မန်ယူပရိသတ်တွေကို အားနာရင် အနိုင်မကန်ပါနဲ့တော့လို့ တောင်းဆိုခံခဲ့ရတဲ့ ကလော့ပ်

Twitter

အိုင်ယာလန်နိုင်ငံ၊ ဒွန်နီဂယ်ပြည်နယ်ထဲမှာ နေထိုင်တဲ့ အသက် (၁၀)နှစ်အရွယ် ဒါရက် ဆိုသူ ကလေးငယ်က မန်ယူပရိသတ် တစ်ယောက်ပါ။ သူက သူ့ရဲ့ဖခင်နဲ့အတူ မန်ယူအသင်းကို အားပေးခဲ့သူ တစ်ယောက်ဖြစ်ပြီး မန်ယူရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ အမြဲတမ်း ဂုဏ်ယူနေတတ်သူပါ။ တစ်နေ့မှာတော့ ဒါရက် ဆီမှာ စိုးရိမ်စိတ်တစ်ခု ၀င်လာခဲ့ပြီး မန်ယူအသင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုက သူ့စိတ်ထဲမှာ မကြာခဏ စိုးမိုးလို့လာခဲ့ပါတယ်။

အဲဒီ စိုးရိမ်စိတ်ဝင်လာရတဲ့အကြောင်းက လီဗာပူးလ်အသင်းကြောင့်လို့ ပြောရမှာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်က မန်ယူအသင်းတင်ထားခဲ့တဲ့ မှတ်တမ်းကို ကျော်ဖြတ်သွားမှာကို ဒါရက် က စိတ်ပူနေမိတာပါ။

အဲဒါကြောင့်ပဲ ဒါရက် က လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဆီကို စာတစ်စောင်ရေးသားပေးပို့ခဲ့ပြီး မန်ယူပရိသတ်တွေအတွက် နိုင်ပွဲတွေ ထပ်မယူတော့ဖို့ တောင်းဆိုလိုက်တာပါ။

READ
သမိုင်းတစ်လျှောက်အအေးဆုံးဖြစ်နေတဲ့ US တခွင်က မယုံကြည်နိုင်စရာဓာတ်ပုံများ

ဒါရက် ရဲ့ စာထဲမှာ အခုလိုပဲ ရေးထားပါတယ်။

“ နောက်ထပ် နိုင်ပွဲ (၉)ပွဲသာ ရသွားမယ်ဆိုရင် လီဗာပူးလ်ဟာ အင်္ဂလန်ဘောလုံးလောကမှာ အကောင်းဆုံး ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိသွားမှာပါ။ ယူနိုက်တက်အသင်း ပရိသတ်တစ်ယောက်အနေနဲ့တော့ ဒီဖြစ်ရပ်က ၀မ်းနည်းစရာပါပဲ။ ဒီတော့ လီဗာပူးလ်အသင်းအနေနဲ့ နောက်ပွဲတွေ ကစားတဲ့အခါ ကျေးဇူးပြုပြီး ရှုံးအောင် ကစားပေးစေချင်ပါတယ်။ တခြားအသင်းတွေကို ဂိုးသွင်းဖို့လည်း ခွင့်ပြုသင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲအောင်မလုပ်ဖို့နဲ့ နောက်ထပ် နိုင်ပွဲတွေထပ်မယူဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ဒါရက်က ရေးသားသွားခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒါရက်ရဲ့စာကို ချက်ချင်းပဲ အကြောင်းပြန်ခဲ့ပြီး လီဗာပူးလ်ကို နိုင်ပွဲအများကြီး ရစေချင်တဲ့သူတွေဟာ ကမ္ဘာပေါ်မှာ သန်းချီပြီး ရှိကြတာကြောင့် သူတို့အပေါ် စိတ်မပျက်စေချင်ကြောင်းနဲ့ ဒါရက်ရဲ့ တောင်းဆိုမှုကို မလိုက်လျောပေးနိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြန်လည်ရေးသားသွားခဲ့ပါတယ်။

READ
ချစ်သူကို Spa ခေါ်သွားမယ်လို့ ကတိပေးပြီး Spar ဆိုင်တွေကို ခေါ်သွားတဲ့အမျိုးသား

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက မန်ယူအသင်းကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိထားတာကြောင့် (၄၃)ပွဲဆက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

Linn

SHARE