ကမ္ဘာသစ်ကိုရောက်သွားသလို ခံစားမှုမျိုးပေးနိုင်မယ့် နော်ဝေးကရေအောက်စားသောက်ဆိုင်

Under ဆိုတဲ့ စားသောက်ဆိုင်ဟာ Europe ရဲ့ တကယ့်ပင်လယ်ရေအောက်မှာဆောက်ထားတဲ့ ပထမဆုံးနဲ့ အကြီးဆုံးစားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာတော့မှာပါ။ တည်ဆောက်ပြင်ဆင်မှုတွေပြီးစီးလို့ soft opening တောင် လုပ်ပြီးနေပြီပဲဖြစ်ပါတယ်။

ဧည့်သည်ပေါင်းအယောက် ၁၀၀ စာနေရာရှိနေပြီး နော်ဝေးရဲ့ tourist attraction နေရာတစ်ခုအဖြစ် တည်ရှိသွားမယ်လို့ မျှော်မှန်းထားကြပါတယ်။

Ivar Kvaal
Ivar Kvaal

မြေပြင်ကကြည့်မယ်ဆိုရင်တော့ အဆောက်အဦတစ်ခု ကုန်ပေါ်မှာတစ်ဝက်၊ ရေထဲမှာတစ်ဝက်ကျနေတဲ့ ပုံသဏ္ဍာန်မျိုးရအောင်တည်ဆောက်ထားပါတယ်။ အဆောက်အဦတစ်လုံးလုံးကို ကွန်ကရစ်တွေနဲ့ သေချာခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။

Ivar Kvaal
Ivar Kvaal

အတွင်းပိုင်း ပြင်ဆင်မှုတွေအနေနဲ့ကတော့ ပင်လယ်ရေအောက်ကို ထိုးဖောက်မြင်စေနိုင်ဖို့အတွက် စားသောက်ခန်းနေရာမှာ မှန်တွေကို တပ်ဆင်ထားပါသေးတယ်။ လှေကား၊ မျက်နှာကျက်အချို့နဲ့ ထိုင်ခုံ၊ စားပွဲအစရှိတဲ့ပရိဘောဂတွေကိုတော့ သဘာဝဆန်အောင် သစ်သားတွေကိုသာ အသုံးပြုထားပါတယ်။

Ivar Kvaal
Ivar Kvaal
Ivar Kvaal

အလျားအနေနဲ့ ၁၁၁ ပေတောင်ရှည်လျားပါတယ်။ ဒီအဆောက်အဦရဲ့ပိုင်ရှင်ဖြစ်တဲ့ Kjetil Trædal Thorsen ကိုယ်တိုင် ဗိသုကာပညာရှင်အဖြစ် ဒီဇိုင်းရေးဆွဲကာ တည်ဆောက်ခဲ့တာပါ။ Under စားသောက်ဆိုင်ကြောင့် နော်ဝေးတောင်ပိုင်းအတွက် ဂုဏ်ယူစရာ landmark တစ်ခုအနေနဲ့ အထင်ကရဖြစ်နေနေရန်လည်း ရည်ရွယ်ထားပါတယ်။

READ
ကမ္ဘာပေါ်က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် အကောင်းဆုံးမြို့ (၃၂)မြို့
Ivar Kvaal
Ivar Kvaal

အစားအသောက်တွေကိုလည်း ကမ္ဘာ့အဆင့်မီ European food တွေကို အရေည်အသွေးပြည့်မီပြီး ဒေသထွက်စားသောက်ကုန်တွေ၊ အသားငါးတွေကို အဓိကသုံးသွားမှာပါလို့ဆိုပတယ်။ အရည်အချင်းပြည့်ဝပြီး အထူးကျွမ်းကျင်တဲ့ professional chef တွေနဲ့ မီးဖိုချောင်အကူပေါင်း ၁၆ ယောက်တို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။

Ivar Kvaal
Ivar Kvaal
Ivar Kvaal

နော်ဝေးရဲ့ပင်လယ်ကမ်းစပ်တွေဟာ ရုတ်တရက်ရာသီဥတုခပ်ကြမ်းကြမ်းတွေ ကျရောက်တတ်ပေမယ့် စားသောက်ဆိုင်အဆောက်အဦကို ခိုင်ခံ့တဲ့ကွန်ကရစ်တွ၊ ရေနဲ့လေဖိအားတွေခံနိုင်ပြီး ယိုစိမ့်မှုတွေနဲ့ ရွေု့လျားခြင်းတွေမဖြစ်အောင်လို့ အထူးစီမံဆောက်လုပ်ထားတာမို့ လုံးဝစိတ်ပူစရာမလိုအပ်ပါဘူး။

Ivar Kvaal

Under ဟာ စားသောက်ဆိုင်သက်သက်မဟုတ်ဘဲ အဏ္ဏဝါလေ့လာရေးအဆောက်အအုံအဖြစ်လည်း အသုံးပြုနိုင်ဖို့ ပူးတွဲတည်ဆောက်ပေးထးတာပါ။ ရေထဲရောက်နေတဲ့ အဆောက်အဦအပြင်ဘက်တွေမှာ တိုင်းတာစက်ကိရိယာတွေ၊ ကင်မရာတွေတပ်ဆင်ပေးထားတဲ့အတွက် ရေအနေအခြေတွေ၊ ရေအောက်မြေမျက်နှာသွင်ပြင်တွေနဲ့ ရေနေတိရိစ္ဆာန်တို့ရဲ့ အချက်အလက်တွေကို လေ့လာဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ.

Ivar Kvaal

Source: Boredpanda

Penny

 

SHARE