အပြင်မှာရောအွန်လိုင်းမှာပါ ရှော့ပင်ထွက်လို့အကောင်းဆုံးနေရာ (၉) ခု

Shutterstock-LightField Studios

လတိုင်း ပစ္စည်းသစ်မဝယ်ရရင်မနေနိုင်တဲ့ ပျိုမေတွေများရှိနေမလား။ ပစ္စည်းအသစ်၊ ဒီဇိုင်းသစ်တွေကလည်း တစ်ပတ်တစ်ခါလောက်ကို ပေါ်နေတတ်တာဆိုတော့လေ။ နောက်ပြီး အရင်ခေတ်တုန်းကလိုမျိုး ခက်ခက်ခဲခဲရှရဖွေရာရတာမျိုးမရှိတော့ပါဘူးနော်။ ရှော့ပင်းစင်တာတွေမှာပဲ ဝယ်မလား၊ ဆိုင်လေးတွေသီးသန့်မှာပဲဝယ်မလား၊ အွန်လိုင်းမှာပဲဝယ်မလား အဆင်ပြေပြေနဲ့လွယ်လွယ်ကူကူဝယ်ယူလို့ရနေပါပြီ။

ဒီတော့ ပျိုမေတွေဖို့ ရှော့ပင်ထွက်လို့အကောင်းဆုံးသော နေရာ (၉) ခုအကြောင်းလေးကို ဝေမျှပေးလိုက်ချင်ပါတယ်။ ရှော့ပင်းစင်တာ ၃ ခု၊ boutique လို့ခေါ်တဲ့ ဆိုင်လေး ၃ ခု နဲ့ စိတ်ချပြီး customer service ကောင်းတဲ့ online shopping ၃ ခုတို့ပဲဖြစ်ပါတယ်။ ဆက်ကြည့်လိုက်ကြရအောင်လား။

Shopping Center များ

ဘယ်လောက်ပဲ အွန်လိုင်းမှာပစ္စည်းတွေဝယ်လို့ရနိုင်ရနိုင်၊ ခြေတိုအောင် စင်တာတွေထဲပတ်ပြီး ရှော့ပင်ထွက်ရတာလောက်တော့ အရသာမတွေ့လှဘူးမဟုတ်လား။ ကိုယ်တိုင် ရှော့ပင်ထွက်ရင် အများဆုံး သွားနေကျ center လေး ၃ ခုကတော့

(၁) Taw Win Center – ခေတ်မှီဒီဇိုင်းပေါင်းစုံကို branded မဟုတ်ဘဲ ဈေးသင့်တဲ့ ဆိုင်လေးတွေအများကြီးရှိနေပါတယ်။

(၂) Junction City – Branded ဆိုင်တွေလည်းရှိနေတဲ့အပြင်ကိုမှ trendy zone ထဲမှာဆိုရင်လည်း boutique လေးတွေ အများကြီးရှိနေတာကြောင့် အဆင်ပြေစေမှာပါ။

(၃) Myanmar Plaza – အထူးသဖြင့် brand တွေဝယ်တဲ့အခါ foreign ရော local brand တွေပါ ရှိနေပါတယ်။

Shutterstock- gpointstudio

Boutique လေးများ

Center တွေမှာရှိချင်မှလည်းရှိမယ်၊ တစ်ဆိုင်တည်းသီးသန့်အဖွင့်များတဲ့ boutique လေးတွေပဲဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် ခြေအစ ခေါင်းအဆုံးတစ်ဆိုင်တည်းမှာတင် ဝယ်လို့ရမယ့်ဆိုင်လေးတွေကတော့..

READ
စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျှော့ချနိုင်မယ့် ဂျပန်က ကာရာအိုကေသေတ္တာ

(၁) Fashion Buffet – များသောအားဖြင့် Korea ဆန်ဆန် ulzzang outfit မျိုးလေးတွေ တင်လေ့ရှိပါတယ်။ ဒါဟာလည်း boutique ဆိုင်လေးတွေထဲ သူ့ရဲ့ထူးခြားချက်တစ်ခုပေါ့။ ဆိုင်ကိုတော့ ယောမင်းကြီးလမ်းမှာတစ်ဆိုင်၊ ရွှေဂုံတိုင်မှာတစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။

(၂) Stella Fashion Shop – လက်တလော မိန်းကလေးတွေကြားထဲမှာ ခေတ်စားနေတဲ့ boutique လေးဆိုလည်း မမှားပါဘူး။ သူ့ဆီမှာတော့ online shopping တွေတော်တော်များများမှာ တွေ့ရတဲ့ trendy clothes လေးတွေရှိနေတာကြောင့် ဆိုဒ်မသေချာတာတို့၊ ဝတ်ကြည့်ပြီး လှမလှသိကာမှ ဝယ်ချင်တယ်ဆိုတဲ့ ပျိုမေတွေအတွက် အထူးသင့်လျော်တဲ့ ဆိုင်လေးပါ။ ရေကျော်နဲ့ စမ်းချောင်းဆိုပြီး ဆိုင်ခွဲနှစ်ဆိုင်ရှိနေပါတယ်။

(၃) The Avenue – Boutique ထက်စာရင် fashion house လို့သုံးနှုန်းရင် ပိုမှန်ပါလိမ့်မယ်။ သူကတော့ Hugo Boss ကို အဓိကထား ရောင်းချနေတဲ့ဆိုင်ဖြစ်ပေမယ့် တခြား branded တွေဖြစ်တဲ့ Michael Kors တို့ Tadashi Shoji တို့ရဲ့ gown တွေကိုလည်း ရနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီအပြင် local designer တွေဖြစ်တဲ့ မိုးကုတ်ပေါက်ပေါက်၊ မြမဉ္ဖူ နဲ့ လက်ဝတ်ရတာပိုင်းမှာဆိုရင်လည်း Parami Maw & Co., က ဖြူသွယ်မော်၊ SEINN ရဲ့ Cherry Guo တို့နဲ့လည်း ပူးပေါင်းပြီး product တွေထုတ်လုပ်ရောင်းချနေတာဖြစ်တဲ့အတွက် branded ကို ကြိုက်နှစ်သက်သူတွေအတွက်တော့ မမေ့သင့်တဲ့နေရာတစ်ခုပါ။

READ
အိမ်ရှင်မတိုင်း သိထားသင့်တဲ့ သန့်ရှင်းရေး လျှိုဝှက်နည်းများ
Shutterstock- Creative Lab

Online Shopping များ

(၁) SHA Clothing & Cosmetics Store – အဓိက အိတ်၊ နာရီစတဲ့ accessories တွေဝယ်ဖို့ အသင့်ဆုံးအွန်လိုင်းရှော့ပင်တစ်ခုပါ။ စ run နေခဲ့တဲ့ နှစ်အနည်းငယ်လည်း ကြာပြီမလို့ စိတ်ချရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Branded ပစ္စည်းတွေဆိုတာ ဈေးကမနည်းဘူးမဟုတ်လား။ ဒီအပြင် CB Credit card နဲ့လည်း (၆) လအရစ်ကျ ဝယ်နိုင်ဖို့လည်း စီစဉ်ပေးထားတာဆိုတော့ ဝန်မပိစေဘဲ ပစ္စည်းအကောင်းစားတွေ ကိုင်လို့ရနိုင်ပြီပေါ့။

(၂) Fashion & Beauty Corner – သူ့ကို စသတိထားမိခဲ့တာကတော့ sneakers တွေကြောင့်ပါပဲ။ Sales ချတဲ့ sneakers တွေကို အချိန်နဲ့တပြေးညီတင်ပေးလေ့ရှိပြီး UK ကပစ္စည်းတွေများပါတယ်။ Sneakers တွေအပြင် cosmetics နဲ့ skin care တွေ၊ branded အင်္ကျီနဲ့ အိတ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဝယ်ယူနိုင်မယ့် နေရာတစ်ခုပါ။

(၃) Mini Pony – Made ပေါင်းစုံရနိုင်ပြီး branded မဟုတ်တဲ့ trendy clothes တွေကို တစ်စုတစ်စည်းတည်း ရနိုင်မယ့် online shopping လေးပါ။ Online shopping တစ်ခုလိုတင်မဟုတ်ဘဲ လိုချင်တဲ့ပစ္စည်းကို ပုံပြပြီးရှာတာလည်း ဝန်ဆောင်မှုပေးတာကြောင့် သင့်ရဲ့ personal shopper တစ်ယောက်လို ခံစားမှာ မလွဲပါဘူးနော်။

Shutterstock- kitzcorner

Penny

SHARE