ဆရာဝန်နဲ့သူနာပြုတွေအတွက် သီးသန့်ထုတ်ပေးလာခဲ့တဲ့ Nike Sneakers များ

Nike.com

အထူးသဖြင့် တာဝန်ကျသူနာပြုတွေဟာ သူတို့ရဲ့တစ်ရက်စာအလုပ်ချိန်မှာ ၁ နာပြည့်အောင် ထိုင်ရတယ်လို့မရှိဘဲ ဆေးရုံထဲမှာတင် ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ တစ်ရက်တစ်ရက် ၄ မိုင်၊ ၅ မိုင်နှုန်းလောက်ကို လမ်းလျှောက်တတ်ကြပါတယ်။ တစ်ခါတစ်လေ အခြေအနေတွေအရ ပြေးရလွှားရလည်း ရှိတတ်ပါသေးတယ်။ ဆေးရုံကြမ်းပြင်တွေဆိုတာ သိတဲ့အတိုင်း အမြဲတမ်းသန့်စင်နေရတာဆိုတော့ ပြေးတဲ့အချိန် ချော်မကျအောင်လို့ကလည်း ဂရုစိုက်ကြရပါတယ်။

အချိန်အကြာကြီး မတ်တပ်ရပ်နေရတာတွေ၊ ပြေးလွှားတဲ့အခြေအနေတွေအတွက် အရေးပါတဲ့အရောတစ်ခုရှိနေပါတယ်။ အဲဒီအရာကိုတော့ ကျွန်တော်တို့တွေ သတိမထားမိခဲ့ကြပါဘူး။ အဲဒါကတော့ ဖိနပ်ပါ။ အမြဲတမ်းခြေထောက်ကို အနားမပေးရတဲ့ လမ်းလျှောက်တဲ့သူတွေ၊ အပြေးလေ့ကျင့်တဲ့သူတွေနဲ့ အားကစားသမားတွေတောင် စီးတဲ့ဖိနပ်ဟာ အဓိကကျမယ်ဆိုရင် ထိုင်နေရတဲ့အချိန်မရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေအတွက်ရော ဖိနပ်က အရေးမကြီးပေဘူးလား။

ဒီလိုဆေးဝန်ထမ်းတွေအတွက် ရွေးချယ်သင့်တဲ့ဖိနပ်အမျိုးအစားကတော့ ခြေထောက်ကို သက်တောင့်သက်သာရှိရမယ်၊ နာကျဉ်မှုမရှိရဘူး၊ ဖိနပ်အောက်ခံဆိုးပြားဟာ အိစက်နေမှာဖြစ်ပြီး ဆေးရုံကြမ်းပြင်ထက်ပြေးလွှားနေရတာကြောင့် ချော်မလဲအောင် ကုတ်အားကောင်းတဲ့ ဖိနပ်လည်းဖြစ်ဖို့လိုအပ်ပါသေးတယ်။ ဒီလိုလိုအပ်ချက်အားလုံးပါဝင်နေတဲ့ ဖိနပ်တွေကိုတော့ Nike ကနေပြီး ထုတ်လုပ်ပေးခဲ့ပါတယ်ဆိုပြီး Lad Bible မှာ ဖတ်ခဲ့ရပါတယ်။

READ
ကြီးမားလှတဲ့လက်ကြောင့် ကလေးချင်းတောင် ရှောင်ကြဉ်ခံနေရတဲ့ သနားစရာ ကောင်လေး

Air Zoom Oulse ဆိုတဲ့ ဖိနပ်တွေကိုတော့ Nike ကနေပြီး ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် သီးသန့်ထုတ်ပေးလိုက်ခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ လက်တွေ့စီးကြည့်ပြီး စမ်းသပ်နေဆဲကာလမှာပဲ ရှိနေပါသေးတယ်။ စမ်းသပ်စီးကြည့်ဖို့ကိုတော့ Nike ကနေ အော်ရီဂွန်မှာရှိတဲ့ OHSU Doernbecher ကလေးဆေးရုံက ဆေးရုံဝန်ထမ်းတွေအားလုံကို အခမဲ့ပေးဝေကာ စမ်းစီးထားစေခဲ့ပါတယ်တဲ့။

Nike.com

ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင်လည်း ဆေးပညာရဲ့အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ ကြက်ခြေနီတံဆိပ်လေးတွေကို ထည့်သွင်းပေးထားပါတယ်။

Nike.com
Nike.com

နောက်ထပ် ဒီဇိုင်းတစ်ခုမှာတော့ doodle ရုပ်ပုံလိုမျိုးတွေကိုမှ ဆရာဝန်နားကြပ်တို့၊ သာမိုမီတာတို့ကို ထည့်သွင်းပေးထားပါတယ်။

Nike.com

ဒီဖိုင်းတွေကိုတော့ ကလေး လူနာ ၆ ဦးဖြစ်တဲ့ Desiree Castillo, Kahleah Coron, Ethan Ellis, Bransen Fernando, Sawyer Miler နဲ့ Zion Thompson တို့ကနေပြီး အရောင်နဲ့ဒီဇိုင်းတချို့ကို စဉ်းစားပေးခဲ့တာပါလို့ Nike Website မှာ ဖတ်ခဲ့ရပါတယ်။ ဒီဇိုင်နာ ၆ ဦးဖြစ်တဲ့အတွက် ဒီဇိုင်းကလည်း ၆ မျိုးအဓိကထွက်ရှိမှာဖြစ်ပါတယ်။ Nike.com မှာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်မှာယူနိုင်ပါပြီ။

READ
သူ့ရဲ့နောက်ဆုံးအချိန်အထိ မိသားစုကို ပျော်အောင် လုပ်ပေးသွားခဲ့တဲ့သူ
Nike.com
Nike.com
Nike.com

Penny

SHARE