CMT Awards 2020 မှာ အဝတ်မဲ့လုနီးနီး ပုံစံမျိုးနဲ့ ဖျော်ဖြေခဲ့တဲ့ Noah Cyrus

instagram/noahcyrus

Noah Cyrus ဟာ ၂၀၂၀ CMT Awards ပွဲမှာ အဝတ်ဗလာဖြစ်လုနီးပါးဝတ်စားလာခဲ့ကြောင်း pagesix သတင်းအရသိရပါတယ်။ CMT Awards ကတော့ ပရိသတ်တွေရဲ့မဲကိုအခြေခံပြီး country တေးဂီတဗီဒီယိုတွေကိုဆုပေးတဲ့အခမ်းအနားပါ။

 

View this post on Instagram

 

WAP

A post shared by noah (@noahcyrus) on

အသက် ၂၀ပဲရှိသေးတဲ့အဆိုတော် Noah Cyrus ဟာ Jimmie Allen နဲ့ This is Us အမည်ရတဲ့သီချင်းကို ဗုဒ္ဓဟူးနေ့ညတုန်းက CMT Awards ပွဲမှာ သီဆိုဖျော်ဖြေခဲ့တာပါ။ Cyrus ဟာ ဖောက်ထွင်းမြင်ရပြီး တစ်လက်လက်ထနေတဲ့ ဘီကီနီ အသားကပ်ဝတ်စုံဒီဇိုင်းကိုဝတ်ဆင်ထားတာပါ။

READ
(၂၀၁၇)မှာ ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ကိုရီးယားဆယ်လီများ

သူဟာ လက်မောင်းဝက်ထိရှည်လျားတဲ့ လက်အိတ်တစ်စုံနဲ့အတူ Phallic Cvnt ရဲ့ ကောင်းဘွိုင်ဦးထုပ်ကိုလည်းဆောင်းထားပါတယ်။ ပြီးတော့ Jeffrey Campbell က ပေါင်တစ်ဝက်ထိရှိတဲ့ ဘွတ်ဖိနပ်နဲ့ Chrishabana လက်ဝတ်ရတနာတွေကိုဝတ်ဆင်ထားခဲ့ပါတယ်။

ပရိသတ်အများစုကတော့ Cyrus ရဲ့ တေးဆိုသံကိုနှစ်သက်ကျပေမယ့် တစ်ချို့ကတော့ အဝတ်မဝတ်ထားတဲ့အတိုင်း အသားမှာကပ်နေတဲ့ သူ့ဝတ်စုံနဲ့ပတ်သက်လို့ ဝေဖန်နေကြပါတယ်။ တွစ်တာပေါ်မှာတော့ “Noah Cyrus က အဝတ်အစားဝတ်ဖို့ မေ့လာတယ်ထင်တယ်။” “ဒါ ကန်ထရီးတေးဂီတဆုပေးပွဲနော်။ အဝတ်လေးဘာလေးဝတ်ပါဦး” “သူက CMT Awards နဲ့ Victoria’s Secret Fashion Show က မတူတာ မသိဘူးထင်တယ်။ သူ့ဝတ်ထားတာ ရွံစရာမုန်းစရာကောင်းလိုက်တာ။ တခြား CMT အနုပညာတွေထဲ သူဝင်မပါနိုင်အောင်တားပေးပါ။” ဆိုပြီး အမျိုးမျိုးရေးသားခဲ့ကြတာပါ။ ဒါပေမဲ့ တစ်ချို့ကလည်း Cyrus ရဲ့ဝတ်စုံက တော်တော်လှပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေတယ်လို့လည်း ပြောနေကြပါသေးတယ်။

ShweMom

SHARE