အိမ်မှာမွေးထားတဲ့ မြင်းရဲ့အသားကို စားပြခဲ့တဲ့ ကောင်မလေး ခြိမ်းခြောက်ခံနေရ

Twitter / Yahoo News

နော်ဝေနိုင်ငံက ကောင်မလေးတစ်ယောက်ဟာ သူမအိမ်မှာ မွေးထားတဲ့ မြင်းရဲ့အသားကို စားခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ခံနေရပြီး အသက်အန္တရာယ်လည်း ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။ ကောင်မလေးရဲ့အမည်ကတော့ Pia Olden ဖြစ်ပြီး အသက်(၁၉)နှစ် ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်မှာ နာမကျန်းဖြစ်နေတဲ့ အိမ်မွေးမြင်း Drifting Speed ကို မဖြစ်မနေ သတ်လိုက်ရပါသတဲ့။

အဲဒီ မြင်းသားကို မကုန်မချင်း စားနိုင်ဖို့ ရေခဲသေတ္တာထဲမှာ သိမ်းသင့်တန်သိမ်း၊ ကြပ်တိုက်ပြီး တာရှည်အထားခံအောင် လုပ်သင့်တန်လုပ်ထားခဲ့ရတယ်လို့ Pia က ပြောပါတယ်။ သူမဟာ မြင်းသားတွေကို အမျိုးမျိုး ချက်ပြုတ်ပြုပြင် စားသောက်နေတာပါ။ သူမရဲ့ လူမှုကွန်ရက်မှာ သေဆုံးသွားတဲ့ မြင်းကြီး Drifting Speed နဲ့ သူ့ရဲ့ ပြင်ဆင်ပြီး အသားပုံတွေကိုပါ တွဲတင်ခဲ့ပါတယ်။

 

သူမဟာ အသားတွေ မြောက်များစွာ စားဖုးပေမယ့်၊ ဒီမြင်းသားက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ဆိုပါတယ်။ နောက်ပြီး မြင်းသားကို ဘယ်လို ချက်ပြုတ်တယ်စသည်ကိုလည်း အသေးစိတ်ရှင်းပြထားပါသေးတယ်။ သူမရဲ့လုပ်ရပ်ကို အမျိုးမျိုး ဝေဖန်နေကြပြီး၊ အသက်အန္တရာယ် ခြိမ်းခြောက်သူတွေတောင် ပါလာတယ်လို့ သူမက အတည်ပြုခဲ့ပါတယ်။

Pia က “ လူတွေက ခြိမ်ခြောက်တယ် … ကျွန်မကိုယ်ပိုင်မြင်းရဲ့အသားကို စားတဲ့အတွက် သေဖို့ အပြန်တစ်ရာလောက် ထိုက်တန်တယ်ပေါ့ … တစ်ချို့ကလည်း ကျွန်မကို တိရစ္ဆာန်မွေးခွင့် မပေးသင့်ဘူးလို့ ဆိုကြတယ် … တကယ်တော့ အသားတွေကို မြေမြှုပ်ပြီး တီကောင်တွေ စားသွားတာက ဘယ်လိုလုပ် ဖြစ်သင့်မှာလဲ … ”လို့ ပြောပါတယ်။

READ
နေဝင်ချိန်ရောက်လုနီး ခွေးမလေးကို ကြင်နာစွာစောင့်ရှောက်နေတဲ့ သခင်မ

သူမဟာ မွေးမြူရေးမိသားစုက ကြီးပြင်းလာသူမို့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်နေလို့ သာမန်လူတွေထက် တိရစ္ဆာန်တွေအကြောင်း ပိုသိကြောင်း၊ မဖြစ်မနေ အခြေအနေမို့ သတ်လိုက်ရတာ မြင်းကို စားသင့်တယ်၊ စားတဲ့အတွက်လည်း ဘာအပြစ်မှ မခံစားရကြောင်း သူမက ပြောခဲ့တာပါ။

လင်းသူရိန်

SHARE