မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြောက်အမေရိကမှငှက်များ

The Journal of Science

လွန်ခဲ့တဲ့ရာစုနှစ်တစ်ဝက်လောက်ကစပြီး United State နဲ့ Canada မှာ ငှက်အကောင်ရေတွေလျော့နည်း လာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက ငှက်အကောင်ရေနဲ့ ယှဉ်လိုက်ရင် ၂.၉ ဘီလီယံလောက် လျော့နည်းသွားတာတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ငှက်တွေရဲ့ အလေ့အထနဲ့ ငှက်အကောင်ရေ စတဲ့ အရာတွေကို လေ့လာစမ်းစစ်တဲ့နေရာမှာ ပုံမှန်ထက် စိတ်ရှည်ရပြီး သိရှိဖို့ကိုလည်း ခက်ခက်ခဲခဲလေ့လာရပါတယ် လို့ The Journal Science မှာ ဖော်ပြခဲ့ပါတယ်။ နောက်ဆုံး ရလဒ်ထွက်လာတဲ့ အခါမှာတော့ သိပ္ပံပညာရှင်တွေ၊ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းတွေကို အံ့သြထိတ်လန့်စေခဲ့ပါတယ်။

The Journal of Science

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ငှက်တွေ မျိုးတုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ကြိုတင်ပြီး လေ့လာခန့်မှန်းထားခဲ့ကြတာပါ။

ဒီလိုဖြစ်လာရတဲ့ အဓိက ပြဿနာကတော့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲတာကြောင့်လို့ မှတ်ယူနိုင်ပါတယ်။ ပိုးသတ်ဆေးသုံးတဲ့ အခါ ဓာတုပစ္စည်းတွေ က လေထဲပျံ့သွားနိုင်ပြီး ငှက်တွေစားသုံးတဲ့ သီးနှံတွေကိုလည်းအဆိပ်သင့်စေပါတယ်။

ငှက်တွေက ဂေဟစနစ်ရဲ့ အရေးကြီးတဲ့ သတ္တဝါတွေပါ  ငှက်တွေပျက်စီးတာက ဂေဟစနစ်အတွက်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ငှက်တွေရှိမှ ဝတ်မှုန်ကူး ပြီး သီးနှံတွေ ပေါလာစေတဲ့အပြင် အပင်တွေများများသူတို့ကြောင့် ဖွံ့ဖြိုးလာစေနိုင်တာပါ။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် အတွက် ငှက်တွေမျိုးတုံးတော့မယ့်ကိစ္စက အလွန်အမင်း ထိတ်လန့်ဖို့ကောင်းပါတယ်။ အခုဆိုရင် မြောက်အမေရိက က ပညာရှင်တွေကတော့ ဒီပြဿနာကို အဖြေရှာဖို့ အပြင်းအထန် ကြိုးစားနေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

Lwin Min

READ
တောင်တက်သမားတစ်ဦးရဲ့ ထင်မှတ်မထားဘဲ ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံကောင်းများ

 

SHARE