ဂိမ်းလောကထဲမှာ ထင်ရှားတဲ့သူတွေဟာ ဒီဇိုင်နာတွေ၊ ဒါရိုက်တာတွေ၊ အနုပညာရှင်တွေနဲ့ ဂီတပညာရှင်တွေ အများစုဖြစ်ပါတယ်။ ဒါပေမဲ့ Satoru Iwata ကတော့ လူချစ်လူခင်အများဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဗီဒီယိုဂိမ်းလောကမှာ ထူးခြားထင်ရှားသူဖြစ်ပါတယ်။ Iwata ဟာ Nintendo ရဲ့ ဥက္ကဌကြီးအဖြစ် ၂၀၀၂ခုနှစ်ကနေ ၂၀၁၅ ခုနှစ် သူကွယ်လွန်တဲ့အချိန်အထိ ကုမ္ပဏီမှာအမှုထမ်းခဲ့ပါတယ်။
အခုဆို သူကွယ်လွန်ခဲ့တာ ငါးနှစ်ပြည့်ပြီဖြစ်တာတောင် Iwata ဟာ အများရဲ့ချစ်ခင်လေးစားခံနေရတုန်းပါပဲ။ Iwata ကို လူတွေလေးစားချစ်ခင်ရတာ အကြောင်းတော့ရှိပါတယ်။ ၂၀၁၀ခုနှစ်အစောပိုင်းမှာ Nintendo ဟာ ငွေရေးကြေးရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ၂၀၁၀ခုနှစ်ကစပြီး နှစ်စဉ်ဆက်တိုက် ရောင်းအားတွေကျလာပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရှယ်ယာရှင်တွေစုပြီး အစည်းအဝေးလုပ်ပါတယ်။
View this post on Instagram
အစည်းအဝေးထဲမှာတော့ ရှယ်ယာရှင်တစ်ဦးက Nintendo အရောင်းအားတွေ ဆက်တိုက်ကျနေရတဲ့အချက်ကိုဆွေးနွေးတဲ့အပြင် ဝန်ထမ်းဦးရေလျှော့ဖို့အတွက်တောင် Iwata ကိုမေးမြန်းခဲ့ပါတယ်။ Iwata ကတော့ “ခင်ဗျားမေးခွန်းကို နားလည်သလောက်ပြောရရင် ခင်ဗျားဟာ ကျွန်တော်တို့ အခုထိဘာကြောင့် အမြတ်မရသေးဘူးလဲဆိုတာ မေးနေတာပါ။ အရင်တုန်းကဆို ဒီလိုရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ပဲ အမြတ်အစွန်းတွေရခဲ့တယ်လေ။ ဒီပြဿနာရဲ့အဓိကအကြောင်းရင်းက နိုင်ငံခြားငွေတန်ဖိုးလျော့လာလို့ပါ။ ဥပမာပြောရရင် အမေရိကန်ဒေါ်လာနဲ့ ယူရိုပေါ့။”
“ဆိုလိုတာက Nintendo ရဲ့ နိုင်ငံခြားအဝယ်တွေဟာ အမြတ်တွေရတဲ့နှစ်နဲ့ ပမာဏအတူတူ အရောင်းအဝယ်ဖြစ်တယ်ဆိုရင်တောင် ယန်းငွေပြန်ပြောင်းလိုက်တဲ့အခါကျတော့ ပုံမှန်ထက် တန်ဖိုးနည်းသွားတာပါ။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ထုတ်လုပ်ရေးတော်တော်များများက ဂျပန်မှာလုပ်ပြီး လစာကိုယန်းနဲ့ပေးတာဆိုတော့ ဝင်ငွေတော်တော်များများက ကုန်ကျစရိတ်တွေထဲ ပဲ့ပါသွားတာပေါ့။ တကယ်လို့ ကုမ္ပဏီမှာ အလုပ် လုပ်တဲ့သူတွေဟာ သူတို့အလုပ်ပြုတ်မှာ ကြောက်နေရင် ဂိမ်းသမားတွေရဲ့အသဲနှလုံးကိုလှုပ်ခတ်နိုင်တဲ့ ဂိမ်းမျိုးတွေ ဖန်တီးနိုင်တော့မှာမဟုတ်ဘူး။” ဆိုကာ Iwata က ဝန်ထမ်းတွေဘက်က ရပ်တည်ပြီး ပြန်ပြောခဲ့တာပါ။
View this post on Instagram
Iwata ရဲ့ ဆုံးဖြတ်ချက်ဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ Nintendo ဟာ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တစ်လျှောက်လုံးမှာ ဆက်တိုက်အရှုံးပေါ်နေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမြတ်အစွန်းတွေပြန်လည်ရရှိလာပြီး ကုမ္ပဏီထူထူထောင်ထောင်ပြန်ဖြစ်ခဲ့ပါတယ်။ Iwata ရဲ့ သဘောထားနဲ့ မူဝါဒကို စွဲကိုင်ထားဆဲ Nintendo ဟာ အခုအချိန်ထိ ငွေရေးကြေးရေအရ အတောင့်တင်းဆုံး အီလက်ထရောနစ်နဲ့ ဗီဒီယိုဂိမ်းကုမ္ပဏီကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတော့တယ်။
ShweMom