ကွာရှင်းပြီးနောက် အကြားမြင်ဆေးဆရာနဲ့ချစ်သူဖြစ်နေတဲ့ နော်ဝေတော်ဝင်မင်းသမီး

Facebook

နော်ဝေးနိုင်ငံမှ တော်ဝင်မင်းသမီးတစ်ပါးဖြစ်တဲ့ မင်းသမီး Martha Louise ဟာ ကွာရှင်းပြီးနောက် သူမရဲ့ချစ်သူအသစ်ကို လူသိရှင်ကြားအနေနဲ့ သူမကိုယ်တိုင်သုံးတဲ့ Instagram account မှာ ဓာတ်ပုံတွေနဲ့တကွချပြပေးခဲ့ပါတယ်။

Instagram

အသက် ၄၇ နှစ်အရွယ် မင်းသမီး Martha ဟာ သူမရဲ့ခင်ပွန်းကြင်ယာတော်ဖြစ်တဲ့  Ari Behn နဲ့ ရင်သွေးသုံးယောက်ထွန်းကားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်က သဘောထားခြင်းမတိုက်ဆိုင်လို့ ကွာရှင်းပစ်ခဲ့ပါတယ်။ မင်းသမီး Martha ဟာ နော်ဝေးဘုရင် Harald နဲ့ ဘုရင်မ Sonja တို့ရဲ့ အကြီးဆုံးသမီးတော်တစ်ပါးဖြစ်ပါတယ်။

PA
Reuters

တော်ဝင်မင်းသမီး Martha အကြောင်း ရင်းနှီးရင်တော့ သူမဟာ အာဖရိကနဲ့ အိန္ဒိယဘက်တွေက ဆေးပညာ၊ ဗေဒင်နဲ့အကြားအမြင်ပညာရပ်တို့ကို စိတ်ဝင်တစားရှိခဲ့ပြီး ဓလေ့ထုံးတမ်းတွေကိုလည်း ထဲထဲဝင်ဝင်လေ့လာတတ်သူတစ်ယောက်ပါ။ Martha တစ်ယောက် Ari Behn နဲ့ ကွာရှင်းပြီး ၂၀၁၈ ခုနှစ်မှာတော့ သူမမိတ်ဆွေတွေနဲ့ အိန္ဒိယကို ခရီးထွက်ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း သူမဟာ ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်မယ့် သင်တန်းကျောင်းဖွင့်ဖို့ကိုလည်း စိတ်ကူးရှိနေတယ်ဆိုပြီး တရားဝင်ပြောခဲ့ပါသေးတယ်။

READ
ခြံစည်ရိုးကို ရှူးပန်းခံရလွန်းလို့ အများသုံးအိမ်သာဆီ လမ်းညွှန်မြှားဆွဲခဲ့ရတဲ့အမျိုးသမီး
Dailymail

မင်းသမီးရဲ့ Instagram မှာတော့ “Durek ဟာ ကျွန်မရဲ့ဘဝကြီးကို ပြောင်းလဲပစ်နိုင်သူပဲ” လို့ ပြောခဲ့ပါတယ်။ ချစ်သူ Durek ဟာ အာဖရိကန်လူမျိုးဖြစ်ပြီး သူတို့ဓလေ့အရ shaman အဖြစ် လုပ်ကိုင်လျက်ရှိရာ အဲဒီနယ်ပယ်မှာလည်း တော်တော်လေး သြဇာညောင်းပြီး အောင်မြင်နေသူတစ်ယောက်ပါ။ သိရတာကတော့ အဆိပ်မိတာ၊ အဆိပ်တက်တာတွေကို ဆေးပညာအရမဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ ကုသပေးလေ့ရှိသလို တမလွန်မှဝိဥာဉ်တွေနဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ကိုလည်း ဆက်သွယ်ပေးတဲ့ ကြားခံနယ်အဖြစ် ပြုလုပ်ပေးပါသေးတယ်။

Facebook
Facebook

တိုင်းပြည်တစ်ပြည်ရဲ့ တော်ဝင်မင်းသမီးတစ်ယောက်ဟာ အခုလိုမျိုး အာဖရီကန်အနွယ်ဖွား အကြားအမြင်ဆေးဆရာနဲ့ လူသိရှင်ကြား စိတ်ကူးယဉ်ဆန်ဆန်စကားလုံးတွေသုံးနှုန်းကာ ချစ်ကြည်နူးနေတာကြောင့် လူတော်တော်များများကတော့ ပြင်းပြင်းထန်ထန်ကို ဝေဖန်လျက်ရှိနေပါတယ်။ သို့သော်လည်း မင်းသမီး Martha ကတော့ သူမကြိုက်တာကို စိတ်သဘောအတိုင်း လုပ်တာဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုလည်းမရှိတဲ့အတွက် ဝေဖန်မှုတွေကို လျစ်လျူရှုထားကြောင်းသာ ပြောခဲ့ပါတယ်။

Facebook
Facebook

Source: News in English

Penny

 

SHARE