အွန်လိုင်းကနေ အမျိုးသမီးတွေကို အယုံသွင်းပြီး ဒေါ်လာသန်းချီလိမ်ညာခဲ့တဲ့ အမျိုးသား

ဒဲရစ်ခ်အောလ်ဒရက် အမည်ရတဲ့ အသက်(၄၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီး(၉) ဦးကို လိမ်လည်လှည့်ဖြားကာ ဒေါ်လာ(၂)သန်း ရယူခဲ့တယ်လို့ သိရပါတယ်။ သူဟာ အွန်လိုင်းပေါ်မှာ အမည်လွှဲတွေ ဖန်တီးပြီး အမျိုးသမီး(၂) ဒါဇင်ကျော်နဲ့ ပတ်သက်ခဲ့တာပါ။ အမျိုးသမီးတွေနဲ့ ရင်းနှီးမှုတည်ဆောက်ပြီးတဲ့အခါ ၄င်းအမျိုးသမီးတွေရဲ့ အကြွေးဝယ်ကဒ်၊ လုံခြုံရေးနံပတ်တွေကို ခိုးယူပြီး စုဆောင်းထားတဲ့ ငွေတွေကိုပါ အကုန်သုံးဖြုန်းခဲ့တာ ဖြစ်ပါတယ်။

Oxygen

အခုအခါမှာတော့ ဒဲရစ်ခ်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးပေါင်းများစွာတို့က ကြေကွဲစွာနဲ့ သူတို့ရဲ့ ရည်းစားဟာ နောက်ဆုံးတော့ သူတို့ကို အသဲခွဲခဲ့ပြီး ပိုက်ဆံတွေယူခဲ့တာကို ဖွင့်ဟ၀န်ခံခဲ့ကြတာ ဖြစ်ပါတယ်။ လင်ဒါဒီရက်စ်ဆိုသူ အမျိုးသမီးကတော့ “ဒဲရစ်ခ်ဟာ ကျွန်မပိုင်ဆိုင်သမျှ ဒေါ်လာ(၃၂၅,၀၀၀) ကို ယူသွားပါတယ်။ ကျွန်မဆီက အကုန်လုံးယူသွားတယ်…” လို့ ပြောပြပါတယ်။

Oxygen
Oxygen

အမျိုးသမီးတွေအားလုံးက သူမတို့ဟာ ဒဲရစ်ခ်နဲ့ တွေ့တဲ့အခါ တကယ့်အချစ်စစ်နဲ့ တွေ့ပြီလို့ ထင်မိခဲ့ကြောင်း ဆိုပါတယ်။ သူဟာ ကြင်နာချင်ယောင် ဆောင်ခဲ့တဲ့အပြင် နှစ်ဦးလက်ထပ်ပြီး အတူတူနေဖို့နဲ့ မင်္ဂလာဆောင်ဖို့ အထိပါ အစီအစဉ်ချတာတွေ ယုံလောက်အောင် လုပ်ခဲ့ကြောင်း ပြောပြပါတယ်။

READ
ဒုတိယအကြိမ် ထပ်မံတွေ့ဆုံကြတော့မယ့် ကမ္ဘာ့အင်အားကြီး ခေါင်းဆောင်နှစ်ဦး
Oxygen
Oxygen

ဒဲရစ်ခ်ဟာ ဘ၀တစ်သက်တာအတွက် လက်တွဲဖော်ရှာနေတဲ့ ဥာဏ်ရည်ထက်မြက်ပြီး အားနည်းတဲ့ အမျိုးသမီးတွေကို ချဉ်းကပ်ပါတယ်။ ဒဲရစ်ခ်ဟာ အမည်လွှဲအမျိုးမျိုးအပြင် အလုပ်အကိုင် အမျိုးမျိုးနဲ့လည်း အမျိုးသမီးတွေကို ချဉ်းကပ်လေ့ရှိပါတယ်။ သူ့ကိုယ်သူ ရေတပ်အရာရှိ၊ ပရော်ဖက်ဆာ၊ ရှေ့နေ၊ ဆရာဝန်၊ မီးသတ်အရေးပေါ်ဝန်ထမ်း စသဖြင့် လူအထင်ကြီးအောင် ပြောဆိုပြီး အမျိုးသမီးတွေကို အယုံသွင်းလေ့ရှိတာပါ။

Oxygen
Oxygen

(၂၀၁၆) ခုနှစ်မှာတော့ ဒဲရစ်ခ်ရဲ့ အမျိုးသမီးတွေအပေါ် လိမ်ညာလှည့်ဖြားမှုတွေဟာ အဆုံးသတ်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဒဲရစ်ခ်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အခြားအမျိုးသမီးတွေရဲ့ နာမည်တွေရဲ့ ခရစ်ဒစ်ကတ်တွေ တွေ့ပြီးတဲ့နောက်မှာ မသင်္ကာဖြစ်တာနဲ့ လိုက်လံစုံစမ်းရာကနေ ဒဲရစ်ခ်ရဲ့ အမှုတွေဟာ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ၄င်းကို လိမ်လည်မှု၊ ငွေခိုးမှုတွေနဲ့ အမေရိကန်နိုင်ငံရဲ့ တက္ကဆက်ပြည်နယ် တရားရုံးက ထောင်ဒဏ်(၂၄) နှစ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Oxygen

လင်းလင်း (ShweMom)

READ
ရည်းစားဖြစ်သူ၏အရှင်လတ်လတ် မြေမြှုပ်ခြင်းကိုခံခဲ့ရတဲ့အမျိုးသမီး

Ref: Dailymail

SHARE