အရွယ်နဲ့ မလိုက်အောင် နုပျိုလွန်းပြီး ဖက်ရှင်အလန်းစားတွေပဲဝတ်တဲ့ အသက်(၇၀)ဖွားဖွား

[email protected]

အသက်ကြီးလာတဲ့ လူတော်တော်များများဟာ များသောအားဖြင့် သူတို့ရဲ့ ဇရာကို မဖုံးလွှမ်းနိုင်ကြပါဘူး။ ဆံပင် ဖြူတဲ့အပေါ်ကိုသာ ဆံပင်အမည်းဆိုးပြီး အသက်ငယ်ချသ်ယောက်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် အသားရေနဲ့ ပါးရေနားရေတွေ တွန့်လာတတ်တဲ့အပေါ်မှာတော့ လိမ်လို့ မရလောက်ပါဘူး။ အခုပြောပြချင်တဲ့ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဖွားဖွားကတော့ ကမ္ဘာပေါ်မှာ အမိုက်ဆုံးဖွားဖွားလို့တောင် တင်စားရမလားပဲ။

ပုံစံကတော့ မြင်တဲ့အတိုင်းပါပဲ။ အသက် ၇၀ အရွယ်လို့ လုံးဝထင်ရက်စရာမရှိတာပါ။ ရုတ်တရက်ကြည့်လိုက်ရင်တောင် အသက် ၃၀ ပတ်ချာလည်လောက်မှာ ရှိနိုင်တဲ့ လူမျိုးပါ။ အဲဒီဖွားဖွားရဲက နာမည်ကတော့ Vera Wang ပဲ ဖြစ်ပါတယ်။

Vera ဟာ အခုလို အသက် ၇၀ နီးပါးရှိနေပြီဖြစ်တာတောင် ဖက်ရှင်ကတော့ လူငယ်တွေနဲ့ အပြိုင် လိုက်ဝတ်နိုင်ပါသေးတယ်။ ဖက်ရှင်ပိုင်းမှာလည်း Vera ကို သွားနောက်လို့ မရပါဘူး။ ဖွားဖွား Vera ဟာ လက်ရှိအချိန်ထိကို ကျန်းမာသန်စွမ်းနေပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာဆိုရင်လည်း လူငယ်လေးတစ်ယောက်လို တက်ကြွဖျတ်လတ်နေဆဲပါပဲ။

View this post on Instagram

4 th of May 2020….. ‘Met’ing in Miami. 😢

A post shared by Vera Wang (@verawang) on

“ကျွန်မကို အသက် ၇၀ ဆိုတာကို လူတွေက တော်တော်များများ မယုံကြည်ကြဘူး။ အဲဒီလိုဖြစ်နေလို့ ကျွန်မကို နုပျိုအောင် ဘာလုပ်ရလဲ၊ ဘာစားသလဲ၊ ဘယ်လိုနေထိုင်လဲ အစရှိတဲ့ မရိုးနိုင်တဲ့ မေးခွန်းတွေ လာလာမေးတတ်ကြတယ်။ ကျွန်မလည်းလူပါပဲ။ သူတို့နေသလိုထိုင်သလိုပုံစံပဲ နေပါတယ်။ အစားအစာမှာဆိုရင်လည်း အကုန်စားပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ သင့်တင့်လျောက်ပတ်တဲ့ အစားအစာတွေကိုပဲ စားတယ်။ နောက်တစ်ခုကတော့ လူတိုင်းမလုပ်နိုင်ပါဘူး။ ကျွန်မ ၁၇ နှစ်သမီးကတည်းက အခု အသက် ၇၀ ရှိတဲ့အထိ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေလုပ်တာ တစ်ရက်မှ မပျက်ဖူးပါဘူး” လို့ Vera က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE