အသက်(၁၅)နှစ်တုန်းက (၂) ကြိမ်တိတိ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ WWE နပန်းမယ် Nikki Bella

[email protected]

လူတိုင်း လူတိုင်းမှာတော့ ပြန်မပြောပြချင်ဘဲ မေ့ပစ်လိုက်ချင်တဲ့ အတိတ်ကာလတစ်ခုဆီတော့ ရှိကြမှာပါပဲ။ ဒါပေမဲ့လည်း အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်လို့ မရနိုင်တာ့တဲ့အတွက်ကြောင့် အနာဂတ်မှာ ကောင်းတဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ပစ္စုပာန်မှာ ဘယ်လိုနေထိုင်မယ်ဆိုတာက အရေးအကြီးဆုံးပါပဲ။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင်တော့ ဖြစ်ရပ်တိုးတွေကို သင်ခန်းစာယူမယ်၊ အားအဖြစ်ပြန်လည်မွေးဖွားရမှာပါ။

View this post on Instagram

@healthmagazine

A post shared by Nikki Bella (@thenikkibella) on

ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်တုန်းက Nikki Bella ဆိုတဲ့ ချာတိတ်မလေးဟာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ နှစ်ကြိမ်တိတိပါ။ အခုတော့ သူမဟာ WWE ရဲ့ ထိပ်တန်းကစားမယ်အဖြစ် လူတိုင်းက လက်ခံနေခဲ့ပါပြီ။

နပန်းကစားနည်းဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် သတ်ပုတ်ပြီး ထိခိုက်ဒဏ်ရာတွေရ၊ သွေးတွေသံတွေထွက်ပြီး ကစားရတဲ့ ကြမ်းကြမ်းတမ်းတမ်းကစားနည်းမျိုးပါ။ အမျိုးသားတိုင်းအတွက်တောင် မလွယ်ကူတဲ့ ကစားနည်းဖြစ်တာကြောင့် အလှအပကြိုက်၊ နုနုရွရွလေးနဲ့၊ သိမ်မွေ့တဲ့အမျိုးသမီးတွေအတွက် ပိုခက်ခဲမှာပါပဲ။ ဒါပေမဲ့ Nikki ကတော့ သူမရဲ့အမွှာညီအစ်မ Brie နဲ့အတူတူ ဆုတွေ၊ ခါးပတ်တွေအများကြီး သိမ်းယူနိုင်ခဲ့ပါတယ်။

View this post on Instagram

Writing our memoir with @eliseloehnen has been a project in the making for over two years. Elise didn’t realize (or may have lol) that it was very deep therapy sessions fro @thebriebella and I. She help bring out so much pain and victory that we held deep down and never knew how to express it. In this memoir we share stories that we never have told before and how we became the heroes of our own stories. This book is very deep, honest, funny and loving. Pre order it today! Click link in bio. Can’t wait for you all to read it! And a huge thank you to @simonandschuster for the faith in my sister and I as well as Jennifer Joel and her team at ICM, thank you for your motivation to tell our story so we can inspire others and help others become heroes of their own stories too! ❤️ #incomparable

A post shared by Nikki Bella (@thenikkibella) on

အောင်မြင်ပြီးကာမှ Nikki အနေနဲ့ သူမရဲ့ အတိတ်ဆိုးအကြောင်းကို Instagram မှာ အခုလိုပဲပြန်ပြောပြခဲ့ပါတယ်။ သူမအသက် ၁၅ နှစ်တုန်းကပါ။ အဲဒီအရွယ်တုန်းက ဆယ်ကျော်သက်သာသာပဲရှိသေးတဲ့အတွက်ကြောင့် လူတွေရဲ့မာယာကို နားမလည်သေးတဲ့အရွယ်လေးပါ။ သူမအနေနဲ့ သိပ်ခင်ရတဲ့ ယုံကြည်ကိုးစားရတယ်လို့ ထင်ခဲ့တဲ့ ယောက်ျားလေး သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက သူမကို အလိုမတူဘဲအဓမ္မကျင့်ခဲ့တာပါတဲ့။

READ
အခြားလူတစ်ယောက်ပုံစံ ပြောင်းသွားသလိုမျိုး ကိုယ်အလေးချိန်ကို ချပစ်ခဲ့တဲ့ လူငယ်လေး

ဒီအဖြစ်ဆိုးကြီးဖြစ်ပျက်ပြီးခဲ့တာ လပိုင်းလောက်ပဲကြာသေးတယ်။ Nikki ခင်ဗျာ နောက်ထပ် တက္ကသိုလ်ကျောင်းသားအရွယ် အစ်ကိုကြီးတစ်ယောက်က သူမနဲ့လည်းမသိဘဲ ကားထဲဆွဲခေါ်သွားကာ နောက်တစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပါတယ်။ မတူညီတဲ့အမျိုးသားနှစ်ယောက်ရဲ့ လိင်အကြမ်းဖက်မှုကို ခံခဲ့ရပြီး Nikki ဟာ တော်တော်လေး shock ရသွားခဲ့တယ်။

သူမဟာ သားကောင်ဖြစ်ခဲ့တဲ့ နာကျင်မှုတွေ စိတ်ဒဏ်ရာတွေအပြင် ပြင်ပပတ်ဝန်းကျင်က victim blaming လုပ်တာတွေကိုလည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ခံခဲ့ရတဲ့အတွက် လူတွေကို သူမ အရမ်းရွံရှာမိတယ်၊ နောက် ဒေါသလည်း ထွက်ခဲ့ပါတယ်တဲ့။ ဒါတွေကြောင့် သူ့ခင်ဗျာ အမှုလည်း မရင်ဆိုင်ရဲဘဲ ဆယ်ကျော်သက်ဘဝကနေ (၂၀) ပိုင်းအထိ စိတ်ဒဏ်ရာကြီးနဲ့ နာကျင်စွာ နေထိုင်လာခဲ့ရတာပါ။

https://www.instagram.com/p/B_tKd1RFCRw/

ဘယ်လိုပဲဖြစ်ဖြစ် အခု နာကျင်မှုတွေကတော့ အဆုံးသတ်သွားပါပြီ။ အမာရွတ်လည်း ပျောက်လောက်ပြီလို့ထင်ပါတယ်။ Nikki ကတော့ လက်ရှိမှာ အရာရာနားလည်ပေးပြီး ကြင်နာပေးတဲ့ ခင်ပွန်းလောင်း Arte Chigvintsev နဲ့ ရင်သွေးလးကို မျှော်လင့်နေကြပါတယ်။ သူမအနေနဲ့ ယောက်ျားတွေကို မယုံကြည်တော့ဘဲ အသက် ၂၈ နှစ်အထိ တွဲသမျှလူတိုင်းနဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် Arte နဲ့တွေ့ခဲ့အခါမှာတော့ အတိတ်ဆိုးတွေက တစ်ခါတစ်ခါ သူမဘဝမှာ မဖြစ်ခဲ့ဖူးသလို ပျောက်ပျောက်သွားတတ်ပါတယ်တဲ့။

Penny

READ
ဆယ်စုနှစ်တစ်ခုကျော်ကြာ သခင်နဲ့ခွဲခဲ့ပြီးမှ ပြန်လည်တွေ့ဆုံနိုင်ခဲ့တဲ့ ကြောင်လေး

 

SHARE