အိမ်ထောင်သက် (၁၁)နှစ်ပြည့်မှာ အမှတ်တရစကားဆိုခဲ့တဲ့ နိုင်းနိုင်း

ပရိသတ်တွေ အားကျရတဲ့ ဆယ်လီစုံတွဲတွေထဲမှာ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ စုံတွဲလည်း တစ်တွဲ အပါအ၀င်ပါ။သားလေးတစ်ေ ယာက်၊သမီး(၃)ယောက် စုစုပေါင်း သားသမီး(၄)ယောက်နဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။အနု ပညာလောကမှာဆိုရင် အချစ်ရေးကောလာဟလအရှုပ်အရှင်းကင်းတဲ့  မင်းသားတွေထဲမှာ နိုင်းနိုင်းကလည်း တစ်ေ ယာက် အပါအ၀င်ပါ။ဇနီးဖြစ်သူ၊မိသားစုနဲ့ ခွဲနေရတယ်ဆိုပေမယ့် ဇနီးနဲ့ မိသားစုအပေါ်မှာ တန်ဖိုးထားတဲ့ ခင်ပွန်းေ ကာင်းတစ်ယောက် လို့ အားလုံးရဲ့ အသိအမှတ်ပြု လေးစားခြင်းကို ရထားသူပါ။ဇန်န၀ါရီ လ (၉)ရက်နေ့ကတော့ မင်းသားနိုင်းနိုင်းနဲ့ သူ့ရဲ့ ဇနီးစန္ဒီချိုတို့ရဲ့ အိမ်ထောင်သက် (၁၁)နှစ်ပြည့်သွား တဲ့ နေ့ လေး လို့ သိရပါတယ်။

အားလပ်တဲ့ အချိန်တိုင်းမှာ မိသားစုရှိတဲ့ ပြည်ပကို လိုက်ပြီး အချိန်ပေးတတ်တဲ့ နိုင်းနိုင်းကတော့ အခုလည်း သူ့ရဲ့ ဇနီး နဲ့ သားသမီးလေးတွေ နဲ့ အတူရှိနေပါတယ်။နိုင်းနိုင်းကတော့ သူတို့နှစ်ယောက်ရဲ့ (၁၁)နှစ်မြောက် နှစ်ပတ် လည် နေ့လေး မှာ သူ့ရင်ထဲက အမှတ်တရ စကားတွေကို အခုလိုပဲ ထုတ်ပြောခဲ့ပါတယ်။

READ
အဆိုတော်ဖြစ်ဖို့ရည်ရွယ်ခဲ့ပေမဲ့ သရုပ်ဆောင်အလုပ်ကိုရွေးချယ်ခဲ့တဲ့ အနုပညာရှင်(၇)ဦး

 

“Happy birthday my baby girl Emerida and Happy Birthday My wife. ၉ရက်​ ဇန်​နဝါရီ ဟာ ​မွေး​နေ့ ဖြစ်​သလို ၁၁နှစ်​ပြည့်​ Anniversary လည်းဖြစ်​ပါတယ်​။ စန္ဒီရဲ့​မွေး​နေ့မှာ ငါတို့ ရဲ့ ဘဝ သမုဒ္ဒရာကို အတူတူဖြတ်​ဖို့လက်​မှတ်​​ရေးထိုးခဲ့ကြတယ်​။ ​လေ​ပြေ​လေညှင်း နဲ့ သာယာတဲ့​နေ့​တွေရှိသလို မုန်​တိုင်း​တွေလည်းရှိခဲ့တယ်​။ ဒါ​ပေမယ့်​ ငါတို့ရဲ့ မိသားစု​လှေက​​လေးကို ထိန်းပြီး ဖြတ်​​ကျော်​လာခဲ့တာ..၁၁နှစ်​ပြည့်​ခဲ့ပါပြီ။ ဘယ်​အချိန်​ ဘယ်​​နေရာ​သေမယ်​မှန်းမသိတဲ့ ငါ့အတွက်​​တော့…​နေ့ရက်​တိုင်းဟာ Valentine ပါ။ ငါ့အသက်​နှင့်​ခန္ဓာမြဲ​နေသ၍…မိသားစု​လှေက​လေးနဲ့ အတူရှိ​နေမယ်​ဆိုတာ..
My Family Life is My SOUL…” ဆိုပြီး တင်ထားပါတယ်။သူ့အသက်နဲ့ ခန္ဓာတည်မြဲနေသမျှ ဒီမိသားစုလေးနဲ့ အတူ ရှိနေမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

READ
ပန်းချီပညာမှာပါ ထင်မထားလောက်အောင်ကျွမ်းကျင်ကြတဲ့ နယ်ပယ်စုံကနာမည်ကျော်များ

 

Anniversary ပါ ကိုနိုင်းနိုင်းနဲ့ မစန္ဒီချို…….

Source

SHARE