ပြီးခဲ့တဲ့သီတင်းပတ် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကားများ

ပြီးခဲ့တဲ့ သီတင်းပတ် (ဖေဖော်ဝါရီ 8 – 10)ရက်နေ့အတွက် မြောက်အမေရိက Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ရပ် တည်ခဲ့တဲ့ ဇာတ်ကားစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်က ၀င်ငွေအကောင်းဆုံး ဇာတ်ကား တွေ အဖြစ်  ရပ်တည်ခဲ့တဲ့ ဇာတ်ကားတွေကတော့…………

(5)Glass

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက Top 3 နေရာကနေ မဆင်းတဲ့ Glass ကတော့ ဒီတစ်ပတ်မှာ ၀င်ငွေ ကန်ဒေါ်လာ ($ 6.4)သန်းနဲ့ နံပါတ်ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန် အမေရိ ကန်စူပါဟီးရိုး သည်း ထိတ်ရင်ဖို ဇာတ်ကားပါ။ဒါရိုက်တာ M. Night Shyamalan ရိုက်ကူးထားတာပါ။James McAvoy ၊ Bruce Willis ၊Anya Taylor-Joy တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4)The Upside

The Upside ကတော့ ၀င်ငွေ ကန်ဒေါ်လာ ($7.2) သန်းနဲ့ နံပါတ်လေးနေရာမှာ ရှိနေခဲ့ပါတယ်။ဒရမ်မာ ဟာသ ဇာတ်ကား အမျိုးအ စားပါ။ဒီဇာတ်ကားကတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Kevin Hart နဲ့  Bryan Cranston တို့ ပါဝင်ထားပါတယ်။ဒါရိုက်တာကတော့ Neil Burger ပါ။အကျဉ်းသားဟောင်း တစ်ယောက်နဲ့ အကြော သေနေတဲ့ ဘီလီယံနာတို့ရဲ့ ရယ်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးအကြောင်းကို ပုံဖော်ထားတာပါ။

READ
ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေ ရင်ခုန်သွားစေတဲ့ နွယ်နွယ်ထွန်း

(3)Cold Pursuit

Cold Pursuit ကတော့ ၀င်ငွေ ကန်ဒေါ်လာ ($10.8) သန်းနဲ့ နံပါတ်သုံးနေရာမှာ ရှိနေခဲ့ပါတယ်။ဒီဇာတ်ကား ကတော့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားအမျိုးအစားပါ။ဒါရိုက်တာ Hans Petter Moland ရိုက်ကူးထားပြီး Liam Neeson ၊Tom Bateman ၊Tom Jackson နဲ့ Emmy Rossum တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2)What Men Want

What Men Want ကတော့ ၀င်ငွေ ကန်ဒေါ်လာ ($ 19) သန်းနဲ့ နံပါတ်နှစ်နေရာမှာ ရှိနေခဲ့ပါတယ်။အမေရိကန် ဟာသဇာတ်ကားပါ။ဒါရိုက်တာ Adam Shankman ရိုက်ကူးထားပြီး (၂၀၀၀)ခုနှစ်က What Women Want ဇာတ်ကားကို Remake လုပ်ပြီး ရိုက်ထားတာပါ။Taraji P. Henson ၊ Aldis Hodge နဲ့ Richard Roundtree တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။အမျိုးသားတွေရဲ့ အတွေးတွေကို ကြားနေ၊သိနေမြင်နေနိုင်တဲ့ အမျိုးသမီး တစ်ယောက် အကြောင်းကို ဟာသဆန်ဆန်လေးကြည့်ရမှာပါ။

READ
အတုယူ စံထားစရာကောင်းတဲ့ မင်းသား Chow Yun-Fat ရဲ့ ဘ၀အကြောင်း

(1)The LEGO Movie 2: The Second Part

The LEGO Movie 2: The Second Part ကတော့ ၀င်ငွေ ကန်ဒေါ်လာ  ($ 34.4)သန်းနဲ့ နံပါတ်တစ်နေရာမှာ ရှိနေခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ computer-animated adventure  ဇာတ်ကားပါ။ဒါရိုက်တာ Mike Mitchell ရဲ့ လက်ရာပါ။

Source Box Office

SHARE