အကြားအမြင်ဆရာကြီး နော့စထရာဒါးမတ်စ်ရဲ့ ကမ္ဘာ့အထင်ရှားဆုံး ဟောကိန်းကြီးများ

နော့စထရာဒါးမတ်စ်ကို (၁၅၀၃)ခုနှစ်မှာ ဒီဇင်ဘာ(၁၄) သို့မဟုတ် (၂၁)ရက်နေ့တုန်းက မွေးဖွားခဲ့ပါတယ်။ ပြင်သစ်လူမျိုး ဆရာဝန်တစ်ဦးဖြစ်တဲ့အပြင် အနာဂတ်မှာဖြစ်လာမယ့် ဟောကိန်းပေါင်းများစွာကို ရှေ့ဖြစ်ဟောခဲ့တဲ့ အကြားအမြင်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ (၁၉၅၅) ခုနှစ်မှာ ပထမဆုံးပေါ်လာတဲ့ “Les Propheties” စာအုပ်နဲ့လူသိများခဲ့ပေမယ့် သူသေပြီးနောက်မှာ စာအုပ်ကို ပုံနှိပ်ထုတ်ဝေတာမျိုးတော့ မရှိခဲ့ပါဘူး။ သူဟာ သူသေပြီးနောက်ပိုင်းမှ ဖြစ်လာမယ့် အနာဂတ် ကမ္ဘာ့အဓိက အရေးအခင်းပေါင်းများစွာကို ထူးထူးခြားခြား မှန်ကန်အောင် ခန့်မှန်းနိုင်သူဖြစ်ပါတယ်။ သူ့ဟောကိန်းတွေထဲက လူသိများထင်ရှားတဲ့ ဟောကိန်းအချို့ကို မူရင်းဟောစာတမ်း ကဗျာတိုလေးတွေနဲ့အတူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပြင်သစ်ဘုရင် ဟင်နီရီ(၂)သေဆုံးမှု

indiatoday.in

The young lion will overcome the older one,
On the field of combat in a single battle;
He will pierce his eyes through a golden cage,
Two wounds made one, then he dies a cruel death.

ဟင်နရီဘုရင်ဟာ အဓိကရုဏ်းတစ်ခုထဲမှာ ဆိုးဝါးစွာ ဒဏ်ရာရခဲ့ပါတယ်။ လှံထိပ်ဖူးအပိုင်းအစက သူ့မျက်လုံးထဲဖောက်ဝင်သွားတာကြောင့် ဝေဒနာပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး (၁၀)ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

လန်ဒန်မြို့မီးလောင်မှုကြီး

indiatoday.in

The blood of the just will be demanded of London
Burnt by fire in the year ’66
The ancient Lady will fall from her high place
And many of the same sect will be killed.

(၁၆၆၆)ခုနှစ်မှာ စိန့်ပေါလ်ဘုရားရှိခိုးကျောင်းအပါအ၀င် လန်ဒန်မြို့ကြီးတစ်မြို့လုံးဟာ  ကြောက်မက်ဖွယ်ရာ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုကြီးဟာ သုံးရက်တာကြာမြင့်ခဲ့ပြီး လန်ဒန်မြို့ကြီးဟာ ပြာပုံထဲရောက်ခဲ့ရပါတယ်။ မီးလောင်မှုကြီးအပြီးမှာတော့ မြို့ထဲမှာဖြစ်ပွားနေတဲ့ ပလိပ်ရောဂါဆိုးကြီးပါ တစ်ပါတည်း ပျောက်သွားခဲ့ပါတယ်။

READ
ရှေးခေတ်အီဂျစ်တို့ရဲ့ ရယ်မောဖွယ်ရာ အယူအဆများ

ပြင်သစ်တော်လှန်ရေး

indiatoday.in

From the enslaved populace, songs,
Chants and demands
While princes and lords are held captive in prisons.
These will in the future by headless idiots
Be received as divine prayers.

(၁၇၈၉)ခုနှစ်မှာ ပြင်သစ်ရဲ့အစာငတ်မွတ်ခေါင်းပါးနေခဲ့ကြတဲ့ ဆင်းရဲသားတွေဟာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်သစ်ထူထောင်ဖို့  စိတ်ကူးခဲ့ကြပါတယ်။ ဘုရင်စနစ်ကို တော်လှန်ခဲ့ကြတဲ့ လယ်သမားတွေဟာ ပါရီမြို့ကို ထိန်းချုပ်အပြီးမှာ တော်ဝင်မျိုးနွယ်တွေကို ပြန်ပေးဆွဲပြီး သူတို့အလိုရှိရာကို တောင်းဆိုခဲ့ကြပါတယ်။ အရေးအခင်းမှာ မကျေနပ်ရင် ခေါင်းဖြတ်သတ်တာတွေအထိတောင် ရှိခဲ့ပါတယ်။

နပိုလီယန်ရဲ့ အောင်ပွဲ

indiatoday.in

PAU, NAY, LORON will be more of fire than of the blood,
To swim in praise, the great one to flee to the confluence.
He will refuse entry to the Piuses,
The depraved ones and the Durance will keep them imprisoned.

ပြင်သစ်တော်လှန်ရေးအတွင်းမှာ အင်အားကြီးမားလာသူဟာ နပိုလီယန်ဘိုနာပတ်ဖြစ်ပါတယ်။ နပိုလီယန်ဟာ အမျှော်အမြင်ကြီးတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး (၁၈၀၄) ခုနှစ်ကနေ (၁၈၁၅)ခုနှစ်အထိ ပြင်သစ်ကို အုပ်ချုပ်ခဲ့ပါတယ်။

ဟစ်တလာပေါ်ပေါက်လာမှု

indiatoday.in

From the depths of the West of Europe,
A young child will be born of poor people,
He who by his tongue will seduce a great troop;
His fame will increase towards the realm of the East.

READ
အရပ်(၆၂.၈)စင်တီမီတာသာရှိတဲ့ ကမ္ဘာ့အပုဆုံး အမျိုးသမီး

ဟစ်တလာကို ဥရောပအနောက်ပိုင်းမှာ (၁၈၈၉)ခုနှစ်တုန်းက မွေးဖွားခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီးနှစ်တွေမှာ ဟစ်တလာဟာ နာဇီပါတီကို ထူထောင်ခဲ့ပါတယ်။ Axis powers လို့အများသိကြတဲ့ ဂျာမနီ၊ အီတလီနဲ့ ဂျပန် သုံးနိုင်ငံပူးပေါင်းပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

 ဒုတိယကမ္ဘာစစ်

indiatoday.in

Beasts ferocious with hunger will cross the rivers,
The greater part of the battlefield will be against Hister.
Into a cage of iron will the great one be drawn,
When the child of Germany observes nothing.

(၁၉၃၉)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ လူသားမျိုးနွယ်ထဲမှာ အဆိုးရွားဆုံး ဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးကြီးတစ်ခုဖြစ်ပါတယ်။ နျူကလီးယားလက်နက်ဒဏ်ကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ရတဲ့ လူ့သမိုင်းထဲက စစ်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

၉/၁၁ တိုက်ခိုက်မှု

indiatoday.in

Earthshaking fire from the center of the Earth
Will cause tremors around the New City.
Two great rocks will war for a long time,
Then Arethusa will redden a new river.

(၂၀၁၁)ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့မှာတော့ အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အဦး(၂)လုံးကို လေယာဉ်တွေနဲ့ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ပါ တယ်။ လူပေါင်းများစွာ သေကြေပျက်စီးပြီး အမေရိကန်နိုင်ငံအတွက် ဘယ်တော့မှ မေ့မရနိုင်မယ့် ၀မ်းနည်းစရာ နေ့လည်း ဖြစ်ခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: indiatoday

SHARE