နာမည်ကျော် Nokia သံစဉ်ကိုရေးဖွဲ့သူ စပိန်ဂစ်တာပညာရှင် ဖရန်စစ္စကိုတာရီဂါ

နည်းပညာပေါက်ကွဲမှုခေတ်ကြီးထဲမှာ ထွက်ပေါ်လာတဲ့ ထုတ်ကုန်တွေက လူတွေကို အမြဲအမှတ်ရနေမယ့် သင်္ကေတနဲ့ ရုပ်ပုံတွေကို ဖန်တီးပေးပါတယ်။ ဆယ်လ်ဖုန်းအသုံးပြုမှု များပြားလာတာနဲ့အမျှ အရာအားလုံးပြောင်းလဲသွားပါတယ်။ လိုဂိုတွေနဲ့ ဆောင်ပုဒ်တွေကို လူတွေ မှတ်မိလွယ်လာပြီး ယနေ့ကမ္ဘာကြီးကို တစ်နည်းတစ်ဖုံပြောင်းလဲ ထုဆစ်လိုက်ပါတယ်။ အဲဒီထဲကမှ ဥပမာတစ်ခုအနေနဲ့ ပြောရရင် Nokia သံစဉ်ပေါ့။ အဲဒီအသံကို လူတိုင်းနီးပါး သိကြပါတယ်။

Nokia ဟာကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၈၆၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဆက်သွယ်ရေးနည်းပညာနဲ့ နည်းပညာလောကအတွင်း ဆယ်စုနှစ်(၂)စုအထိ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ Nokia သံစဉ်ကို ၁၉၉၂ ခုနှစ်မှာ Nokia 1011 မော်ဒယ်ဖုန်းနဲ့ စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။

အဲဒီသံစဉ်ဟာ ၃စက္ကန့်ပဲကြာမြင့်ပါတယ်။ ထုတ်ကုန်မိတ်ဆက်မှုအပြီး ၁ နှစ်အကြာ ဖုန်းအားလုံးမှာ ထည့်သွင်းပြီး trademarked အသံအဖြစ် အသုံးပြုဖို့ ကုမ္ပဏီက ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၉၄ မှာ ဖြန့်ချိခဲ့တဲ့ Nokia 2110 မှာအခြား ringtone တွေနဲ့အတူ အဲဒီသံစဉ်လည်း ပါဝင်လာပါတယ်။ နောက်ထွက်တဲ့ မော်ဒယ်မှာတော့ အဲဒီသံစဉ်ကို နာမည်အမျိုးမျိုး ခေါ်ဆိုခဲ့ပြီး ၁၉၉၇ခုနှစ်မှာ သံစဉ်ကို Grande Valse လို့အမည်ပေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Nokia Tune လို့မိတ်ဆက်ခဲ့ပြီး Nokia ရဲ့အစစ်မှန်ဆုံး ringtone အတိုလေးဖြစ်လာပါတယ်။

READ
အိပ်မက်ဆန်စွာ တည်ဆောက်ထားတဲ့ တောတွင်းထဲက ထူးခြားဆန်းပြားသစ်ပင်အိမ်များ

အဲဒီသံစဉ်ကို မူလက ၁၉၀၂ ခုနှစ်မှာ စပိန်ဂစ်တာသမား ဖရန်စစ္စကိုတာရေဂါက ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဖရန်စစ္စကိုတာရေဂါဟာ အထူးချွန်ဆုံး ဂစ်တာသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ တာရေဂါကို ၁၈၅၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်၊ ဗီလာရီးရဲလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၂၀ ရာစု classic ဂစ်တာဟန်ကို တည်ထောင်သူပါ။ တာရေဂါရဲ့ဟန်ပန်ဟာ ၂၀ရာစုဂစ်တာသမားတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သူဟာ ကလေးဘဝကတည်းက classical ဂစ်တာနဲ့ စန္ဒရားတီးခတ်မှုကို သင်ယူခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင်တီးနိုင်ပါတယ်။ သူ့ခေတ်တုန်းက ဂစ်တာဟာ စန္ဒရားထက် နှိမ့်တယ်လို့ ယူဆခဲ့ကြပါတယ်။ တာရေဂါက ဂစ်တာကို ဆိုလိုတူရိယာအဖြစ် ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ခဲ့တယ်။ ကိုယ်ပိုင်လက်ရာ ၇၈ ခုကိုလည်း နောင်လာနောင်သားတွေအတွက် ထားပေးနိုင်ခဲ့ပါတယ်။

တာရေဂါကို Nokia သံစဉ်ကို ဖန်တီးသူအဖြစ် ချီးကျူးကြပါတယ်။ တာရေဂါက ၁၈၃၃ခုနှစ်က ဖရက်ဒရစ်ချိုပင်ရဲ့ Grande Valse ကအစိတ်အပိုင်းတစ်ရပ်ကို ငှားရမ်းပြီး တီးခတ်ခဲ့တာ ဖြစ်ပါတယ်။ ချိုပင်ရဲ့ ဂီတက ရရှိတဲ့ သံစဉ်ကို တာရေဂါက ကိုယ်ပိုင် Grande Valse မှာအသုံးပြုခဲ့ပါတယ်။

READ
စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်သူတွေအတွက် လိုက်နာရမယ့်အချက်(၅)ချက်

Nostal

SHARE