ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ မော်တော်ကား လုံးဝမသုံးတဲ့ ကျွန်းပေါ်က မြို့လေး

[email protected]

ဒီလောက်တိုးတက်နေတဲ့ ကမ္ဘာကြီးပေါ်က ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတိုင်း၊ မြို့တိုင်းလိုလိုမှာတော့ မော်တော်ကား အသုံးပြုစီးနင်းသူတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် ခေတ်မှီတိုးတက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး မော်တော်ကား အသုံးပြုသူ လုံးဝမရှိတဲ့ ကျွန်းငယ်တစ်ခုပေါ်က မြို့လေးတစ်မြို့ရှိပါတယ်။ အဆိုပါ မြို့မှာ နေထိုင်တဲ့ လူတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် မော်တော်ကားကို လုံးဝမသုံးပဲ မြင်းလှည်းတွေ၊ စက်ဘီးတွေကို သုံးလေ့ရှိကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@baileyyjanetteSo so so SO thankful for the Service Company and all they do!! Stocking up Douds before the heat rolls in ##mackinacisland ##puremichigan♬ original sound – baileyyjanette

အဆိုပါ မြို့ကလေးကတော့ အမေရိကန်နိုင်ငံ၊ Michigan ပြည်နယ်မှာရှိတဲ့ Mackinac ကျွန်းကလေးပဲ ဖြစ်ပါတယ်။ အဆိုပါ ကျွန်းမှာ နေထိုင်တဲ့ ဒေသခံတွေဟာ လူပေါင်း ၅၀၀ ကျော်သာရှိပြီး အင်မတန်ကိုအေးချမ်းသာယာလှတဲ့ ကျွန်းပေါ်က မြို့ကလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီမြို့ကလေးရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် ဒီမြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ မော်တော်ကားကို လုံးဝ အသုံမပြုတာပါပဲ။

READ
လတ်ဆတ်တဲ့ခံစားမှုတွေပေးနိုင်မယ့် ကမ္ဘာတစ်ဝန်းက ရောင်စုံမြို့လေးများ

 

@baileyyjanetteHi! I’m Bailey. Have you ever been to ##mackinacisland ? I live here! ❤️✨##michigancheck ##fyp ##puremichigan♬ Up Beat (Married Life) – Kenyi

ဒီလိုမော်တော်ကားကို လုံးဝအသုံးမပြုတာကြောင့် ဒီမြို့ကလေးရဲ့ လေထုဟာ အင်မတန် သန့်ရှင်းလတ်ဆတ်ပြီး တော်တော်လေးကို နေချင်စရာကောင်းတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြိုကက ဒေသခံတွေဟာ မော်တော်ကားအစား မြင်းလှည်းရထား၊ စက်ဘီး အစရှိတဲ့ ယာဉ်တွေကိုသာ သွားလာရေးအတွက် အသုံးပြုလေ့ရှိကြောင်း သိရပါတယ်။ အပေါ်က ဗီဒီယိုကိုတော့ Tiktok အသုံးပြုသူ Bailey Janette လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်က ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

READ
တရုတ်ပြည်မသွားခင် သိထားသင့်တာလေးများ
[email protected]

“ဒီတစ်ခေါက်နဲ့ဆို ဒီကျွန်းကို ရောက်တာ နှစ်ခေါက်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ အလုပ်တာဝန်တဲ့ လာပြီး ဒီမှာ အချိန်တော်တော်ကြာနေခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကဆို လုံးဝဒီမြို့လေးကို ရူးသွပ်ခဲ့ရတာပါ။ အရမ်းကို တိတ်ဆိတ်ငြိမ်းချမ်းတဲ့နေရာလေးပါ။ ကားသံတွေအစား မြင်းလှည်းအသံလေးတွေ၊ အေးမြတဲ့ ရာသီဥတုရယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ လေထုကို ရှုရှိုက်ရတာတွေကြောင့် ဒီမြို့လေးကို အခုလို နောက်ထပ်အလည်တစ်ခေါက် ပြန်လာခဲ့တာပါ” လို့ Bailey က ပြောကြားခဲ့ပါတယ်။

Pyi Hein  Kyaw

SHARE