ဆေးလိပ်မသောက်တဲ့ဝန်ထမ်းကို (၁)နှစ်ကို ရုံးပိတ်ရက်(၄)ရက် သတ်မှတ်ပေးတဲ့ ကုမ္ပဏီ

ကုမ္ပဏီတစ်ခုမှ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကတော့ ကုမ္ပဏီအတွင်းဆေးလိပ်မသောက်တဲ့သူတွေကို တစ်နှစ်မှာ ခွင့်မဲ့ပျက်ခွင့် လေးရက်ပေးလိုက်တာပါပဲ။ အဲဒီကုမ္ပဏီကတော့ UK နိုင်ငံ၊ Wiltshire ပြည်နယ်၊ Stratton မြို့က KCJ Training Company ဖြစ်ကြောင်း UK News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

*Our new non-smoking policy starting 2020*Cheeky cigarette breaks are a common feature of all office environments so…

Posted by KCJ Training & Employment Solutions on Thursday, January 2, 2020

Don Bryden လို့ အမည်ရတဲ့ KCJ Training Company ရဲ့ CEO ဟာ ကုမ္ပဏီရှိ သူ့ဝန်ထမ်းတော်တော်များများဟာ တစ်ခါဆေးလိပ်သောက်ရင် အနည်းဆုံး (၁၅)မိနစ်ခန့်ကြာပြီး တစ်နေကုန်ကို အနည်းဆုံး (၄)ခါနဲ့ (၅)ခါကြား သောက်တာကြောင့် စုစုပေါင်းတစ်နေ့ဆေးလိပ်သောက်ချိန်ဟာ အနည်းဆုံး တစ်နာရီရှိကြောင်း သတိထားမိလာပါတယ်။

READ
Live သတင်းလွှင့်နေတုန်း ဓားပြအတိုက်ခံခဲ့ရတဲ့ CNN သတင်းထောက်
Myriams-Fotos

“ ကျွန်တော့်ဝန်ထမ်းတွေထဲက ဆေးလိပ်သောက်တဲ့သူတွေဟာ အနည်းဆုံးတစ်ခါသောက်ရင် ၁၅မိနစ်လောက်ရှိတယ်ဗျ။ တစ်နေ့ကို အနည်းဆုံးလေးငါးခါလောက်သောက်တော့ တစ်ယောက်ကို ဆေးလိပ်သောက်ချိန်ချည်းပဲ တစ်နာရီလောက်ရှိတယ်ဗျ။ ဆေးလိပ်မသောက်တဲ့ တခြားသူတွေကတော့ အားလပ်ချိန်မှာ ဖုန်းသုံး၊ မသုံးရင် ကိုယ့်လုပ်စရာအလုပ် ကိုယ့်ဟာကိုယ် ဆက်လုပ်နေကြတာ။ သူ့တို့အတွက်မတရားဘူးလေဗျာ။ ဒါ့ကြောင့် ဒီလိုထုတ်ပြန်လိုက်တာ” လို့ Don က ပြောကြားခဲ့ပါတယ်။

Freepik/andreas160578

“ ဒီအကြံအစည်ကို လွန်ခဲ့တဲ့နှစ်က လူမှု့ကွန်ယက်ပေါ်က ရှာတွေ့ခဲ့တာဗျ။ ရယ်စရာတော့အကောင်းသားဗျ။ ကျွန်တော် ထုတ်ပြန်ချက်ထုတ်ပြီးပြီးချင်း တစ်ချို့ဝန်ထမ်းတွေက သူတို့ရုံးမှာ ဆေးလိပ်မသောက်တော့ပါဘူးဆိုပြီး အပြေးအလွှားလာပြောကြတယ်ဗျ။ သူတို့ တကယ် တစ်နှစ်နီးပါးလောက်ဆေးလိပ်ပြတ်သွားရင် သူတို့ကို လေးရက်ထက်ပိုတဲ့ ပိတ်ရက်တွေ ကျွန်တော်ပေးမှာပါ” လို့ Don က ထပ်မံပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE