ရုရှားနိုင်ငံရဲ့ Norilsk မြစ်ထဲက ကြောက်မက်ဖွယ်အနီရောင်အရည်တွေရဲ့ ဖြစ်ရပ်မှန်

Twitter- @siberian_times

သတင်းစာမျက်နှာတွေအပြင် လူမှုကွန်ယက်တွေမှာပါ လူစိတ်ဝင်စားမှု အခံနေရဆုံးအထဲမှာ ရုရှားကမြစ်တစ်ခုတည်း အနီရောင်အရည်တွေ လွှမ်းမိုးနေတယဆိုတဲ့ သတင်းကတော့ ထိပ်ဆုံးထဲမှာ ပါဝင်လို့နေခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရုပ်ရှင်ထဲကအခန်းများလားလို့တောင် ထင်မှတ်ရလောက်မယ့် ကျောချမ်းစရာမြင်ကွင်းကြီးဟာ အပြင်မှာ တကယ်ဖြစ်နေခဲ့တာပါ။

ရုရှားသမ္မတ ပူတင်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့လောက်တုန်းက Norilsk မြို့ကို အရေးပေါ်အခြေအနေတစ်ခု ကြေငြာလိုက်ခဲ့ပါတယ်။ အဲဒါကတော့ Norilsk မြစ်ထဲ ဂါလံပေါင်း ၂ သောင်းကျော်တဲ့ ဒီဇယ်ဆီတွေ ဖိတ်ကျယိုစိမ့်ကုန်လို့ပါပဲတဲ့။

ဒီဒီဇယ်ဆီတွေဟာ Norilsk မြို့အနားမှာရှိနေတဲ့ Norilsk-Taimyr Energy Company ရဲ့ စွမ်းအားဌာနမှတစ်ဆင့် မတော်တဆမှုတစ်ခုကြေကာင့် ဖိတ်ကျယိုစိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဇယ်တွေ မြစ်ထဲစိမ့်ဝင်ပြီိး တခြားရေကြောတွေကိုပါ မပြန့်နှံ့ခင် စစချင်းမှာပဲ ကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာဌာနတွေကို အကြောင်းမကြားခဲ့ပါဘူး။ တော်တော်လေး ပြန့်နှံ့သွားကာမှ အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။

အကြေင်းကြားမှု နှောင့်နှေးကြန့်ကြာကုန်တာကြောင့် မြစ်ထဲမှာ ဒီဇယ်တွေဟာ ပိုမိုပြန့်နှံ့သွားခဲ့ပြီး ရေသံသယံဇာတတွေ၊ ရေနေသတ္တဝွါတွေ၊ မြစ်ရေသောက်သုံးနေတဲ့ ငှက်တွေနဲ့ ကုန်းသတ္တဝွတွေ၊ မြစ်နားနီးစပ်မှာပေါက်နေတဲ့ အပင်တွေအနေနဲ့ အဆိပ်သင့်မှုတွေဖြစ်ပေါ်နေခဲ့ပါပြီ။ ဒီအပြင် Norilsk  မြို့နဲ့လည်း အလွန်နီးတဲ့အတွက်ကြောင့် နေထိုင်သူတွေအနေနဲ့ မီးဘေးတွေ၊ အဆိပ်သင့်မှုဘေးတွေနဲ့ ကြုံတွေ့ရဖို့အလားအလာသိပ်ကို မျာပြားလွန်းနေလှပါတယ်။

READ
လောဘစိတ်မွှန်ပြီး သွေးသားရင်းမိသားစုဝင်ကို လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့ ထိုင်းအမျိုးသား

ကုမ္ပဏီဖက်က အကြောင်းကြားကြားပြီးချင်းမှာပဲ Marine Rescue Service မှ ဒီဇယ်တွေကို ရေထဲကနေ တတ်နိုင်သလောက် စက်ယန္တယားကြီးတွေသုံးကာ စုပ်ထုတ်လျက်ရှိနေပါတယ်။ ဘယ်လိုပဲ စုပ်ထုတ်ထုတ် ဒီဇယ် ဂါလံဟာ ၂ သောင်းကျော်နေပြီး ရေပြင်ထဲမှာဖြစ်နေတာကြောင့် ကျန်တာကတော့ ကျန်မှာပါပဲ။ ဒီအပြင် ၂၀၁၈ ခုနှစ်ရဲ့ NASA အချက်အလက်တွေအရ Norilsk မြို့ဟာ ကမ္ဘာ့လေမြေရေ ညစ်ညမ်းမှုအများဆုံးမြို့တွေထဲ ထိပ်ဆုံးစာရင်းဝင်ဖြစ်နေပါသေးတယ်။

အခုဖြစ်ရပ်ကိုတော့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ဗေဒပညာရှင်တွေကတော့ ကမ္ဘာမြေအတွက် ဘေးထွက်ဆိုးကျိုးများဖွယ်ရှိနေတဲ့ ဖြစ်ရပ်ကြီးအဖြစ် သတ်မှတ်ထားခဲ့တယ်လို့ Rospriodnadzor သတင်းဌာနမှာ ဖော်ပြထားခဲ့ပါတယ်။ သက်ဆိုင်ရာဖက်မှတော့ ကုမ္ပဏီကို အကြောင်းကြားမှုနောက်ကျတဲ့အတွက်ကြောင့် အရေးယူဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။

Penny

SHARE