ကမ္ဘာ့နံပါတ်(၁) ပျော်စရာအကောင်းဆုံးနိုင်ငံဟာ ဖင်လန်နိုင်ငံဟု စစ်တမ်းတစ်ရပ် ဖော်ပြ

WorldHappinessReport

ကမ္ဘာ့နိုင်ငံပေါင်း(၁၅၆)နိုင်ငံကို စစ်တမ်းကောက်ခံခဲ့ရာမှာတော့ ဘ၀မှာ ပျော်ရွှင်ခြင်း လွတ်လပ်ခြင်းတို့ပြည့်စုံပြီး နံပါတ်(၁)ပျော်စရာအကောင်းဆုံးနိုင်ငံဟာ ဖင်လန်နိုင်ငံဖြစ်တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။

သတင်းအချက်အလက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ LexisNexis Legal & Professional RELX Group RELXမှ ထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရ၊ တောင့်တင်းခိုင်မာတဲ့စည်းမျဉ်းဥပဒေနဲ့ထူထောင်ထားကြတဲ့ နိုင်ငံတွေဟာ သူတို့နိုင်ငံသားတွေအတွက် ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်းနဲ့ ဘ၀လုံခြုံမှုအပေးနိုင်ဆုံးနိုင်ငံတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ဖင်လန်နိုင်ငံဟာ ဘ၀မှာ နေချင်စရာအကောင်းဆုံး နံပါတ်(၁)နိုင်ငံ ဖြစ်ပြီးတော့၊ နံပါတ်(၂)ဒိန်းမတ်၊ နံပါတ်(၃)နော်ဝေနဲ့ သူတို့နောက်မှာ အိုက်စလန် , နယ်သာလန်,ဆွစ်ဇာလန် နဲ့ ဆွီဒင်နိုင်ငံတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ နံပါတ်(၁၉)မှာရှိနေပြီးတော့ သူ့နောက်မှာ Czech Republic နိုင်ငံ၊ ဂျပန်နဲ့ပြင်သစ်နိုင်ငံတို့ပါ။ အာဖဂန်နစ္စတန်နိုင်ငံကတော့(၉၈)နေရာကဖြစ်ပါတယ်။

WorldHappinessReport

နော်ဝေးဟာ (၂၀၁၇)ခုနှစ်စစ်တမ်းမှာတော့ ကမ္ဘာ့နေချင်စရာ အကောင်းဆုံး နံပါတ်(၁)နိုင်ငံ နေရာကို  နံပါတ်(၄)နေရာကနေ ခုန်တက်လာခဲ့တာပါ။ အဲ့မတိုင်ခင် အရင်နှစ်တွေက စစ်တမ်းမှာ ဒိန်းမတ်က နံပါတ်(၁)ဖြစ်ပြီးတော့ Icelandနဲ့ Switzerlandတို့ ပြီးမှ နော်ဝေးနို်င်ငံဖြစ်ပါတယ်။  အမေရိကန်က အဲ့တုန်းက နံပါတ်(၁၄)ဖြစ်ပြီးတော့ အခုအခါ နံပါတ်(၁၉)ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလေးနိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးတဲ့ ဂရုစိုက်မှု၊ လွတ်လပ်မှု၊ သဘောထားကြီးမှု၊ ရိုးသားမှု၊ကျန်းမာရေး၊ ၀င်ငွေနဲ့ အစိုးရကောင်း ဆိုတဲ့ အရေးကြီးတဲ့အချက်တွေ အမြင့်ဆုံးရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ တစ်နှစ်နဲ့တစ်နှစ်လည်း အမှတ်တွေက သိပ်မကွာကြပါဘူး။

ဖင်လန်ဟာ ရေနံဈေးနည်းပါးပြီး ရေနံကြွယ်ဝမှုမရှိပေမယ့် ပျော်ရွှင်မှုလုံခြုံမှုကို အကောင်းဆုံး ထိန်းသိမ်းပြီး အောင်မြင်ခဲ့တာပါ။ သဘာဝသယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေကို ကျော်ဖြတ်လာတာကိုကြည့်ခြင်းဖြင့် လက်ရှိထက်အနာဂတ်မှာ ပိုကောင်းမွန်လာအုံးမယ့် နိုင်ငံလို့ဆိုရမှာဖြစ်ပါတယ်။

WorldHappinessReport

အမေရိကန်ကတော့ နေချင်စရာအကောင်းဆုံးနိုင်ငံစာရင်းထဲမှာ အဆင့်ကျသွားပါတယ်။ အရင်တစ်ချိန်ကနံပါတ် (၃)နေရာမှာ ရှိခဲ့ရာက အခုဆိုရင်နံပါတ်(၁၉)နေရာကို ရောက်ရှိသွားတာပါ။ ဒါပေမယ့် သူတို့နိုင်ငံရေးနဲ့ပတ်သက်ပြီး အကျယ်တ၀င့်မဖော်ပြတာကြောင့်လည်း အခုလို ကျသွားတာလို့ ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း သူ့နိုင်ငံထဲ ဟေတီနဲ့ အာဖရိကနိုင်ငံတို့က ရွှေ့ပြောင်းဒုက္ခသည် ၀င်လာတာထက် စကန်ဒီနေးဗီးယန်းနိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေ ၀င်လာတာကမှ ပိုကောင်းအုံးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ဒီပြောဆိုမှုဟာ လူမျိုးရေးခွဲခြားတာဖြစ်တယ်လို့ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြောခွင့်ရ Rupert Colville ကပြန်လည်ပြောဆိုခဲ့ပါတယ်။

Khaing Sandar

SHARE