ကမ္ဘာ့ပထမဆုံး rear camera ၅ လုံးပါရှိတဲ့ စမတ်ဖုန်း Nokia 9 PureView

Nokia ကနေ ဖုန်းအမျိုးအစားသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ PureView လို့ နာမည်ပေးထားတဲ့ ဖုန်းမှာ အဓိက highlight ကတော့ ကမ္ဘာ့ပထမဆုံးအနေနဲ့ rear ကင်မရာ ၅ လုံး ပါဝင်တာဖြစ်ပါတယ်။

Digital Trends

ဆင်ဆာ ၅ ခုနဲ့ စုပေါင်းထားတဲ့ ကင်မရာဖြစ်တဲ့အတွက် resolution မှာ 240 mega pixel တောင် ရှိပါတယ်။ ကင်မရာ ၂ ခုက color camera တွေ ဖြစ်ပြီး ကျန် ၃ ခုက monochrome sensor တွေ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံရဖို့ ကင်မရာ ၅ ခုက ဒေတာတွေကို AI စနစ်နဲ့ ပေါင်းစည်းပေးမှာ ဖြစ်ပါတယ်။

Nokia

Nokia 9 PureView ကို ဘာစီလိုနာမှာ ကျင်းပတဲ့ Mobile World Congress (MWC) ပွဲမှာ မိတ်ဆက်ပေးသွားခဲပတာပါ။ ဖုန်းမှာ Google Assistant button ပါဝင်လို့ ဖုန်းကို အသံထိန်းချုပ်မှု စနစ်နဲ့ အသုံးပြုနိုင်မှာပါ။ Wireless အားသွင်းစနစ်ဖြစ်ပြီး in-screen fingerprint sensor ပါရှိပါတယ်။

READ
ကီးဘုတ်ပေါ်ကFနဲ့ Jမှာ ဘာလို့အဖုလေးတွေပါတာလဲ?
Digital Trends

စမတ်ဖုန်းကုမ္ပဏီ တော်တော်များများက folding ဖုန်းတွေကို အာရုံစိုက် ထုတ်လုပ်နေကြချိန်မှာ Nokia က ဒီလို ဆန်းသစ်တဲ့ အိုင်ဒီယာကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ Nokia 9 PureView ကို ဈေးကွက်ထဲလည်း စဖြန့်ချိနေပါပြီ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၉၉ ဒေါ်လာ ဖြစ်ပါတယ်။

Nokia

Ref: Dailymail, Mirror

SHARE