စပ်စုချင်စိတ်ကြောင့် သံတိုင်ကြား (၅) နာရီကြာ ဒုက္ခခံလိုက်ရတဲ့ အမျိုးသမီး

facebook/radiolarocafm

ကိုလံဘီယာနိုင်ငံနေ အမျိုးသမီးကြီးတစ်ဦးဟာ အိမ်နီးချင်းတစ်ဦးရဲ့ အိမ်နားသွားပြီး ချောင်းမြောင်းနားထောင်ဖို့ လုပ်ခဲ့ရာမှ ဒုက္ခရောက်ခဲ့တဲ့အပြင် အရှက်ပါကွဲခဲ့ရကြောင်း elitereaders သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသမီးကြီးဟာ ၄င်းအိမ်နီးချင်းရဲ့ အိမ်တံခါးသံတိုင်ထဲ ခေါင်းလျိုသွင်းကာ သူများအိမ်အရေးကို စပ်စုခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူမက သံတိုင်ကြားထဲက ခေါင်းကို ပြန်မထုတ်နိုင်တော့ပဲ သံတိုင်တွေကြား (၅) နာရီကြာ ခေါင်းညှပ်နေခဲ့တာ ဖြစ်ပါတယ်။

ခေါင်းညှပ်ခဲ့သူ အမျိုးသမီးကြီးဟာ ရပ်ကွက်ထဲမှာ အင်မတန်စပ်စုတတ်သူ တစ်ဦးလို့လည်း သိရပါတယ်။ အခုတစ်ခါမှာလည်း သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ အတင်းပြောဖို့ ကုန်ကြမ်းရှာရင်းကနေ အခုလို သံတိုင်ကြား ခေါင်းညှပ်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ သူများအကြောင်းကတော့ ရပ်ကွက်ထဲမှာ တကယ်ပဲ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ သူမဘာသာ သူမ ခေါင်းထုတ်လို့မရတဲ့အဆုံး နောက်ဆုံးမှာတော့ မီးသတ်ဝန်ထမ်းတွေကို ခေါ်ခဲ့ရပါတော့တယ်။

READ
ကြွက်သားကြီးထွားဆေးတွေ ကိုယ်တိုင်ထိုးခဲ့တဲ့ အမျိုးသားရဲ့နောက်ဆက်တွဲရလဒ်
facebook/radiolarocafm

မီးသတ်ဝန်ထမ်းတွေရောက်လာတော့လည်း ချက်ခြင်းကြီး ၀ုန်းဒိုင်းဆိုသလို ခေါင်းကို ကယ်ထုတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ အချိန်(၅) နာရီကြာပြီးနောက်မှ သူမရဲ့ ခေါင်းဟာ သံတိုင်တွေကြားက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ မီးသတ်ဝန်ထမ်းတွေအနေနဲ့ ၄င်းအမျိုးသမီးကြီးကို ကယ်ထုတ်ဖို့ ဘာကြောင့် ဒီလောက်တောင် အချိန်တွေကြန့်ကြာနေရသလဲဆိုတာတော့ မသိရပါဘူး။ အချို့ကလည်း မီးသတ်ဝန်ထမ်းတွေက အမျိုးသမီးကြီးရဲ့ ရယ်စရာကောင်းတဲ့ အဖြစ်ကို တွေ့မြင်ရတာကြောင့် သူတို့ကိုယ်သူတို့ မရယ်မိအောင် ထိန်းရင်းကနေ အခုလို အချိန်ကြာသွားတာ ဖြစ်လိမ့်မယ်လို့လည်း တွေးနေကြပါတယ်။

facebook/radiolarocafm

အခုဆိုရင်တော့ သူတစ်ပါးအရေးသိပ်စိတ်ဝင်စားလွန်းလို့ သံတိုင်ကြားခေါင်းညှပ်တဲ့အထိ ဖြစ်ရတဲ့ အမျိုးသမီးကြီးရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာတော့ တော်တော်လေး ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။ လူတွေကတော့ ဒါဟာ ကိုယ်ပြုတဲ့ အကျိုးဆက်ကို ကိုယ်ပြန်ခံစားရတာလို့ ဆိုနေကြသလို သူများအတင်းပြောရာတာ နှစ်သက်သူတွေအတွက်တော့ အခုဖြစ်ရပ်လေးဟာ သင်ခန်းစာယူစရာ ဖြစ်နေကြောင်းလည်း ပြောနေကြပါတယ်။

Atrapada por chusma Ocurrió en Colombia- Insólito una mujer estuvo atrapada durante 5 horas en las rejas de una…

Posted by Radio La Roca FM 103.9 on Saturday, May 18, 2019

လင်းလင်း (ShweMom)

SHARE