Virgina ပြည်နယ် Norfolk ရဲဌာနက ရဲ အရာရှိနှစ်ဦးက တခြား ရဲဌာနတစ်ခုရဲ့ စိန်ခေါ်မှုတစ်ရပ်ကို အကောင်းဆုံး တုန့်ပြန်ခဲ့တဲ့ ဗီဒီယိုက အခုဆို အင်တာနက်ပေါ်မှာ သိပ်ဟစ်ဖြစ်နေပါတယ်။
Texas ပြည်နယ် Corinth မြို့ရဲ့ ရဲဌာနက Miley Cyrus ရဲ့ Party In the USA ကို အသံတိတ်ဖြေဖျော်မှု (Lip-sync) တစ်ခု ပြုလုပ်ခဲ့ပြီး အင်တာနက်ပေါ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တခြား ရဲဌာနတစ်ခုဖြစ်တဲ့ Norfolk ရဲဌာနကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ပြီး အဲ့ဒီ ဌာနကလည်း မဆိုင်းမတွပဲ လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနလာင်္နေ့မှာတော့ Norfolk ရဲဌာနက ရဲအယောက် (၃၀) ကျော်လောက်နဲ့ Mark Ronson နဲ့ Bruno Mars တို့ရဲ့ Uptown Funk သီချင်းကို စုပေါင်းပုံဖော်ခဲ့ပြီး ထိုစိန်ခေါ်မှုကို တုံ့ပြန်လိုက်ပါတယ်။
သဘာဝကျကျနဲ့ တစ်ကဒ်ထဲ အပြီးရိုက်ပြခဲ့တဲ့ ဒီဗီဒီယိုဖိုင်ဟာ Facebook ပေါ်ရောက်သွားတာနဲ့ တပြိုင်နက် (Youtube မှာလည်း တင်ခဲ့တယ်လို သိရ) ကြည့်ရှု့သူ (၃၉) မီလီယံကျော် ရှိခဲ့ပြီး (၉၇,၂၀၀) ကြိမ်တောင် ပြန်လည်ဖော်ပြခြင်းရှိခဲ့ပါတယ်။ Like အရေအတွက် (၈၉၂,၀၀၀) ၊ မှတ်ချက် (၁၂၈,၀၀၀) နဲ့ လူတွေဆီက ချီးမြှောက်မှုကို ရရှိခဲ့ကြတယ်။ ကမ္ဘာအရပ်ရပ်က အင်တာနက် သုံးစွဲသူတွေရဲ့ သဘောကျနှစ်သက်မှုကို အပြည့်အ၀ရရှိခဲ့တဲ့ ဗီဒီယိုဆိုလည်း ဟုတ်ပါတယ်။



Norfolk ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Cpl. William Pickering က “ လူတွေ ဒါကို သဘောကျကြတဲ့ အတွက် ၀မ်းသာပါတယ်၊ ဘာပြောရမှန်း မသိလောက်အောင်ပဲ” လို့ Virginian-Pilot ကိုပြောပြခဲ့တယ်။
William နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကကွက်တွေကို ဖန်တီးပြီး တခြား မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲအရာရှိတွေ၊ ရှေ့ထွက် ရဲအရာရှိ Christopher Taversas အပါအ၀င် အားလုံးကို အားပေး အားမြှောက်ပြုခဲ့ကြပါတယ်။ ပြန်ရတဲ့ တုံ့ပြန်မှုကလည်း စိုက်ထုတ်ခဲ့ရတဲ့ အားထုတ်မှုနဲ့ လုံးဝ ထိုက်တန်ပါတယ်။



ဒီဗီဒီယိုကို ရိုက်ကူးဖို့ ရဲအရာရှိဝင် အယောက် (၄၀) နီးပါလောက်က ကြည်ကြည်သာသာ လက်ခံခဲ့ကြပြီး ရိုက်ကူးမယ့် ဇွန်လ (၉) ရက်နေ့ နေ့လည်မှာ အားလုံးတစ်စုတစ်ဝေးတည်း ပါဝင်အားဖြည့်ခဲ့ကြပါတယ်။ အိပ်ပျော်နေတဲ့ ကလေးလေးကို ပိုက်ပြီး ကနေတဲ့ ရဲတစ်ယောက်ကိုတွေ့ရပြီး ကလေးလေးခမျာ အိပ်ပျော်နေတာတောင် တစ်စုံတစ်ရာ အနှောက်ဖြစ်ခဲ့ပုံမတွေ့ရဘူး။


ကျွန်တော်တို့ရဲ့ အဓိက တာဝန်က လူမှုအဖွဲ့အစည်းကို ကာကွယ်ဖို့နဲ့ ၄င်းအတွက် တာဝန်ထမ်းဆောင်ဖို့ဆိုတာကို ပြသချင်တာပါ။ လူအဖွဲ့အစည်းရဲ့ စိတ်ဝင်စားမှုတွေနဲ့ထပ်တူ ကျွန်တော်တို့ကလည်း မျှဝေခံစားကြပါတယ်” လို့ William က တဆက်တည်းပြောပြခဲ့ပါတယ်။
Source: Daily Mail