အချစ်ဒီဂရီတွေ အမြင့်ဆုံးရောက်နေတဲ့ Selena နဲ့ The Weeknd

နာမည်ကျော်အဆိုတော်မလေး Selena Gomez နဲ့ သူမရဲ့ချစ် သူ အဆိုတော် The Weeknd တို့ဟာMet Gala   (2017)ပွဲသို့ အ တူတက်ရောက် လာခဲ့ပါတယ်။နှစ်ယောက်သားရဲ့ မျက်နှာမှာတော့ အ ချစ်ပန်းတွေပွင့်ပြီး၊တကယ့်ကို ချစ်ကြင်နာစချစ်သူစုံတွဲတွေဆိုတာကို သိသာနေပါတယ်။ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ သူတို့ရဲ့ ချစ်ဇာတ်လမ်းဟာ ဓါတ်ပုံတွေကြောင့် လူတွေသိခွင့်ရခဲ့တာပါ။

ပွဲတက်ရောက်လာတဲ့ သူတို့စုံတွေဟာ လူတွေရှေ့မှာပါ အနမ်းပန်းေ တွခြွေနေခဲ့ကြပါတယ်။သူတို့နှစ်ယောက် နမ်းနေတဲ့ အချိန်မှာ The Weeknd  ရဲ့ချစ်သူဟောင်း Bella Hadid က နောက်မှာရှိနေခဲ့ပါ တယ်။နယူးယော့ခ်မှာကျင်းပခဲ့တဲ့ ဒီပွဲမှာတော့ သူတို့စုံတွဲဟာ ဘေးက လူတွေကိုတောင် လုံးဝရှိတယ်မထင်ပဲ နှစ်ယောက်တည်းကမ္ဘာ ထူေ ထာင်နေသလို ချစ်ကြည်နူးနေခဲ့ကြတာပါ။လက်ချင်းချိတ် ပျော်မြူးနေ ကြပြီး နှစ်ယောက်သားပါးစပ်စေ့ဖို့တောင်မေ့နေသလား ထင်ရပါတယ်။

READ
နာမည်ကျော် ကေပေါ့အနုပညာရှင်တွေ မတ်လမှာ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေမည်

Selena ကတော့Selena  ဆိုတဲ့အတိုင်းပါပဲ သူမ၀တ်ထားတဲ့ ဖက်ရှင် စတိုင်က သူမနဲ့အရမ်းကိုလိုက်ဖက်လှပနေတာကို တွေ့ရပါ တယ်။ဖက်ရှင်ကုမ္ပဏီ Coach ရဲ့ ပခုံးနဲ့ရင်အထက်ပိုင်းပေါ်တဲ့ လည်ပင်းကျယ် လည်ဟိုက်ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး၊Tiffany & Co ရဲ့ရွှေရောင် ဖိနပ် ကိုဆင်မြန်းထားတာဟာ ခေါင်းစခြေအဆုံး အရမ်းကို လိုက်ဖက်ပြီး ကျော့ရှင်းလှ ပနေခဲ့ပါတယ်။

Ref;Daily Mail

SHARE