Nintendo အတွက် အောင်မြင်မှုမှတ်တိုင်ဖြစ်လာတဲ့ Nintendo Switch

Photo source: Internet

TV နှင့်ချိတ်ဆက်ပြီး ဆော့ကစားနိုင်တဲ့ ဂိမ်းပုံစံနှင့် လက်ကိုင်ဂိမ်းစက်(သို့မဟုတ်) Gaming Tablet ကဲ့သို့ ကိုင်တွယ်ဆော့ကစားနိုင်တဲ့ပုံစံ စတဲ့ ဂိမ်းကစားမှုပုံစံနှစ်မျိုးကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ Nintendo ရဲ့ Nitendo Switch ဂိမ်းစက်ဟာ စတင်ထုတ်လုပ်စဉ်က ကုမ္ပဏီအတွက် စွန့်စားမှုကြီးတစ်ခုပဲဖြစ်ပါတယ်။

ဥရောပဂိမ်းကစားသူများရဲ့ သတင်းအချက်အလက်အရ Nintendo က Switch ဂိမ်းစက်ရဲ့ ဒေတာအသုံးပြုမှုကို ၆လစာ ဘဏ္ဍာရေးရှင်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

Photo source: Internet

ဂိမ်းကစားသူများရဲ့ စက်အသုံးပြုချိန်ရဲ့ (၈၀) ရာခိုင်နှုန်းမှာ ဘယ်လို mode မျိုးအသုံးပြုသလဲဆိုတဲ့ ဂိမ်းကစားသူများရဲ့ အသုံးပြုမှုပုံစံကိုပါ အဆိုပါ စာရင်းရှင်းတမ်းတွင် ဖော်ပြထားခဲ့ပြီး TV mode ကို ဂိမ်းကစားသူ (၁၈)ရာခိုင်နှုန်းဝန်းကျင်က အချိန်တော်တော်များများ ကစားခဲ့ကြပေမယ့် Tabletop နှင့် Handheld Mode ကိုတော့ ဂိမ်းကစားသူ များရဲ့ (၃၀) ရာခိုင်နှုန်းက အသုံးပြုခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဂိမ်းကစားသမားများက 3DS လက်ကိုင် ကစားမှုပုံစံကို ပိုမိုနှစ်သက်ကြောင်း သိရှိရပါတယ်။ Nintendo ကလည်း Handheld mode ကို ပိုမိုအဓိကအသုံးပြုဆော့ကစားကြသော်လည်း Tabletop Mode ကိုတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုတာ မတွေ့ရှိရဘူးလို့လည်း ဖော်ပြထားပါတယ်။

READ
Downvote ခလုတ် အသုံးပြုဖို့ စမ်းသပ်နေတဲ့ Facebook

ဖော်ပြပါ အကြောင်းအရာများထက် စိတ်ဝင်စားစရာကောင်းတဲ့အချက်က Switch ဂိမ်းစက်ပိုင်ဆိုင်သူ (၅၀)ရာခိုင်နှုန်းဟာ TV နှင့်ချိတ်ဆက်ပြီး Game Console အဖြစ်အသုံးပြုကြသလို 6.2 လက်မမျက်နှာပြင်အရွယ်အစားကြောင့် သယ်ရလွယ်ကူတဲ့ Gaming tablet အဖြစ် သယ်ဆောင်အသုံးပြုကြတာကိုလည်း တွေ့ရှိရတာပဲဖြစ်ပါတယ်။ ဒါဟာ ဂိမ်းစ်ကစားသူများ အသုံးပြုပုံ(၂)မျိုးစလုံးကို နေရာမရွေးအသုံးပြုနိုင်အောင် စွန့်စားထားတဲ့ သူတို့ရဲ့ အောင်မြင်မှုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Photo source: Internet

Nintendo Switch ရဲ့ပထမနှစ် ဒေတာ ရောင်းချရငွေဟာ စုစုပေါင်း ဒေါ်လာ (၁၆.၇၄) မီလီယံရရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ Nintendo အတွက် အနာဂတ်နည်းပညာနဲ့ပေါင်းစပ်ဂိမ်းဖန်တီးတဲ့ ပထမဦးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်စေမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်လာပါက သူတို့ဟာ 3DS ကို အစားထိုးဖို့လိုအပ်တော့မှာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ Nintendo Switch 2 ကို ထုတ်လုပ်နိုင်တော့မှာမို့လို့ပါပဲ။

READ
Figerprint sensor အပြည့်နဲ့ port အပေါက်တွေ လုံးဝမပါတဲ့ Vivo ရဲ့ Apex 2019

3DS ဂိမ်းစက်များရဲ့ အောင်မြင်တဲ့ အတိုင်းအတာက သိသိသာသားနိဂုံးချုပ်လာခဲ့ပြီး Nintendo က သတ်မှတ်ထားတဲ့ အရောင်းပမာဏ ဒေါ်လာ (၇၀)မီလီယံ ရောက်ရှိခဲ့ပါက Hardware ထုတ်လုပ်မှုနှင့် Software ထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းသွားမည်ဖြစ်ပါတယ်လို့လည်း ကြေညာထားပါတယ်။

SiThu (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE