင်းအတွက် သိပ်မများလှတဲ့ ဈေးလည်း ဖြစ်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီကစလို့ Nike store တွေမှာ စတင်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

techcrunch
engadget

Ref: engadget

SHARE