Kim Jong-Un လူလုံးထွက်ပြပြီး နောက်ရက်မှာပဲ တောင်ကိုရီးယားဘက်ကို ရန်စ

Korean Central News Agency/Korea News Service via AP

မြောက်ကိုရီးယား ခေါင်းဆောင်Kim Jong-Un  သေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ အများကြီး ထွက်ပေါ် ခဲ့ပါတယ်။ဒါပေမယ့် ဒီသတင်းတွေ မမှန် ကန် ကြောင်းကို တော့ လူလုံး ထွက်ပြပြီး သက်သေ ထူ လိုက်ပါ တယ်။ Sunchon မှာရှိတဲ့ ဓါတ် မြေသြဇာ စက်ရုံကို ခေါင်းဆောင်Kim Jong-Un ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးခဲ့တဲ့ ပုံေ တွကိုနိုင်ငံ ပိုင် မီဒီယာ ကနေ ထုတ်ပြန် ပေးခဲ့တာပါ။ဒီပွဲကိုတော့ Kim နဲ့ အတူ တခြား မြောက်ကိုရီး ယား အာဏာ ပိုင်တွေ  အပြင် သူ့ရဲ့ညီမ ဖြစ်သူ Kim Yo Jong လည်း အတူ လိုက်ပါ တက်ရောက်ခဲ့ပါတယ်။ခေါင်းဆောင် Kim လူလုံး ထွက်ပြပြီး နောက်ရက်မှာပဲ ပြဿနာ တစ်ခု ပေါ် ပေါက်ခဲ့ပါတယ်။

Image:twitter/@LokmanKaradag1

မေလ(၃) ရက်နေ့ နံနက် အ စောပိုင်း က တောင်ကိုရီးယားဘက်ကို ပစ်ခတ်မှုတွေ ဖြစ် ပေါ် ခဲ့တယ်လို့  တောင်ကို ရီးယား အာဏာပိုင် တွေ  ကေ ပြာခဲ့ပါတယ်။မြောက်ကိုရီးယားဘက်က စပစ် ချိနန် မှာပဲ နှစ် ဖက် လုံးက ပစ်ခတ် မှုတွေဟာ တောင်- မြောက် နယ်စပ်မှာ ဒေသစံ တော်ချိန် နံနက် (၇)နာရီ (၄၁)မိနစ်မှာ ဖြစ် ပေါ် ခဲ့ပါတယ်။ခေါင်း ဆောင် Kim လူလုံး ထွက်ပြ ပြီး နောက်တစ်ရက်မှာပဲ ပစ်ခတ်မှု ကိစ္စ ပေါ် ပေါက် လာခဲ့တာပါ။မြောက်ကိုရီးယား ဘက်က ပစ်ခတ်မှုတွေ ကို တောင်ကိုရီးယား ဘက်က နှစ်ကြိမ် ပြန်လည် ပစ်ခတ်ပြီး တုံ့ပြန် ခဲ့ပါတယ်။

READ
အထူးထုတ်ကုန်တစ်မျိုးကို စမ်းသပ်ဖို့ တစ်နှစ်လစာ ပေါင်သောင်းချီ ပေးမယ့် ကုမ္ပဏီ
Image:twitter/@LokmanKaradag1

ဘာရည်ရွယ် ချက်နဲ့ ဘာ အ ကြောင်းကြောင့် မြောက်ကိုရီးယား ဘက်က အခုလို ကြီး တမင် ရန်စ  ရတာ လဲ ဆို တာကို တော့  တောင်ကိုရီးယားဘက်က  နားမလည် နိုင်သလို အ ကြောင်းအရင်းကိုလဲ မသိ သေးပါဘူး။ဒါပေမယ့် နှစ်နိုင်ငံ ဟာ အခုလို မျိုး အပြန်အလှန် သေနတ်နဲ့ ပစ်ခတ် တာမျိုး ကတော့ အရင်လည်း ရှိ ခဲ့ဖူးပါတယ်။စစ်မဲ့ဇုန် စည်း ရိုးထားထား ပေမယ့်လည်း အခုချိန် ထိ ရန်စ မငြိမ်းသေးပဲ အလားတူ ကိစ္စ မျိုး တွေ က ထပ်ကာ ထပ်ကာ ဖြစ် နေတုန်းပါ။နှစ်နိုင်ငံရဲ့ နယ်စပ် (၁၅၅)မိုင်  အကွာမှာတော့ တပ်တွေ ဆွဲထားပြီး တစ်ခုခုဆိုရင်  ပစ်ခတ် တုံ့ပြန် ဖို့ အသင့် Ready အ နေအထား ထားထားပါတယ်။

Image:twitter/@LokmanKaradag1

မြောက်ကိုရီးယား ခေါင်းဆောင် Kim က တော့ ဧပြီ (၁၃)ရက်နေ့က ကျ ရောက်တဲ့ အဖိုးဖြစ်သူရဲ့ မွေးနေ့ ပွဲ ကို တက်ရောက် ဖို့ ပျက် ကွက်ရာ က  နေ စပြီး သေပြီဆိုတဲ့ ကောလာဟလ တွေ ထွက် ပေါ် ခဲ့တာပါ။နှလုံး ရောဂါ ကြောင့်ပဲ သေ သလိုလို သတင်းမှားတွေ ထွက် ခဲ့တာပါ။ ပြီးခဲ့တဲ့ သော ကြာ နေ့က မြေသြဇာ စက်ရုံ ဖွင့်ပွဲကို ကျန်း ကျန်းမာမာကြီး တက်ပြ ပြီး ဒီလို သတင်းတွေ က လုံးဝ မှားနေ ကြောင်းကို Kim က သက် သေ ပြခဲ့ပါတယ်။Kim တစ်ယောက် ကျန်းကျန်းမာမာကြီးရှိနေလို့ စိတ်ပျက်သွားမယ့် နိုင်ငံ့ ခေါင်းဆောင် တွေ လည်း ရှိ နိုင် ပေမယ့် ပျော် နေတဲ့ လူ တစ်ယောက်လည်းရှိပါတယ်။သူက တော့ အမေရိကန် သမ္မတ ထရမ့်ပါ။Kim ရဲ့ လူထု ရှေ့ မြောက် ပြန် ထွက်လာတဲ့ ပုံကို သူ့ရဲ့ တွစ်တာမှာ   ‘I, for one, am glad to see he is back, and well!’  လို့ ရေးပြီး ပြန်ရှယ်ထားပါတယ်။

READ
အုတ်ဂူကို iPhone ပုံစံထားပေးပါလို့ နောက်ဆုံးဆန္ဒအဖြစ် တောင်းဆိုခဲ့တဲ့ ရုရှားမလေး

 

Source:Dailymail/straitstimes

SHARE