Super Mario ဇာတ်ကားအတွက် Illumination နဲ့ လက်တွဲမယ်လို့ Nintendo ကြေညာ

လအတော်ကြာ ကောလာဟလသတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ Super Mario Bros ဆိုတဲ့ ဇာတ် ကားအတွက် Nintendo က ဘယ်သူနဲ့ လက်တွဲသွားမလဲဆိုတဲ့ကိစ္စကို နောက်ဆုံးမှာတော့ သိခွင့်ရခဲ့ပါပြီ။ ဒီအေ ကြာင်းကိုတော့ ဂျပန်ဗီဒီယိုဂိမ်း ထုတ်လုပ်တဲ့ Nintendo Co Ltd ကနေ ဖေဖော်ဝါရီလ (၁)၇က်နေ့က အတိအလင်း အ သိပေးကြေညာလိုက်တာပါ။

အမေရိကန် ရုပ်ရှင်စတူဒီယို Illumination Entertainment နဲ့ လက်တွဲလုပ်ဆောင် သွားကြမှာပါ။ ဒီရုပ်ရှင်ကားကိုတော့ Universal Pictures ကနေ ဖြန့်ချိပေးသွားမှာပါ။ ထုတ်မယ့်ရက် အတိအကျကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ President Tatsumi Kimishima က ပြောပါတယ်။

Nintendo  နဲ့ Illumination တို့က ပါတနာအဖြစ်လက်တွဲမှာဖြစ်ပြီး နာမည်ကြီးဗီဒီယိုဂိမ်းဒီဇိုင်နာ Shigeru Miyamoto နဲ့ Illumination Entertain ရဲ့ CEO Chris Meledandri တို့က ပူးတွဲထုတ်လုပ်သူ (Co-producer) အဖြစ်နဲ့ ပါဝင်သွားကြမှာပါ။

READ
အသက်(၁၂)အမျိုးသမီးငယ်များအိမ်ထောင်ပြုခြင်းကို ဗာဂျီးနီးယားမှာတားမြစ်

Meledrandri  ဟာ တကယ့်နာမည်ကြီးပရိသတ်တွေလည်း အရမ်းကြိုက်ခဲ့တဲ့ 3D computer-animated  ဇာတ် ကားတွေဖြစ်တဲ့ Minions (2015)၊ Despicable Me စီးရီးနဲ့ Secret Life of Pets တို့ရဲ့ ထုတ်လုပ်သူပါ။ ဒါကြောင့် လည်း ဂျပန်ဗီဒီယိုဂိမ်းထုတ်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီ Nintendo နဲ့ Animation ကုမ္ပဏီ Illumination Entert ainment တို့ဟာ တကယ့်ကို လိုက်ဖက်တဲ ပါတနာ လက်တွဲမှုပါ။

လက်ရှိမှာတော့ Nintendo ကလည်း Nintendo Switch ဆိုတဲ့ အရောင်းရဆုံးဂိမ်းနဲ့ ဂိမ်းလောကထဲကို တကျော့ပြန်လည် ဦးဆောင်ဝင်ရောက်နေပါတယ်။ Nintendo  ရဲ့ Mario Odyssey ကလည်း (၂၀၁၇)ရဲ့ ရောင်းအားအကောင်းဆုံး ဂိမ်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

READ
အလောင်းကိုသယ်ရလွယ်အောင် အရိုးတွေချိုးပစ်ခဲ့သည့်ဆေးရုံလုပ်သားများ

Mario Kart ဂိမ်း (၂၀၁၉) မတ်လမှာ ထုတ်မယ်လို့ ကြေညာပြီးနောက်မှာပဲ Nintendo ကနေ Illumination နဲ့ လက်တွဲလိုက်တယ်ဆိုတဲ့ သတင်းကို ကြေညာခဲ့တာပါ။ Nintendo ရဲ့ အဓိက ပင်မ၀င်ငွေဟာ Gaming console စီးပွားရေး အပေါ်မှာ မှီခိုနေတာပါ။ ဒါကြောင့်လည်း ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဝင်ငွေကို Gaming console  တစ်ခုတည်း ပေါ် မမှီခိုချင်တော့လို့ တခြားလုပ်ငန်းနယ်ပယ်တွေမှာပါ ချဲ့ထွင်လုပ်ကိုင်လာပုံရပါတယ်။

ref;vh1

SHARE