နင်ဂျာအတွေ့အကြုံတွေကို အပြည့်အ၀ရရှိနိုင်မယ့် ကော်ဖီဆိုင် တိုကျိုမြို့မှာ ဖွင့်လှစ်ဖို့ရှိ

ဂျပန်နိုင်ငံမှာ အပြင်အဆင် ဖန်တီးမှုတွေနဲ့ ကော်ဖီဆိုင်တွေ အများကြီးပဲရှိပါတယ်။ အခုလည်း လာမယ့် ဇူလိုင် ၁ ရက်နေ့ တိုကျိုမြို့ အာဆာကူဆာ မြို့နယ်မှာ NINJA Café & Bar ဆိုတဲ့ ဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့ရှိနေပြီး customer တွေအနေနဲ့ နင်ဂျာ အပြင်အဆင်တွေ၊ အစားအသောက်တွေနဲ့ ၀တ်စုံတွေကိုပါ ၀တ်ဆင်နိုင်မှာဖြစ်ပါတယ်။

NINJA Cafe & Bar

နင်ဂျာတွေရဲ့ နေထိုင်ပုံ၊ အပြင်အဆင်၊ သုံးဆောင်တဲ့ အသုံးအဆောင်တွေအတိုင်း နီးစပ်မှုရှိအောင် ဖန်တီးထားတယ်။ ဓားတွေ၊ စကြ်ာတွေ၊ လှံတွေ စတဲ့လက်နက်တွေကိုလည်း အတွင်းမှာ ချိတ်ဆွဲထားပြီး တခြား သမိုင်းဝင်ပစ္စည်းတွေကိုလည်း ပြသထားတယ်။

NINJA Café & Bar
NINJA Café & Bar
NINJA Café & Bar
NINJA Café & Bar

ကော်ဖီဆိုင်ဟာ လွန်ခဲ့တဲ့ လေးနှစ်က အာဆာကူဆာမှာ နာမည်ကြီး NINJA TOUR တွေစီစဉ်ပေးတဲ့ ကုမ္ပဏီပဲဖြစ်တယ်။ ၄င်းတို့ဟာ နိုင်ငံခြား ဧည့်သည် အယောက် ၁၀၀၀၀ လောက်ကို နင်ဂျာတွေလို ၀တ်စားနိုင်အောင် အထောက်အကူပေးခဲ့တယ်၊ Sensoji လို့ နာမည်ကြီး ဘုရားကျောင်းရဲ့ သမိုင်းတွေကိုပါ လေ့လာခွင့်ရရှိစေတယ်။

READ
ကမ္ဘာပေါ်မှာ သွားလည်ချင်စရာအကောင်းဆုံး မြို့လေး (သို့) အမ်စတာဒမ်
NINJA Café & Bar
NINJA Café & Bar
NINJA Café & Bar

တကယ်လို့များ တိုကျိုကို ရောက်ခဲ့သည်ရှိသော် ဒီ NINJA Café & Bar ကို သွားပြီး နင်ဂျာအတွေ့အကြုံတွေကို ရယူနိုင်ပါတယ်။

NINJA Café & Bar
NINJA Café & Bar

Matthew (ShweMOM)

SHARE