ချစ်သူလေးကို တင့်တောင်းတင့်တယ် တောင်းရမ်းခဲ့ကာ ၀ါကျွတ်ရင် လက်ထပ်တော့မယ့် နိုင်းဝမ်း

Image:Fb/Kyaw Zin Latt

အဆိုတော်နိုင်းဝမ်းနဲ့ သူ့ရဲ့ ချစ်သူမေမျိုးကျော်သူတို့ က တော့ အရမ်းလိုက်ဖက်တဲ့ စုံတွဲ လေးပါ။ နှစ်ယောက်သား နားလည်မှုတွေ နဲ့ အတူတူ တည် ဆောက်ထားတဲ့ Relationship ဆိုတာကိုတော့ သူတို့ရဲ့ Fb Post တွေ ကို ကြည့်ရင် သိနိုင်ပါတယ်။ ချစ်သူသက်တမ်း က လည်း အရမ်းကို ကြာ နေတဲ့ စုံတွဲ လေးပါ။ ပရိသတ်တွေ က ဘယ်တော့ လက်ထပ် ပွဲ ဆင်နွှဲ ကြမလဲ ဆိုတာကို စောင့်ကြည့်ခံ နေရတဲ့ သူတို့ စုံတွဲ လေးက တော့ အခုဆိုရင် မကြာခင် မှာ လက်ထပ် တော့မှာပါ။

Image:Fb/Kyaw Zin Latt
Image:Fb/Kyaw Zin Latt
သူတို့ တွဲလာတဲ့ ချစ်သူ သက်တမ်းက တော့ (၁၁)နှစ်ရှိပါပြီ ။ချစ်သူ ရဲ့ မွေးနေ့ လည်း ဖြစ်သလို သူတို့နှစ်ယော က်ရဲ့ နှစ်ပတ် လည် နေ့ လေးမှာတော့ လက်ထပ်မယ့်အ ကြောင်းကို နိုင်းဝမ်းက သူ့ရဲ့ Fb မှာ ကြေညာခဲ့ပါတယ်။ မိသားဖသားပီပီ ချစ်သူလေးကို တောင်းရမ်း ခဲ့ပြီး ဖြစ်ကာ ဒီဇင်ဘာ (၉) ရက်နေ့မှာတော့ လက်မှတ် ရေး ထိုး ကြမှာပါ။ မင်္ဂလာ ပွဲကိုတော့ ကိုဗစ် ပြီးတာနဲ့ ကျင်းပ သွားမယ်လို့ လည်း နိုင်းဝမ်း ရဲ့ Fb မှာ အခုလို ဖော်ပြ ထားပါတယ်။

READ
Kendall Jenner ရဲ့ ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီး

Image:Fb/Kyaw Zin Latt
Image:Fb/Kyaw Zin Latt

ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်..လက်ထပ်ဖို့အထိရည်ရွယ်ပြီး အရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကိုပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်း ထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့လို့ပါကျွန်တော်တို့စုံတွဲရဲ့နှစ်ပတ်လည်နေ့နဲ့ ချစ်သူရဲ့မွေးနေ့ လေးဖြစ်တဲ့ဒီရက် လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ ချစ်သူရဲ့မိဘတွေထံမှ ခွင့်ပြုချက်လဲရခဲ့ပါပြီဗျဒီဇင်ဘာလ ၉ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်ပါတယ် (ဒီထက် အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နဲနဲသေးသွားတဲ့ မွေးနေ့လက်ဆောင်စိန်တစ်ဆင်စာ လေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ)Happy Anniversary & Happy Birthday baby.. i love u so mwahhhh

ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက…

Posted by Kyaw Zin Latt on Wednesday, September 9, 2020

SHARE