ဒီဇင်ဘာလကုန်ထိ အွန်လိုင်းဓာတ်ပုံသင်တန်းအားလုံးကို အခမဲ့ဝေငှသွားမယ့် Nikon

twitter/NikonUSA

Nikon ဟာ လာမယ့်အားလပ်ရက်ရာသီအတွက် အွန်လိုင်းဓာတ်ပုံသင်တန်းတွေကို အခမဲ့ ပရိုမိုးရှင်းပြန်ပေးနေတာကို theverge သတင်းမှာတွေ့ရပါတယ်။ စာဖတ်သူဟာ အခုကစပြီး ဒီဇင်ဘာ၃၁ရက်နေ့အထိ Nikon က အွန်လိုင်းဓာတ်ပုံသင်တန်းအားလုံးကို အခမဲ့ stream ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ ပုံမှန်ဆို ဒီသင်တန်းတွေဟာ တစ်တန်းကို ၁၅ဒေါ်လာကနေ ဒေါ်လာ၅၀ ကြားရှိပါတယ်။

 

 

View this post on Instagram

 

A post shared by Nikon Asia (@nikonasia)

သင်တန်းတစ်တန်းစီကို ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေက အသေးစိတ်ရှင်းလင်းထားတဲ့ သင်ခန်းစာတွေနဲ့အတူ စာဖတ်သူရဲ့ Photography skills တိုးတက်အောင် သင်ကြားပြသပေးသွားမှာပါ။

ဒါပေမဲ့ တစ်ခုမှတ်ရမှာက Nikon School Online လို့ခေါ်တဲ့အတွက် စာဖတ်သူမှာ Nikon ကင်မရာရှိစရာမလိုပါဘူး။ သင်တန်းအများစုက ဓာတ်ပုံကောင်းထွက်အောင် ဘယ်လိုရိုက်ရမယ်ဆိုတဲ့ နည်းစနစ်တွေကို သင်ပေးတာပါ။ အနည်းစုကတော့ Nikon ရဲ့တစ်ချို့ gear တွေအကြောင်း ရှင်းလင်းပြောပြထားတာ ဖြစ်ပါတယ်။ အချိန်ရရင်တော့ တတ်ကြည့်ဖို့သင့်တဲ့ သင်တန်းလေးတွေပါပဲ။ ကိုယ့်အိမ်က ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဓာတ်ပုံရိုက်ယူတာကအစ ကောင်းမွန်တဲ့ ဓာတ်ပုံလေးတွေရအောင် ဒီသင်တန်းတွေက အထောက်အကူပြုပေးမှာပါ။

READ
(၅၉) နှစ်ကြာမှ မံမီတွေအဖြစ် ပြန်တွေ့ရတဲ့ ပျောက်ဆုံးနေတဲ့ တောင်တက်သမားများ

 

 

View this post on Instagram

 

A post shared by Nikon Asia (@nikonasia)

ကိုယ်ကိုတိုင်သုံးဖို့ ကင်မရာလေးတစ်လုံးလောက် ဝယ်ချင်တယ်၊ ဒါမှမဟုတ် ဓာတ်ပုံရိုက်တော့ ဝါသနာပါပါရဲ့ သင်တန်းတက်ဖို့ ပိုက်ဆံကုန်မှာလည်းစိုးတယ်ဆိုသူတွေအတွက် Nikon သင်တန်းတွေရဲ့ဗီဒီယိုဖိုင်တွေကို မြည်းစမ်းကြည့်သင့်ပါတယ်။ Nikon ဟာ ပြီးခဲ့တဲ့ ဧပြီလကနေ မေလ ၃၁ရက်နေ့ထိလည်း အခုလို အခမဲ့ပရိုမိုးရှင်းပေးခဲ့ပါသေးတယ်။ Sign up လုပ်ဖို့ကတော့ နာမည်၊ အီးမေးလ်လိပ်စာပေးရုံနဲ့ ရနိုင်ပါပြီ။ ပြီးရင်တော့ Nikon ရဲ့ အခမဲ့ဗီဒီယိုတွေကို လေ့လာရင်း အားလပ်ရက်အချိန်လေးတွေကို အကျိုးရှိရှိကုန်ဆုံးနိုင်ပါပြီ။

ShweMom

SHARE