Mask မတပ်ရင် ဒဏ်ငွေ $645 ပေးဆောင်ခိုင်းမယ့် ဟောင်ကောင်

Image:shutterstock /By Yung Chi Wai Derek

ဟောင်ကောင်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေး နဲ့ ပတ်သက်ပြီး စည်ကမ်းချက်တွေ ထုတ်ပြန်ပြီး တင်းတင်း ကျပ် ကျပ် လုပ်ဆောင်တော့မှာပါ။Public Area တွေ မှာ Mask မတပ် ရင် ဒဏ်ငွေ နဲ့ လူနှစ်ဦး ထက် ပိုပြီး စု ဝေးတာ မျိုး လုပ်ရင် အပြစ် ပေး အ ရေးယူ  သွားမှာပါ။ဇူလိုင် (၂၇) ရက်နေ့မှာ တော့ ဟောင် ကောင်ရဲ့ အာ ဏာပိုင် Matthew Cheung  က  ကြေညာခဲ့တာပါ။ဒီ  အ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image :pixabay/coyot

ဇူလိုင် (၂၉)ရက်နေ့က စပြီး အများပြည်သူနေရာ တွေ မှာ ဆိုရင် Indoor ပဲ ဖြစ်ဖြစ် Outdoor ပဲ ဖြစ်ဖြစ် Face Mask တပ် ဆင် ကြဖို့  ကြေညာခဲ့တာပါ။မလိုက်နာ ရင် တော့  ဟောင်ကောင် ဒေါ်လာ (၅၀၀၀) ၊အ မေရိကန် ဒေါ်လာနဲ့ဆိုရင် ($645) ပေး ဆောင်ရမယ်လို့ေ ကြညာ ခဲ့ပါတယ်။ဒီအမိန့် ထုတ်ပြန်ချက် ကို ဘယ်လို မျိုး သက်ေ ရာက်မှု ရှိ အောင် လုပ်ဆောင်မလဲ ဆိုတာကို တော့ မ ပြောခဲ့ပါဘူး။ဒါပေမယ့် ကျိုး ကြောင်းဆီ လျော် မှုရှိတဲ့ အ ကြောင်းပြချက် ဖြစ်မယ်ဆိုရင် ဥပမာ- ကျန်း မာရေး အရ ဒါမှမဟုတ် အသက် နှစ်နှစ် နဲ့ အောက် ကလေးတွေ ဆိုရင် တော့ စည်းကမ်း ချက်နဲ့ ကင်းလွတ် ခွင့် ရမယ်လို့  လည်း ပြောခဲ့ပါတယ်။တရုတ်ဗဟို အစိုး ရ က ဟူဟန်စတိုင် ယာယီသုံး ဆေးရုံ တည် ဆောက်တဲ့ နေရာမှာ ကူညီ သွားမယ်လို့ လည်း ပြောခဲ့ပါတယ်။ဆေးရုံကို တော့ ဟောင် ကောင် လေဆိပ်နားမှာ တည်ဆောက်မှာဖြစ်ပြီး ကုတင် (၂၀၀၀)ဆံ့ ဆေးရုံ ကြီးပါ။

READ
သခင်ဖြစ်သူရဲ့ စိမ်းကားရက်စက်မှုကို ခရစ္စမတ်အခါကြီးမှာ ကြုံတွေ့လိုက်ရတဲ့ ခွေးလေး
Image:shutterstock /By Yung Chi Wai Derek

community outbreak  အန္တရာယ်များတဲ့ အ ခြေ အ နေနဲ့ ရင်ဆိုင် နေရတယ်လို့ Cheung က ပြောခဲ့ ပါတယ်။ တတိယလှိုင်း မဖြစ်ရ လေ အောင် ကန့် သတ် တားမြစ်မှုတွေ ကို လုပ် နေရတာပါ။ဟောင် ကောင်က ကိုရိုနာ ဗိုင်းရပ် ထိန်းချုပ် ရေး မှာ အောင်မြင် တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ဒါပေမယ့်လည်း (၆)ရက်ဆက်တိုက်ကာလ အ တွင်းမှာ ရောဂါကူးစက်ခံရတဲ့ လူနာသစ် တစ်ရာ ကျော် ထပ် တွေ့ ခဲ့ပါတယ်။လက်ရှိမှာတော့ ကိုရိုနာ ကူးစက်ခံရ သူ စုစု ပေါင်း (၂၇၀၀)အထိ ရှိလာခဲ့ပါပြီ။ပြီးခဲ့တဲ့ နှစ် ရက် မှာတော့ အသက် (၇၆)နှစ် အရွယ် အမျိုးသမီးနဲ့ အသက်  (၉၂)နှ စ်အရွယ် အရွယ် အမျိုးသားတို့ ကိုရိုန နဲ့ သေဆုံး ခဲ့ကာ သေဆုံးသူ အ ရေ အတွက် က တော့ (၂၀) အထိ ရှိလာခဲ့ ပါပြီ။ဇူလိုင် (၂၇)ရက်နေ့က လူနာ အ ရေ အတွက်ကို မ ကြေညာခင် မှာ ပြီးခဲ့တဲ့ (၁၄) ရက် ကျော် အတွင်း လူ (၁၁၆၃)အထိ စံချိန်တင် ကူးစက်မှု ဖြစ်ခဲ့ပါတယ်။အဲ့ဒီအထဲမှ (၄၉၂)ယောက် က ကူးစက်မှု နောက် ကြောင်း ရာဇ၀င် လိုက် လို့ မရ ဖြစ် နေပါတယ်။

READ
(၉) ရက်ကြာ ဂူထဲမှာ ရှင်သန်နိုင်ခဲ့တဲ့ ကလေးတွေကို ချင်းရိုင်အုပ်ချုပ်ရေးမှူး ချီးကျူး

#SHWEMOM

SHARE