ဖိုမအင်္ဂါနှစ်ခုပါဝင်တဲ့ ပုတ်သင်ငါးအပါအ၀င် အသစ်တွေ့ရှိထားတဲ့ ထူးဆန်းရေနေသတ္တ၀ါများ

အမေရိကန်အခြေစိုက် အဏ္ဏ၀ါသိပ္ပံ အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Oceanic and Atmospheric Administration (NOAA) ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန် အရှေ့တောင်ပိုင်းရေနက်ထဲကို ရေငုပ်သင်္ဘောတစ်စီးနဲ့ လေ့လာခဲ့ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ပေထောင်ပေါင်းများစွာအနက်မှာ ရှိနေခဲ့တဲ့ သက်ရှိရေသတ္တ၀ါတွေရဲ့ အကြောင်းကို NOAA ဟာ အခုလိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မျက်လုံးပြူးပြူးနဲ့ ဖက်ထုပ်ပုံစံရှိနေတဲ့ ပြည်ကြီးငါးနဲ့ ခြောက်ခြားစရာကောင်းလှတဲ့ ပုတ်သင်ငါးမျိုးစိတ်အပြင် လှပပြီး တွေ့နေကျမဟုတ်တဲ့ ရေသတ္တ၀ါအမျိုးပေါင်းများစွာကို လေ့လာရေးအဖွဲ့သားတွေက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရေအောက်လေ့လာရေးကို တစ်လကြာလုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ(၂)ရက်နေ့မှာတော့ လေ့လာရေးပြီးဆုံးခဲ့ပါတယ်။

တစ်လတာ အဏ္ဏ၀ါသုတေသနပြုလုပ်ချက်ကို အမေရိကန် အရှေ့တောင်ဘက် ကုန်းမြေအစွန်းတစ်လျှောက် ဖြစ်တဲ့ ဖလော်ရီဒါကနေ မြောက်ကယ်ရိုလိုင်းနား ရေအောက်တစ်ကြောမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ(၁)ရက်နေ့မှာတော့ ပင်လယ်ရေအောက်ပေ (၅,၈၁၀) အနက်မှာ အောက်မှာတွေ့ရတဲ့ ပုတ်သင်ငါးကြီးကို တွေ့ရှိခဲ့ပါတယ်။

READ
ပြည်သူတွေ ငတ်မွတ်နေပေမယ့်၊ သူဌေးကြီးတွေ အပြုံးမပျက်တဲ့ မြောက်ကိုရီးယား
NOAA

Bathysarus ငါးမျိုးစုဝင် ၄င်းပုတ်သင်ငါးကြီးရဲ့ မျက်နှာဖျော့ဖျော့မှာတော့ အသက်ကင်းမဲ့နေတယ်လို့ ထင်ရတဲ့ အနက်ရောင်မျက်လုံးသေတွေအပြင် သွားချွန်ချွန်တွေနဲ့ အပြည့်ဖြစ်နေတဲ့ ပါးစပ်ကျယ်ကြီးလည်း ရှိပါတယ်။ National Geographic အရတော့ ငါးကြီးမှာ ဖို၊မအင်္ဂါ နှစ်ခုစလုံးပါဝင်ကြောင်းနဲ့ နှစ်ပေကျော်အရှည်အထိ ကြီးပြင်းနိုင်ကြောင်းသိရပါတယ်။

NOAA

ဒါ့အပြင် အရင်တုန်းက တစ်ခါမှမတွေ့ဖူးသေးတဲ့ အနီမိုနီပန်းနဲ့အတူ ပန်းရောင်နဲ့ လိမ္မော်ရောစပ်နေတဲ့ ဟိုက်ဒွိုက်ရေနေသတ္တ၀ါတစ်မျိုးကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

NOAA

အခုတွေ့ရှိရတဲ့ရေနေသတ္တ၀ါကတော့ ပထမဆုံးလေ့လာစဉ်အတွင်း တွေ့ရှိခဲ့တဲ့ မိုလာမိုလာ အမည်ရ သမုဒ္ဒရာ နေငါး ပဲဖြစ်ပါတယ်။

NOAA

အောက်မှာတွေ့ရတာကတော့ ဖက်ထုပ်ပြည်ကြီးငါးလို့ အမည်ပေးထားတဲ့ ပြည်ကြီးငါးတစ်ကောင်ပါ။ ဒါပေမယ့်လည်း သူကအခြားပြည်ကြီးငါးတွေ၊ ကင်းမွန်တွေနဲ့မတူပါဘူး။ သူတို့တွေမှာ ရေယက်တွေပါဝင်ပြီး ထိုင်နိုင်တဲ့အပြင် ပင်လယ်ကြမ်းပြင် အောက်ခြေမှာလည်း သူတို့ကိုယ်သူတို့ နှစ်မြုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဖက်ထုပ်ပြည်ကြီးငါးတွေက သူတို့ရဲ့ရေယက်တွေကို ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတာကြောင့် အခြားပြည်ကြီးငါးတွေနဲ့ ခွဲခြားဖို့ ခဲယဉ်းကြောင်း NOAA ကဆိုပါတယ်။

READ
လူသတ်ရာဇာတွေကိုမှ အရမ်းချစ်မိခဲ့တဲ့ အံ့ဖွယ်ပါရမီဖြည့်ဘက်များ
NOAA

လင်းလင်း (ShweMom)

Ref: Dailymail

SHARE