အမျိုးသမီး ရှေ့ဖြစ်ဟောဆရာမ(၂) ဦးကို လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံမှာ ရှေ့ဖြစ်ဟောတဲ့ အကြားအမြင်ဆရာမ(၂) ဦးကို လူမြင်ကွင်းမှာတင် သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး တစ်ဦးကိုတော့ တစ်သက်တစ်ကျွန်းထောင်ချခဲ့တယ်လို့ သိရပါတယ်။ ၄င်းအမျိုးသမီးတွေဟာ ကြယ်ခုနှစ်စင်းအမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ကို ထူထောင်ထားပါတယ်။ သူတို့က အသက်(၃) နှစ်နဲ့ (၅) နှစ်အရွယ်ရှိတဲ့ ကလေးနှစ်ယောက်ဟာ ၀ိညာဉ်တွေနဲ့ ဆက်သွယ်စကားပြောနိုင်ပြီး အနာဂတ်ကို ပြောပေးနိုင်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရှေ့ဖြစ်ဟောဆရာမနှစ်ဦးကို တရားစစ်တဲ့နေရာကတော့ မြောက်ကိုရီးယားရဲ့ မြောက်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ချုံဂျင်းမြို့မှာ ဖြစ်ပြီး လူထောင်ပေါင်းများစွာတို့က လာရောက် ကြားနာခဲ့ကြပါတယ်။ နိုင်ငံတွင်းသတင်းဌာနတစ်ခုကတော့ အခုလို သုတ်သင်သတ်ဖြတ်တာဟာ လူ့အဖွဲ့အစည်းကို စနစ်ကျစေဖို့နဲ့ ရှေ့ဖြစ်ဟောအကြောင်းတွေဟာ နိုင်ငံတွင်း ပြန့်ပွားလာမှာ စိုးရိမ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

dailymail

“ရာထူးရာခံရှိတဲ့ အရာရှိတွေနဲ့ တရားရေးရာအာဏာပိုင်တွေရဲ့ မိသားစုတွေတောင် ရှေ့ဖြစ်ဟောဆရာတွေဆီကို မကြာခဏ အ၀င်အထွက် လုပ်နေသေးတယ်။ မင်္ဂလာဆောင်တွေ၊ စီးပွားရေးစကားပြောဆိုတာတွေ မလုပ်ခင် ရှေ့ဖြစ်ဟောဆရာတွေဆီကို လာကြတာပဲ။” လို့ သတင်းဌာနတစ်ခုက ပြောပါသေးတယ်။

READ
နှလုံးခွဲစိတ်ကုသမှု လေးကြိမ်ခံယူရတဲ့ သုံးနှစ်အရွယ်သမီးလေး

ဒါပေမယ့်လည်း မြောက်ကိုရီးယားအနေနဲ့ ကင်ဂျုံအန်ရဲ့ ပါဝါကို ထိပါးစေမယ့် ဘယ်လိုကိစ္စမျိုးမှ လက်ခံမှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားမှာ ကင်ဂျုံအန်ကို အုပ်ချုပ်သူတစ်ယောက်အနေနဲ့တင်မကပဲ နတ်တစ်ပိုင်းလူတစ်ပိုင်းအဖြစ်ပါ သတ်မှတ်ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အချုပ်အခြာကို ထိပါးလာတဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကို မဆို အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ ယူဆရပါတယ်။

Wikimedia Commons

မြောက်ကိုရီးယား သေဒဏ်ရဲ့ အတိုင်းအတာအစစ်အမှန်ကို ခန့်မှန်းလို့ ခက်ခဲလှပါတယ်။ ယူအန်န်ကတော့ (၂၀၁၄) ခုနှစ် မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးပိုင်းဆိုင်ရာ မှတ်တမ်းထဲမှာတော့ မြောက်ကိုရီးယားဟာ နိုင်ငံ့လူဦးရေကို ထိန်းသိမ်းဖို့အတွက် လူမြင်ကွင်းမှာ သေဒဏ်ပေးတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နိုင်ငံ ပေါ်လစီထဲမှာလည်း အာဏာပိုင်တွေဟာ တရားရုံးတင်ပြီးစစ်ဆေးသည်ဖြစ်စေ၊ မစစ်ဆေးသည်ဖြစ်စေ၊ လူမြင်ကွင်းမှာဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ၊ တစ်ခါတစ်လေမှာလည်း ပြစ်မှုအကြီးစားကြီးမဟုတ်ရင်တောင် သေဒဏ်ပေးလေ့ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE