နော်ဝေ နိုင်ငံဟာ ကမာပေါ်္ဘမှာ မိမိကလေးတွေကြီးပြင်းစေဖို့ အကောင်းဆုံးနိုင်ငံဖြစ်

Twitter/FamilyTraveller

သင်ဟာ မိသားစုတစ်စုစတင်ရန်အခြေချဖို့အတွက် စဉ်းစားတဲ့အခါ သင့်သားသမီးအတွက် အကောင်းမွန်ဆုံးဖြစ်မယ့်နိုင်ငံကို ရွေးချယ်ရမယ်ဆိုပါစို့။ The Lancet ဂျာနယ်က ပြုလုပ်ခဲ့တဲ့ အရပြောရမယ်ဆိုရင် နော်ဝေနိုင်ငံဟာ ကမ္ဘာမှာ နောက်မျိုးဆက်သစ်တွေကို မြှင့်တင်ရန် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်တယ်လို့ ဆိုပါတယ်။

နော်ဝေနိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင်ဖို့အကောင်းဆုံးအဖြစ် ထိပ်ဆုံးနေရာက ရပ်တည်နေတာပါ။၊ သူ့နောက်မှာတော့ တောင်ကိုရီးယားနိုင်ငံက ဒုတိယ၊ နယ်သာလန်နိုင်ငံက တတိယ၊ ပြင်သစ်နိုင်ငံက စတုတ္တနဲ့ အိုင်ယာလန်နိုင်ငံက ပဉ္စမ နိုင်ငံဖြစ်ပါတယ်။

Twitter/LifeGate

ဒီရလဒ်တွေဟာကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပေါင်း(၁၈၀)ကို စာရင်းပြုစုခဲ့တဲ့ရလဒ်ဖြစ်ပြီး၊ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နို်င်ငံက (၃၉)နေရာ၊ တရုတ်နိုင်ငံက (၄၃) နေရာနဲ့ ကျုးဘားနိုင်ငံက(၄၆)နေရာမှာ ရှိခဲ့ပါတယ်။

နေချင်စရာနိုင်ငံအဖြစ် ဦးဆောင်နေတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ချို့ပါဝင်နေသလို၊ အဲဒီနိုင်ငံတွေဟာ ကလေးတွေအတွက် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ ကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေရှိပြီး ကလေးတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် သာလွန်တဲ့စနစ်ကောင်းတွေ တည်ရှိရာ နိုင်ငံတွေဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံပေါင်း(၁၈၀)အနက် ဆိုမာလီယာနိုင်ငံက(၁၇၈)နေရာနဲ့ Chad နိုင်ငံက(၁၇၉)နေရာနဲ့ Central African Republicက(၁၈၀)နေရာမှာရှိနေတယ်လို့လည်းသိရပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ မျိုးဆက်သစ်ကလေးတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ဆိုထားပါတယ်။

Twitter/LifeGate

ကျန်းမာရေးအဖွဲ့တွေရဲ့သတင်းပေးပို့ချက်တွေအရ အဲဒီတွေမှာ ကလေးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ အခွင့်အရေးနဲ့ သူတို့ရဲ့အနာဂတ်အတွက် ကာကွယ်စောင့်ရှောက်မှုတွေဟာ အင်မတန်အားနည်းလွန်းနေတယ်လို့ (WHO)ရဲ့ အထွေထွေဒါရိုက်တာ Tedros Adhanom Ghebreyesus က  ပြောခဲ့ပါတယ်။

နိုင်ငံအားလုံးက ဒီကလေးတွေရဲ့ကျန်းမာရေးနဲ့ဖွဲ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက်လုပ်ဆောင်ကြဖို့၊ သူတို့လေးတွေရဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ သူတို့ရဲ့အခွင့်အရေးတွေ အနာဂတ်တည်ဆောက်မှုတွေအတွက်  ရင်းနှီးမြှုပ်နှံပေးကြဖို့ လိုပြီလို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

Khaing Sandar

SHARE