နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်တဲ့ သာမန်လုပ်နေကျအရာများ

ခရုခွံကောက်တာတွေ၊ ဥဥ့်နက်မှ အိမ်သာရေဆွဲချတာတွေဟာ ကျွန်တော်တို့ဆီမှာတော့ စိတ်ကြိုက်လုပ်နိုင်တဲ့ သာမန်လုပ်နေကျအရာတွေဖြစ်ပေမယ့် တချို့နိုင်ငံတွေမှာကျ ဒဏ်ကြေးဆောင်ရတာတွေရှိသလို ထောင်ကျနိုင်တဲ့အထိပါ ဆိုးရွားစေနိုင်ပါတယ်။ အနာဂတ်မှာကိုယ်လည်း အောက်မှာဖော်ပြထားတဲ့ နိုင်ငံတွေ သွားလည်နိုင်တာကြောင့် ဂရုစိုက်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ကမ်းခြေပေါ်လာတင်နေတဲ့ သန္တာကျောက်တန်းအပိုင်းအစတွေ၊ ခရုခွံ ကမာခွံကောက်တာတွေကို ထိုင်းနိုင်ငံမှာ တားမြစ်ထားပါတယ်။ ဒဏ်ကြေးအနေနဲ့ ဒေါ်လာ (၄) ထောင်လောက်တောင် ပေးဆောင်ရဖူးတဲ့ ဖြစ်ရပ်တွေရှိပါတယ်။ ဒီအပြင် ပင်လယ်ထဲမှ ငါးများကို ငါးစာကျွေးမိပါကလည်း ထောင်ကျနိုင်ပါတယ်။

pixabay

UAE နိုင်ငံမှာ လူရှေ့သူရှေ့ သို့မဟုတ် လူမှုကွန်ယက်တွေပေါ်မှာ ဆဲဆိုတဲ့စကားအသုံးအနှုန်းသုံးပါက ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ်ချလို့ရပါတယ်။ 

Fredrik Ohlander

ဂျပန်သို့သွားတဲ့အခါ မိမိနိုင်ငံမှမှတ်ပုံတင် ယူဆောင်သွားသင့်သလို အအေးမိပျောက်ဆေးကလွဲရင် အခြားသော မည်သည့်ဆေးကိုမှ လေဆိပ်တွင်း အသယ်မခံပါဘူး

pixabay

ဒူဘိုင်းမှာတော့ သမီးရည်းစား၊ ဇနီးမောင်နှံချင်း လက်တွဲလို့၊ ဖက်လို့ နမ်းလို့ဆိုပြီး ထောင်ကျသွားတဲ့ သာဓကတွေရှိပါတယ်။

pixabay

မီလန်နဲ့အီတလီတို့မှာတော့ လူမြင်ကွင်းမှာ နေတဲ့အခါ မရယ်မပြုံးဘဲ မှုန်ကုပ်ကုပ်နေနေပါက ဒဏ်ကြေးဆောင်ခိုင်းလို့ရတဲ့ ဥပဒေဟောင်းတစ်ခုရှိပါတယ်။

READ
ကြောက်သွေးမပါဘူးဆိုသူတွေ မြည်းစမ်းသင့်တဲ့ ကမ္ဘာ့ရင်တုန်ဖွယ်အကောင်းဆုံးနေရာများ
pixabay

သီရိလင်္ကာမှာတော့ ဗုဒ္ဓပုံတက်တူးရှိပါက ဖမ်းပြီး ထောင်ချပစ်လို့ ရပါတယ်။

pixabay

ဆွစ်ဇာလန်မှာတော့ ည (၁၀) နာရီနောက်ပိုင်းဆိုရင် အသံဆူမှာဆိုးလို့ အိမ်သာရေဆွဲချခွင့်ကို ပိတ်ပင်ထားပါတယ်တဲ့။

pixabay

စင်္ကာပူမှာတော့ အခြားလူတစ်ယောက်ရဲ့ password မရှိတဲ့ wi-fi ကို ယူသုံးမိလို့ (၁၈) လထောင်ကျသွားခဲ့ ဖြစ်ရပ်တွေရှိဖူးပါတယ်။ ဂုန်းမဆင်းကြပါနဲ့နော်။

pixabay

ကာရေဘီယမ်မှာတော့ ကွန်မန်ဒိုအဆင်အကျီင်္၊ ဘောင်းဘီ၊ ဖိနပ်နဲ့ ဦးထုပ်တို့ဝတ်ဆင်ခြင်းကို တားမြစ်ထားပါတယ်။ ဖမ်းမိပါကလည်း ထောင်ချတတ်ပါသေးတယ်။

Avel Chuklanov

အမေရိကန်မှာတော့ မျဉ်းကြားမှ လမ်းမကူးတာတွေ၊ လမ်းကူးတဲ့ မီးပွိုင့်မှအချက်မပြသေးဘဲ ကူးတာတွေကို ဒဏ်ကြေးပေးဆောင်စေကာ ထိထိရောက်ရောက် အရေးယူခဲ့ပါတယ်။

pixabay

Source: Mind Blowing Facts

Penny

 

 

 

SHARE