ဒုံးကျည်စမ်းသပ်စဉ် ကိုယ့်မြို့ကို ပြန်ပစ်သလိုဖြစ်ခဲ့ရတဲ့ မြောက်ကိုရီးယား

နယူကလီးယားနဲ့ ဒုံးကျည်ပိုင်ဆိုင်မှုမှာ ကမ္ဘာက ရှိန်နေရတဲ့ မြောက်ကိုရီယားဟာ ပြီးခဲ့တဲ့(၃)နှစ်အတွင်းမှာ ဒုံးကျည်နဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ အမေရိကန်ရဲ့ ဆန်ရှင်ပိတ်စို့မှုနဲ့ ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကို အကြိမ်ကြိမ်အနှောက်အယှက်ပေးခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခုလည်း စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်တွေက မြောက်ကိုရီးယားဟာ မကြာသေးခင်က ဒုံးကျည်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ပစ်လွှတ်လိုက်တဲ့ဒုံးကျည်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နောက်ဆုံးမှာတော့ Tokchon မြို့ကို သွားရောက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

AP

စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ Hwasong-12 အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံတွေအရ ဒုံးကျည်တိုက်ရိုက်ထိမှန်ခဲ့တဲ့ Tokchon မြို့မှာ ကြီးမားတဲ့အပျက်အစီးအကြီးကို တွေ့ခဲ့ရပါတယ်။ Tokchon မြို့ဟာ အိမ်ခြေ (၂)သိန်းခန့် တည်ရှိပြီး လူနေထူထပ်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။

AP

အမေရိကန်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်အရ Pukchang Airfield မှာ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ပုံရပြီး၊ (၂၅)တန် အလေးချိန်ရှိတဲ့ ပေါက်ကွဲအားပြင်း Hwasong-12 ဒုံးကျည်ကို အသုံးပြုခဲ့တာဖြစ်နိုင်ကြောင်း ဆိုပါတယ်။ အဆိုပါဒုံးကျည်ဟာ စတင်ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအကြာမှာပင် ထိန်းချုပ်မှုစနစ်မှားယွင်းခဲ့တာလို့ သိရပါတယ်။

READ
မုန်တိုင်းအလယ် ရင်သွေးငယ်ကို ကာကွယ်ပေးရင်း ဒဏ်ရာများစွာ ရခဲ့ရှာတဲ့ မိခင်

ပျက်စီးသွားတဲ့ အဆောက်ဦဟာ စက်မှုလုပ်ငန်းတစ်ခုပိုင် အဆောက်ဦ သို့မဟုတ် စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ အဆောက်ဦတစ်ခု ဖြစ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ (၂၀၁၆)ခုနှစ်မှာ ရိုက်ကူးထားတဲ့ GoogleEarth မြေပုံမှာတော့ အဆိုပါအဆောက်ဦကြီးဟာ အကောင်းအတိုင်းတည်ရှိနေပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်ယူခဲ့တဲ့ ဓာတ်ပုံမှာတော့ အပျက်အစီးတွေများစွာ တွေ့ခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE