တိုက်ဆိုင်လွန်းတဲ့ အဖြစ်မျိုးကို ကြုံနေကြရတဲ့ ဆေးရုံတစ်ခုတည်းက သူနာပြု ၉ ဦး

အမေရိကန်နိုင်ငံ ပို့တ်လန်းမြို့ရှိ ဆေးရုံတစ်ရုံဖြစ်တဲ့ Maine Medical Center မှာ ကြုံနေကြရတဲ့ ထူးခြားဖြစ်စဉ်တစ်ခုအကြောင်းကိုတော့ နိုင်ငံတကာ သတင်းဌာနများမှာ ဖော်ပြနေကြပါတယ်။

ယခုမတ်လ ၂၅ ရက်နေ့က ဆေးရုံရဲ့ Facebook စာမျက်နှာမှာ မကြာခင်ကာလမှာ မီးဖွားတော့မယ်လို့ ထင်ရတဲ့ ကိုယ်ဝန်ဆောင် ၈ ဦးတို့ရဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ တကယ်တော့ သူမတို့ဟာ Maine Medical Center ဆေးရုံရဲ့ သားဖွားမီးယပ်ဌာနမှာ အတူတူတာဝန်ထမ်းဆောင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် သူနာပြုများ ဖြစ်ကြပါတယ်။

Maine Medical Center

သားဖွားမီးယပ်ဌာနရဲ့ သူနာပြု ၉ ဦးစလုံးက ကိုယ်ဝန်တစ်ပြိုင်တည်း ဆောင်ခဲ့ကြပြီး ယခုအခါ မွေးဖွားမယ့်အချိန်ကလည်း ဧပြီမှ ဇူလိုင်လအတွင်း ၄ လဝန်းကျင်သာ အတွင်းမှာဖြစ်မယ်လို့လည်း သိရပါတယ်။ ဆေးရုံရဲ့ ပေ့ခ်ျက ပုံမှာတော့ ကိုယ်ဝန်ဆောင်သူနာပြု ၉ ဦးအနက် ၈ ဦးကို တွေ့ရပေမယ့် ကျန်ပုံများမှာတော့ ၉ ဦးစလုံးပါဝင်ပါတယ်။

wgme

၈ ဦးပါ ပုံမှာဆိုရင် ကတ်လေးတွေ ကိုယ်စီကိုင်ဆောင်ထားကြပြီး မွေးဖွားမယ့် due date များကို ရေးသားထားကြပါတယ်။ “ကျွန်မတို့ထဲက တစ်ယောက် ကိုယ်ဝန်စရှိခဲ့ပြီး နောက်ထပ်တစ်ယောက်စီတိုင်းကလည်း ကိုယ်ဝန်ရှိတဲ့ သတင်းကို ထပ်ထပ်သယ်လာခဲ့တဲ့ အချိန်တုန်းက အခေါက်တိုင်း ပိုပိုပြီး စိတ်လှုပ်ရှားခဲ့ကြရပါတယ်” လို့ သူနာပြု Erin Grenier က သူတို့ ကိုယ်ဝန်စရှိချိန်တုန်းက အဖြစ်ကို ပြောပြပါတယ်။

READ
ပြန်ပေးဆွဲခံခဲ့၇ပေမယ့် သေကံမရောက်ဘဲ ပြန်ရှာတွေ့ခဲ့တဲ့ တရုတ်မိန်းကလေး
wgme

အလုပ်လာတိုင်းလည်း တခြားသူတွေက ကိုယ်နဲ့တစ်ပြိုင်တည်း ကိုယ်ဝန်ဆောင်ထားကြတဲ့အတွက်လည်း အတွေ့အကြုံတွေ ဝေမျှကြရင်း ပျော်စရာကောင်းတယ်လို့ ဆိုကြပါတယ်။ သူတို့ထဲက သူနာပြု Rachel Stellmach ကတော့ ၄ ဦးမြောက် ရင်သွေးကို လွယ်ထားရတာပါ။ ဒီ့အတွက်လည်း သူက ကျန်တဲ့ ကိုယ်ဝန်ဆောင်သူနာပြုတွေအတွက် ကောင်းကောင်းသင်ပြပေးနေပါတယ်။

AP

သူတို့တွေဟာ မီးဖွားချိန်လည်း မတိမ်းမယိမ်းဖြစ်ကြမယ့်အလျောက် တစ်ယောက်မီးဖွားချိန်မှာ တစ်ယောက်က ဘေးမှာ ရှိနေပေးကြမှာဖြစ်တယ်လို့လည်း တိုင်ပင်ထားကြပါတယ်။ ရင်သွေးလေးတွေကိုလည်း အတူတူပြုစုပျိုးထောင်ကြဖို့လည်း ရည်မှန်းထားကြပါတယ်။

တစ်ဌာနတည်းက သူနာပြုတွေရဲ့ မီးဖွားခွင့်တွေ တန်းစီလာတော့မှာနဲ့ပတ်သက်လို့တော့ ဆေးရုံဘက်ကနေ အစားထိုးဆင်းပေးမယ့် သူနာပြုတွေကို ကြိုတင်ရှာဖွေထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

wgme

Ref: CNN

SHARE